တာခ်ီလိတ္တြင္ ရွမ္းႏွစ္သစ္ကူးအတြက္ ရွမ္းရိုးရာ တုတ္ဆူး စတင္

တာခ်ီလိတ္တြင္ ရွမ္းႏွစ္သစ္ကူးအတြက္ ရွမ္းရိုးရာ တုတ္ဆူး စတင္
အောက်တိုဘာ 30, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမွဳအသင္းမွ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ (၃၀)ရက္ေန႔ ညပိုင္းက စတင္ကာ  ရွမ္း႐ုိးရာ အစဥ္အလာအျဖစ္ အိမ္တိုင္ရာေရာက္ ေမတၱာပို႔ ဆုမြန္ေကာင္း ေတာင္းျခင္းႏွင့္ ႏွစ္သစ္မဂၤလာ ႏွဳတ္ခြန္းဆက္သျခင္း (တုတ္ဆူး)အစီအစဥ္အား တာခ်ီလိတ္ၿမိဳ႕ရွိ ရပ္ကြက္မ်ားသို႔ လွည့္လည္ ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ေမတၱာပို႔ ဆုမြန္ေကာင္း ေတာင္းျခင္းႏွင့္ ႏွစ္သစ္မဂၤလာ ႏွဳတ္ခြန္းဆက္သျခင္း (တုတ္ဆူး) အစီအစဥ္အား ၂၀၁၇ခုႏွစ္ ေအာက္တိုဘာ လ(၃၀)ရက္ေန႔ ညပိုင္းက စတင္ကာ ႏို၀င္ဘာလ(၁၂)ရက္အထိ သတ္မွတ္ ေနရာမ်ားႏွင့္ ရပ္ကြက္မ်ားအလိုက္ လွည့္လည္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းတုိင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ ႀကီးမွဴးကာ က်င္းပျပဳလုပ္မည့္ ရွမ္းတိုင္းရင္းသားမ်ား၏ (၂၁၁၂)ႏွစ္ေျမာက္ ရိုးရာႏွစ္သစ္ကူးပြဲေတာ္ကို တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ရွိ ေလယာဥ္ကြင္းအနီး ရွမ္းတုိင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈအသင္းပိုင္ ကြင္းျပင္တြင္ က်င္းပ ျပဳလုပ္မည္ျဖစ္ၿပီး ပြဲေတာ္ဖြင့္ပြဲအား ႏို၀င္ဘာလ(၁၆)ရက္ေန႔တြင္ ျပဳလုပ္ကာ ႏို၀င္ဘာလ(၁၈)ရက္ေန႔အထိ က်င္းပျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏွစ္သစ္ကူးပြဲေတာ္က်င္းပျပဳလုပ္ၿပီးေနာက္တြင္ ႏို၀င္ဘာလ(၂၀)ရက္ေန႔၌ တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္အတြင္းရွိ ၀မ္လံုဘုန္းႀကီးေက်ာင္းတြင္ ႏွစ္သစ္အလွဴျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - Thant Zin ၊ Golden Rose၊ ณัฐวุษ พันเพื่อมพุนกุล


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ၂၀၁၇ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ ညပိုင်းက စတင်ကာ ရှမ်းရိုးရာ အစဉ်အလာအဖြစ် အိမ်တိုင်ရာရောက် မေတ္တာပို့ ဆုမွန်ကောင်း တောင်းခြင်းနှင့် နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်သခြင်း (တုတ်ဆူး)အစီအစဉ်အား တာချီလိတ်မြို့ရှိ ရပ်ကွက်များသို့ လှည့်လည် ပြုလုပ်နပြေီဖြစ်ကြောင်း သိရသည်။

မေတ္တာပို့ ဆုမွန်ကောင်း တောင်းခြင်းနှင့် နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်သခြင်း (တုတ်ဆူး) အစီအစဉ်အား ၂၀၁၇ခုနှစ် အောက်တိုဘာ လ(၃၀)ရက်နေ့ ညပိုင်းက စတင်ကာ နိုဝင်ဘာလ(၁၂)ရက်အထိ သတ်မှတ် နေရာများနှင့် ရပ်ကွက်များအလိုက် လှည့်လည်ကြမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကာ ကျင်းပပြုလုပ်မည့် ရှမ်းတိုင်းရင်းသားများ၏ (၂၁၁၂)နှစ်မြောက် ရိုးရာနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ လေယာဉ်ကွင်းအနီး ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းပိုင် ကွင်းပြင်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ပွဲတော်ဖွင့်ပွဲအား နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ပြုလုပ်ကာ နိုဝင်ဘာလ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်သစ်ကူးပွဲတော်ကျင်းပပြုလုပ်ပြီးနောက်တွင် နိုဝင်ဘာလ(၂၀)ရက်နေ့၌ တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်းရှိ ဝမ်လုံဘုန်းကြီးကျောင်းတွင် နှစ်သစ်အလှူပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - Thant Zin၊ Golden Rose၊ ณัฐวุษ พันเพื่อมพุนกุล

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~