ေတာင္ႀကီး - ဟိုပံုးလမ္းေဘးမွ က်ဴးေက်ာ္အိမ္ႏွင့္ဆိုင္ခန္းမ်ား ဖယ္ရွားရန္ ဒုတိယအႀကိမ္ အသိေပးေၾကညာခ်က္ထုတ္

ေတာင္ႀကီး - ဟိုပံုးလမ္းေဘးမွ က်ဴးေက်ာ္အိမ္ႏွင့္ဆိုင္ခန္းမ်ား ဖယ္ရွားရန္ ဒုတိယအႀကိမ္ အသိေပးေၾကညာခ်က္ထုတ္
အောက်တိုဘာ 10, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီး-ဟိုပံုးသြားလမ္းေဘးမွ က်ဴးေက်ာ္အိမ္ႏွင့္ဆုိင္ခန္း (၄၀)ေက်ာ္အား ဖယ္ရွားရန္ အသိေပးေၾကညာထားသည့္ သတ္မွတ္ရက္ေက်ာ္လြန္သည့္တုိင္ ဖယ္ရွားျခင္းမရိွသျဖင့္ ေအာက္တိုဘာလ (၁၅)ရက္ေန႔ မတုိင္မီဖယ္ရွားရန္ ဒုတိယအႀကိမ္ အသိေပးေၾကညာခ်က္ထုတ္ထားေၾကာင္း သိရသည္။

“မေန႕က ကၽြန္ေတာ္တို႕ ၀န္ထမ္းအင္အား (၁၅) ဦးနဲ႕ မေရာင္းခ်ေတာ့တဲ့ ဆိုင္ခန္းသံုးခန္းကို သြားဖ်က္ပါတယ္။ တစ္ခ်ဳိ႕ကလည္း ဖ်က္ၿပီး သိမ္းသြားတာရွိတယ္။ (၄၀)ထဲက အခုက်န္တဲ့ လက္ရွိေရာင္းခ်ေနတဲ့ ေစ်းဆိုင္ခန္း (၁၁) ခန္းကေတာ့ ဒီလ (၁၅) ရက္ေန႔မွာ အၿပီးဖ်က္ဖို႔ု စာထုတ္ျပန္ထားပါတယ္။ သူတို႔ကို ဖ်က္ေပးဖို႔ ၾသဂုတ္လကတည္းက အမိန္႕ထုတ္ၿပီးသားပါ။ ဒါေၾကာင့္ က်န္ေနတဲ့ဆိုင္ခန္းေတြကို သြားဖ်က္တာပါ။ ေစ်းေရာင္းခ်ေနတဲ့သူကို (၁၅) ရက္ေန႔ မတိုင္ခင္အထိ ဖ်က္ေပးမယ္လို႔ ေျပာလာပါတယ္။ (၁၅) ရက္ေန႔ထိမွ ဆိုင္ခန္းေရာင္းခ်ေနအံုးမယ္ဆိုရင္ ကၽြန္ေတာ္တို႔  စည္ပင္ကေနကိုယ္တိုင္ ဖယ္ရွားရွင္းလင္းမွာပါ”ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဦးစီးဌာန ဒုတိယဦးစီးအရာရွိ ဦးေ၀လိႈင္းက ေျပာသည္။

အဆိုပါ က်ဳးေက်ာ္အိမ္ႏွင့္ဆိုင္မ်ားအား ေတာင္ႀကီးၿမိဳ႕စည္ပင္သာယာေရးဌာနႏွင့္ သက္ဆိုင္ရာဌာနမ်ား ပါဝင္သည့္အဖြဲ႔က ဇြန္လ (၂၃)ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးၿပီးေနာက္ ၾသဂုတ္လ (၂၁)ရက္ေန႔တြင္ ေနာက္ဆံုးထား ဖယ္ရွားရန္ အသိေပးေၾကညာထားျခင္းျဖစ္ေၾကာင္း သိရသည္။

 “ အဲဒီမွာ ေစ်းေရာင္းခ်ေနတဲ့သူေတြကလည္း ေတာင္ႀကီးကလူေတြတစ္ေယာက္မွမရွိဘူး။ တျခားေဒသခံေတြ က ပိုမ်ားေနပါတယ္။ တစ္ခ်ဳိ႕က လမ္းခင္းတာလာလုပ္ျပီး အဲဒီမွာ အေျခခ်တာမ်ဳိးေတြ ရွိပါတယ္။ လမ္းခင္းတဲ့ သူေတြလည္း ပါတယ္။ စည္းကမ္းအတိုင္းလိုက္နာမႈ မရွိရင္ေတာ့ ဥပေဒအတိုင္း ေဆာင္ရြက္သြားမွာပါ”ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဦးစီးဌာန ဒုတိယဦးစီးအရာရွိ ဦးေ၀လိႈင္းက ေျပာသည္။

