တာခ်ီလိတ္၌ ျမန္မာႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးခြဲကို ဖြင့္လွစ္ၿပီး ေလးရက္အတြင္း ေလွ်ာက္ထားသူ ၂၀၀ ေက်ာ္ရိွ

တာခ်ီလိတ္၌ ျမန္မာႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးခြဲကို ဖြင့္လွစ္ၿပီး ေလးရက္အတြင္း ေလွ်ာက္ထားသူ ၂၀၀ ေက်ာ္ရိွ
အောက်တိုဘာ 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာႏုိင္ငံကူးလက္မွတ္ ထုတ္ေပးေရးရံုးခြဲကို ၂၀၁၇ခုႏွစ္ စက္တင္ဘာလ (၂၅)ရက္ေန႔က ဖြင့္လွစ္လိုက္ၿပီးေနာက္ စက္တင္ဘာလ(၂၉)ရက္ေန႔ ေသာၾကာေန႔အထိ  ေဒသတြင္းနွင့္ ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ား ႏုိင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈ (၂၀၀)နီးပါးရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

“ေဒသတြင္းေရာ ထိုင္းႏုိင္ငံဘက္ေရာက္ ျမန္မာႏုိင္ငံသားေတြေရာဆို အားလံုး ၂၀၀ နီးပါးရိွေနပါၿပီ။ ဖြင့္ပြဲေန႔ ေနာက္ေန႔ကစၿပီး လာလုပ္ၾကပါတယ္။ ေဒသတြင္းကေတာ့ အလည္အပတ္မ်ားတာေပါ့။ ဟိုဘက္(ထုိင္းႏိုင္ငံ)ကေတာ့ အလုပ္အကိုင္ေပါ့။ ထုိင္းဘက္ကေတာ့ လာတဲ့သူနည္းေနေသးတယ္။ ေအးဂ်င့္ေတြက လူစုေနၾကတုန္းရိွေသးတယ္။ သူတို႔လာရင္ေတာ့ ကၽြန္ေတာ္တို႔ဘက္က ႏုိင္ေအာင္လုပ္ေပးရမွာေပါ့”ဟု ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရးရံုးခြဲ(တာခ်ီလိတ္)မွ တာ၀န္ခံအရာရွိ ဒုတိယရဲမွဴးႀကီးေအးႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထုိင္းႏုိင္ငံတြင္ အလုပ္ လုပ္ေနသည့္ ျမန္မာႏုိင္ငံသားမ်ား ႏုိင္ငံကူးလက္မွတ္မ်ား လာေရာက္ ေလွ်ာက္ထားေရး အတြက္ သက္ဆိုင္ရာ လုပ္ငန္း၊ ကုမၸဏီ၏ ေအးဂ်င့္က စုစည္းၿပီး လာေရာက္ေလ့ ရိွေၾကာင္း သိရသည္။

“သူတို႔က ထုိင္းဘက္မွာ ေဒသအစံုက လာၾကရမွာ။ ေအးဂ်င့္ကေန အားလံုးကို သြားလာဖို႔၊ စားေသာက္ဖို႔ တာခ်ီလိတ္ကို တံတားဖြင့္ခ်ိန္အမီ ကူးလာၿပီး လာေလွ်ာက္ထားၾကရမွာ။ ဒီေတာ့ အလုပ္က ခြင့္ယူဖို႔ကအစ၊ သြားရလာရတဲ့ ခရီးစရိတ္၊ အခ်ိန္ေတြကို အဆင္ေျပေအာင္လုပ္ၾကရတာဆိုေတာ့ ေအးဂ်င့္ကေန လူစုၿပီး လာလုပ္ၾကတာမ်ားပါတယ္။ ကၽြန္ေတာ္တုိ႔ကေတာ့ ဘယ္လိုပဲလာလုပ္လုပ္ အားလံုးအဆင္ေျပေအာင္ သတ္မွတ္ထားတဲ့ ႏႈန္းထားအတုိင္းပဲ လုပ္ေဆာင္ေပးမွာပါ။ တစ္ဖက္ႏုိင္ငံမွာ အလုပ္လုပ္ေနတဲ့ ကိုယ့္ႏုိင္ငံသားေတြ အဆင္ေျပေအာင္ လုပ္ေပးဖို႔ပဲ ဒီရံုးကို လာဖြင့္ထားတာပါ”ဟု ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရးရံုးခြဲ(တာခ်ီလိတ္)မွ တာ၀န္ခံအရာရွိ ဒုတိယရဲမွဴးႀကီးေအးႏိုင္က ေျပာသည္။

