တာခ်ီလိတ္ ေဟြယုန္းရြာသစ္မွ ေနအိမ္အားရွာေဖြရာ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းစိမ္းမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ ေဟြယုန္းရြာသစ္မွ ေနအိမ္အားရွာေဖြရာ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းစိမ္းမ်ား ဖမ္းဆီးရမိ
အောက်တိုဘာ 20, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ) အုပ္စု၊ ေဟြယုန္း(အာခါ)ရြာသစ္မွ ေနအိမ္တစ္လံုးအား ေအာက္တိုဘာလ (၂၀)ရက္ေန႔က ဝင္ေရာက္ရွာေဖြရာ စိတ္ႂကြေဆးျပား (၆၈၀၀)ျပားႏွင့္ ဘိန္းစိမ္း အေလးခ်ိန္ (၁.၈၅)ကီလိုတို႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ေဟြယုန္း(အာခါ)ရြာသစ္မွ အားေႏြ၏ ေနအိမ္အား နံနက္ (၁၀)နာရီခြဲခန္႔က ဝင္ေရာက္ရွာေဖြရာ အားေႏြအား ေနအိမ္တြင္ေတြ႔ရၿပီး  ေနအိမ္အတြင္းရွာေဖြရာ WY စာတမ္းပါ ပန္းေရာင္ စိတ္ႂကြေဆးျပား (၂၀၀)ျပားစီပါ (၁၀)ထုပ္စည္း (၃)စည္း၊ ေဆးျပား (၆၀၀၀)ျပားႏွင့္ ဘိန္းစိမ္း အမဲေရာင္အေစးအေလးခ်ိန္ (၁.၄)ကီလိုခန႔္ပါ (၁)ထုပ္ ၊ WY စာတမ္းပါ ပန္းေရာင္ စိတ္ႂကြေဆးျပား(၈၀၀)ျပားပါ (၁)ထုပ္ႏွင့္ ဘိန္းစိမ္း အမဲေရာင္အေစးအေလးခ်ိန္ (၀.၄၅)ကီလိုခန႔္ပါ (၁)ထုပ္ စုစုေပါင္း စိတ္ႂကြေဆးျပား (၆၈၀၀)ျပား၊ အေလးခ်ိန္ (၆၈၀)ဂရမ္ခန႔္ႏွင့္ စုစုေပါင္း ဘိန္းစိမ္း အေလးခ်ိန္ (၁.၈၅)ကီလိုတို႔ႏွင့္အတူ ဘိန္းရႈရာတြင္ အသုံးျပဳသည့္ သစ္သားရိုးတပ္ ေျပာင္း (၁)ခုႏွင့္ ေဆးျပားရႈရာတြင္ အသုံးျပဳသည့္ ဝါးရိုးတပ္ ေကာ္ဗူးတို႔အား သိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ အားေႏြအား ဝမ္ပံုနယ္ေျမရဲစခန္းတြင္ မယ(ပ)၅/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) ျဖင့္အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ် ဟွေယုန်းရွာသစ်မှ နေအိမ်အားရှာဖွေရာ စိတ်ကြွဆေးပြားနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) အုပ်စု၊ ဟွေယုန်း(အာခါ)ရွာသစ်မှ နေအိမ်တစ်လုံးအား အောက်တိုဘာလ (၂၀)ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၆၈၀၀)ပြားနှင့် ဘိန်းစိမ်း အလေးချိန် (၁.၈၅)ကီလိုတို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဟွေယုန်း(အာခါ)ရွာသစ်မှ အားနွေ၏ နေအိမ်အား နံနက် (၁၀)နာရီခွဲခန့်က ဝင်ရောက်ရှာဖွေရာ အားနွေအား နေအိမ်တွင်တွေ့ရပြီး  နေအိမ်အတွင်းရှာဖွေရာ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါ (၁၀)ထုပ်စည်း (၃)စည်း၊ ဆေးပြား (၆၀၀၀)ပြားနှင့် ဘိန်းစိမ်း အမဲရောင်အစေးအလေးချိန် (၁.၄)ကီလိုခန့်ပါ (၁)ထုပ် ၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၈၀၀)ပြားပါ (၁)ထုပ်နှင့် ဘိန်းစိမ်း အမဲရောင်အစေးအလေးချိန် (၀.၄၅)ကီလိုခန့်ပါ (၁)ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား (၆၈၀၀)ပြား၊ အလေးချိန် (၆၈၀)ဂရမ်ခန့်နှင့် စုစုပေါင်း ဘိန်းစိမ်း အလေးချိန် (၁.၈၅)ကီလိုတို့နှင့်အတူ ဘိန်းရှုရာတွင် အသုံးပြုသည့် သစ်သားရိုးတပ် ပြောင်း (၁)ခုနှင့် ဆေးပြားရှုရာတွင် အသုံးပြုသည့် ဝါးရိုးတပ် ကော်ဗူးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အားနွေအား ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၅/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~