အဆိုပါေျမေနရာမွာ အစိုးရရံုးအေဆာက္အဦးမ်ားအတြက္ လ်ာထားသည့္ေျမေနရာမ်ားျဖစ္ေၾကာင္း သိရသည္။

သတင္း #ႏိုႏို
ဓါတ္ပံု #စည္ပင္သာယာေရးေကာ္မတီ

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီး - ဟိုပုံးလမ်းဘေးမှ ကျူးကျော်အိမ်နှင့်ဆိုင်ခန်းများ ဖယ်ရှားရန် ဒုတိယအကြိမ် အသိပေးကြေညာချက်ထုတ်
**********
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး-ဟိုပုံးသွားလမ်းဘေးမှ ကျူးကျော်အိမ်နှင့်ဆိုင်ခန်း (၄၀)ကျော်အား ဖယ်ရှားရန် အသိပေးကြေညာထားသည့် သတ်မှတ်ရက်ကျော်လွန်သည့်တိုင် ဖယ်ရှားခြင်းမရှိသဖြင့် အောက်တိုဘာလ (၁၅)ရက်နေ့ မတိုင်မီဖယ်ရှားရန် ဒုတိယအကြိမ် အသိပေးကြေညာချက်ထုတ်ထားကြောင်း သိရသည်။

“မနေ့က ကျွန်တော်တို့ ၀န်ထမ်းအင်အား (၁၅) ဦးနဲ့ မရောင်းချတော့တဲ့ ဆိုင်ခန်းသုံးခန်းကို သွားဖျက်ပါတယ်။ တစ်ချို့ကလည်း ဖျက်ပြီး သိမ်းသွားတာရှိတယ်။ (၄၀)ထဲက အခုကျန်တဲ့ လက်ရှိရောင်းချနေတဲ့ စျေးဆိုင်ခန်း (၁၁) ခန်းကတော့ ဒီလ (၁၅) ရက်နေ့မှာ အပြီးဖျက်ဖို့ု စာထုတ်ပြန်ထားပါတယ်။ သူတို့ကို ဖျက်ပေးဖို့ သြဂုတ်လကတည်းက အမိန့်ထုတ်ပြီးသားပါ။ ဒါကြောင့် ကျန်နေတဲ့ဆိုင်ခန်းတွေကို သွားဖျက်တာပါ။ စျေးရောင်းချနေတဲ့သူကို (၁၅) ရက်နေ့ မတိုင်ခင်အထိ ဖျက်ပေးမယ်လို့ ပြောလာပါတယ်။ (၁၅) ရက်နေ့ထိမှ ဆိုင်ခန်းရောင်းချနေအုံးမယ်ဆိုရင် ကျွန်တော်တို့  စည်ပင်ကနေကိုယ်တိုင် ဖယ်ရှားရှင်းလင်းမှာပါ”ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန ဒုတိယဦးစီးအရာရှိ ဦးဝေလှိုင်းက ပြောသည်။

အဆိုပါ ကျုးကျော်အိမ်နှင့်ဆိုင်များအား တောင်ကြီးမြို့စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာဌာနများ ပါဝင်သည့်အဖွဲ့က ဇွန်လ (၂၃)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီးနောက် သြဂုတ်လ (၂၁)ရက်နေ့တွင် နောက်ဆုံးထား ဖယ်ရှားရန် အသိပေးကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။

 “ အဲဒီမှာ စျေးရောင်းချနေတဲ့သူတွေကလည်း တောင်ကြီးကလူတွေတစ်ယောက်မှမရှိဘူး။ တခြားဒေသခံတွေ က ပိုများနေပါတယ်။ တစ်ချို့က လမ်းခင်းတာလာလုပ်ပြီး အဲဒီမှာ အခြေချတာမျိုးတွေ ရှိပါတယ်။ လမ်းခင်းတဲ့ သူတွေလည်း ပါတယ်။ စည်းကမ်းအတိုင်းလိုက်နာမှု မရှိရင်တော့ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ”ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန ဒုတိယဦးစီးအရာရှိ ဦးဝေလှိုင်းက ပြောသည်။

အဆိုပါမြေနေရာမှာ အစိုးရရုံးအဆောက်အဦးများအတွက် လျာထားသည့်မြေနေရာများဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို
ဓါတ်ပုံ #စည်ပင်သာယာရေးကော်မတီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~