တာလေမြို့တွင်ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းသို့ သင်တန်းသား (၄၀)ဦး တက်ရောက်

တာလေမြို့တွင်ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းသို့ သင်တန်းသား (၄၀)ဦး တက်ရောက်
အောက်တိုဘာ 26, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ ပိုင်း) တာလေမြို့ရှိ တာလေဘုန်းကြီးကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ စီစဉ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို အောက်တိုဘာလ (၂၆)ရက်နေ့က နံနက်က ဖွင့်လှစ်ရာ သင်တန်းသား (၄၀) တက်ရောက်နေကြောင်း သိရသည်။

"ဒီသင်တန်းကို ရှေးဦးပြုစုခြင်းနဲ့  ပတ်သက်ပြီး စိတ်ပါဝင်စားတဲ့ တာလေမြို့က ရပ်ကွက်တွေမှာရှိတဲ့ တိုင်းရင်းသား လူငယ် အယောက်(၄၀) တက်ရောက် သင်ကြားနေပါတယ်။ ကျွန်တော်တို့  မြို့မှာက ကြက်ခြေနီအသင်းရဲ့လှုပ်ရှားမှုက အားနည်းနေသေးတဲ့အတွက် အခုလို သင်တန်းဖွင့်ပေးတဲ့အတွက် ဒီအသင်းအပေါ် လူငယ်တွေ စိတ်ဝင်စားလာပြီးတော့ စေတနာ့ဝန်ထမ်းတွေ ပေါ်ပေါက်လာမယ်ဆိုရင် မြို့အတွက် ကောင်းပါတယ်"ဟု တာလေမြို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန် ဇင်လတ်က ပြောသည်။

အဆိုပါ သင်တန်းကို အောက်တိုဘာလ (၂၆)ရက်နေ့ မှ (၂၈)ရက်နေ့အထိ စာတွေ့လက်တွေ့  သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရပြီး သင်တန်းဖွင့်ပွဲသို့  တာလေမြို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူနှင့် တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ နှင့် အဖွဲ့ဝင်များက တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်း #ဇွဲမြတ်
ဓာတ်ပုံ - Ma Ei ၊ TZL


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလမြေို့ရှိ တာလေဘုန်းကြီးကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ စီစဉ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို အောက်တိုဘာလ (၂၆)ရက်နေ့က နံနက်က ဖွင့်လှစ်ရာ သင်တန်းသား (၄၀) တက်ရောက်နေကြောင်း သိရသည်။

"ဒီသင်တန်းကို ရှေးဦးပြုစုခြင်းနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားတဲ့ တာလမြေို့က ရပ်ကွက်တွေမှာရှိတဲ့ တိုင်းရင်းသား လူငယ် အယောက်(၄၀) တက်ရောက် သင်ကြားနေပါတယ်။ ကျွန်တော်တို့ မြို့မှာက ကြက်ခြေနီအသင်းရဲ့လှုပ်ရှားမှုက အားနည်းနေသေးတဲ့အတွက် အခုလို သင်တန်းဖွင့်ပေးတဲ့အတွက် ဒီအသင်းအပေါ် လူငယ်တွေ စိတ်ဝင်စားလာပြီးတော့ စေတနာ့ဝန်ထမ်းတွေ ပေါ်ပေါက်လာမယ်ဆိုရင် မြို့အတွက် ကောင်းပါတယ်"ဟု တာလမြေို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန် ဇင်လတ်က ပြောသည်။

အဆိုပါ သင်တန်းကို အောက်တိုဘာလ (၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရပြီး သင်တန်းဖွင့်ပွဲသို့ တာလမြေို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူနှင့် တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ နှင့် အဖွဲ့ဝင်များက တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်း #ဇွဲမြတ်
ဓာတ်ပုံ - Ma Ei၊ TZL 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~