တာချီလိတ်ပညာရေးဖောင်ဒေးရှင်း၏ တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးများကို အောက်တိုဘာလအတွင်း လျှောက်ထားနိုင်
တာချီလိတ်ပညာရေးဖောင်ဒေးရှင်း၏ တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးများကို အောက်တိုဘာလအတွင်း လျှောက်ထားနိုင်
အောကျတိုဘာ 1, 2017
By Tachileik News Agency
တာချီလိတ်ပညာရေးဖောင်ဒေးရှင်း အနေဖြင့် ၂၀၁၅ ခုနှစ် ဧပြီလမှစ၍ ပညာသင်ထောက်ပံ့ခဲ့ရာ လက်ရှိ အချိန်ထိ ပညာသင် (၁၀)ဦးကို ထောက်ပံ့နေကြောင်း သိရပြီး ဆေးတက္ကသိုလ်တက်ရောက်သူအတွက် တစ်လလျှင် ကျပ် (၃)သိန်းနှင့် အခြားတက္ကသိုလ်/ကောလိပ်များတွင် တက်ရောက်သူများအတွက် တစ်လလျှင် ကျပ် (၆၀၀၀၀)စီ ထောက်ပံ့ပေးနေကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း အစိုးရကျောင်းများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီး ဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ပညာရေးတက္ကသိုလ် နှင့် သူနာပြုတက္ကသိုလ်တို့တွင် တက်ရောက် ပညာ သင်ကြားရန် ပညာသင်စရိတ် မတတ်နိုင်သူများအနေဖြင့် ပညာသင်ထောက်ပံ့ခြင်းကို အောက်တိုဘာလ (၃၁)ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင် ထားသော်လည်း ကျောင်းတက်ရန် ပညာသင်စရိတ် မတတ်နိုင်သည့် ကျောင်းသား ကျောင်းသူများအတွက် တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့ကြေးရယူနိုင်ရန် အောက်တိုဘာလကုန်အထိ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“တင်တဲ့ လျှောက်လွှာအပေါ်မှာ စိစစ်ရေးအဖွဲ့က ရွေးချယ်သွားမှာဖြစ်ပါတယ်။ လူဦးရေကန့်သတ် မထားပါဘူး။ သတ်မှတ်ချက်တွေနဲ့ ညီညွတ်သူတွေကို ရွေးချယ်သွားမှာပါ။ ဖောင်ဒေးရှင်းအနေနဲ့ ဘဏ်မှာ ကျပ်သိန်း (၂၇၀)ကျော် အပ်ထားပါတယ်။ လစဉ်အလှူရှင်တွေလည်း ရှိပါတယ်။ ဒီအလှူငွေတွေနဲ့ပဲ ထောက်ပံ့ နေတာဖြစ်ပါတယ်။ လှူဒါန်းလိုသူတွေရှိရင်လည်း ဆက်သွယ်လှူဒါန်းပေးနိုင်ပါတယ်”ဟု တာချီလိတ်ပညာရေးဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေါ်စိုးဥမ္မာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ပညာရေးဖောင်ဒေးရှင်း အနဖြေင့် ၂၀၁၅ ခုနှစ် ဧပြီလမှစ၍ ပညာသင်ထောက်ပံ့ခဲ့ရာ လက်ရှိ အချိန်ထိ ပညာသင် (၁၀)ဦးကို ထောက်ပံ့နေကြောင်း သိရပြီး ဆေးတက္ကသိုလ်တက်ရောက်သူအတွက် တစ်လလျှင် ကျပ် (၃)သိန်းနှင့် အခြားတက္ကသိုလ်/ကောလိပ်များတွင် တက်ရောက်သူများအတွက် တစ်လလျှင် ကျပ် (၆၀၀၀၀)စီ ထောက်ပံ့ပေးနေကြောငး် သိရသည်။
တာချီလိတ်မြို့နယ်အတွင်း အစိုးရကျောင်းများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီး ဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ပညာရေးတက္ကသိုလ် နှင့် သူနာပြုတက္ကသိုလ်တို့တွင် တက်ရောက် ပညာ သင်ကြားရန် ပညာသင်စရိတ် မတတ်နိုင်သူများအနဖြေင့် ပညာသင်ထောက်ပံ့ခြင်းကို အောက်တိုဘာလ (၃၁)ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်လွှာရယူလိုသူများ အနဖြေင့် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ ဦးအောင်မျိုးဝင်း - ကွမ်းပစ္စည်းမျိုးစုံ အရောင်းဆိုင် မြန်မာဖုန်း။ 095242865၊ ထိုင်းဖုန်း။ 0827581300၊ မကာဟိုခမ်းရပ်ကွက်ရှိ ငွေစင်သိုက် ငွေလဲ/ငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းနှင့် တာလော့ရပ်ကွက်၊ တာလော့ကျောင်းအနောက်ထောင့်ရှိ HAPPY စားသောက်ဆိုင်တို့တွင် လျှောက်လွှာများ ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~