ထုိင္းႏုိင္ငံမွ ႏုိင္ငံကူးလက္မွတ္ေလွ်ာက္ထားသည့္ ျမန္မာႏုိင္ငံသားမ်ားအပါအဝင္ အလုပ္အကိုင္အတြက္ ႏုိင္ငံကူးလက္မွတ္ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ လိုအပ္သည့္ ေလဘာကတ္ကိုလည္း တာခ်ီလိတ္ၿမိဳ႕ လူဝင္မႈႀကီးၾကပ္ေရးဌာနမွ အခမဲ့ထုတ္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ ဝန္ႀကီးဌာနကေန သက္ဆုိင္ရာၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးဌာနတုိင္းမွာ ထုတ္ေပးဖို႔ ညႊန္ၾကားထားၿပီးသားပါ။ ေလဘာထုတ္တာလည္း မၾကာပါဘူး။ အခမဲ့ထုတ္ေပးေနပါတယ္။ အလုပ္အကိုင္အတြက္ ႏုိင္ငံကူးလက္မွတ္ထုတ္ခ်င္ရင္ေတာ့ ကၽြန္ေတာ္တုိ႔ဆီမွာ ေလွ်ာက္ထားတဲ့ေန႔မွာပဲ တစ္ခါထဲ သြားေလွ်ာက္လိုက္လို႔ရပါတယ္။ အလည္အပတ္ ႏုိင္ငံကူးလက္မွတ္ေတြအတြက္ကေတာ့ ေလဘာမလိုပါဘူး”ဟု ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရးရံုးခြဲ(တာခ်ီလိတ္)မွ တာ၀န္ခံအရာရွိ ဒုတိယရဲမွဴးႀကီးေအးႏိုင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးအား ရွမ္းရိုးမကြင္းေရွ႕ရိွ ေအာင္ခ်မ္းသာတုိက္တန္းတြင္ ဖြင့္လွစ္ထားၿပီး စက္တင္ဘာလ (၂၅)ရက္ေန႔မွစ၍ လုပ္ငန္းမ်ားေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - ေအာင္ေက်ာ္၀င္းစိန္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲကို ၂၀၁၇ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့က ဖွင့်လှစ်လိုက်ပြီးနောက် စက်တင်ဘာလ(၂၉)ရက်နေ့ သောကြာနေ့အထိ ဒေသတွင်းနှင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု (၂၀၀)နီးပါးရှိနပြေီဖြစ်ကြောင်း သိရသည်။

“ဒေသတွင်းရော ထိုင်းနိုင်ငံဘက်ရောက် မြန်မာနိုင်ငံသားတွေရောဆို အားလုံး ၂၀၀ နီးပါးရှိနေပါပြီ။ ဖွင့်ပွဲနေ့ နောက်နေ့ကစပြီး လာလုပ်ကြပါတယ်။ ဒေသတွင်းကတော့ အလည်အပတ်များတာပေါ့။ ဟိုဘက်(ထိုင်းနိုင်ငံ)ကတော့ အလုပ်အကိုင်ပေါ့။ ထိုင်းဘက်ကတော့ လာတဲ့သူနည်းနေသေးတယ်။ အေးဂျင့်တွေက လူစုနကြေတုန်းရှိသေးတယ်။ သူတို့လာရင်တော့ ကျွန်တော်တို့ဘက်က နိုင်အောင်လုပ်ပေးရမှာပေါ့”ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးခွဲ(တာချီလိတ်)မှ တာဝန်ခံအရာရှိ ဒုတိယရဲမှူးကြီးအေးနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ် လုပ်နေသည့် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်များ လာရောက် လျှောက်ထားရေး အတွက် သက်ဆိုင်ရာ လုပ်ငန်း၊ ကုမ္ပဏီ၏ အေးဂျင့်က စုစည်းပြီး လာရောက်လေ့ ရှိကြောင်း သိရသည်။

“သူတို့က ထိုင်းဘက်မှာ ဒေသအစုံက လာကြရမှာ။ အေးဂျင့်ကနေ အားလုံးကို သွားလာဖို့၊ စားသောက်ဖို့ တာချီလိတ်ကို တံတားဖွင့်ချိန်အမီ ကူးလာပြီး လာလျှောက်ထားကြရမှာ။ ဒီတော့ အလုပ်က ခွင့်ယူဖို့ကအစ၊ သွားရလာရတဲ့ ခရီးစရိတ်၊ အချိန်တွေကို အဆင်ပြေအောင်လုပ်ကြရတာဆိုတော့ အေးဂျင့်ကနေ လူစုပြီး လာလုပ်ကြတာများပါတယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုပဲလာလုပ်လုပ် အားလုံးအဆင်ပြေအောင် သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ လုပ်ဆောင်ပေးမှာပါ။ တစ်ဖက်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကိုယ့်နိုင်ငံသားတွေ အဆင်ပြေအောင် လုပ်ပေးဖို့ပဲ ဒီရုံးကို လာဖွင့်ထားတာပါ”ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးခွဲ(တာချီလိတ်)မှ တာဝန်ခံအရာရှိ ဒုတိယရဲမှူးကြီးအေးနိုင်က ပြောသည်။

ထိုင်းနိုင်ငံမှ နိုင်ငံကူးလက်မှတ်လျှောက်ထားသည့် မြန်မာနိုင်ငံသားများအပါအဝင် အလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနဖြေင့် လိုအပ်သည့် လေဘာကတ်ကိုလည်း တာချီလိတ်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ အခမဲ့ထုတ်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

“ ဝန်ကြီးဌာနကနေ သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနတိုင်းမှာ ထုတ်ပေးဖို့ ညွှန်ကြားထားပြီးသားပါ။ လေဘာထုတ်တာလည်း မကြာပါဘူး။ အခမဲ့ထုတ်ပေးနေပါတယ်။ အလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ်ထုတ်ချင်ရင်တော့ ကျွန်တော်တို့ဆီမှာ လျှောက်ထားတဲ့နေ့မှာပဲ တစ်ခါထဲ သွားလျှောက်လိုက်လို့ရပါတယ်။ အလည်အပတ် နိုင်ငံကူးလက်မှတ်တွေအတွက်ကတော့ လေဘာမလိုပါဘူး”ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးခွဲ(တာချီလိတ်)မှ တာဝန်ခံအရာရှိ ဒုတိယရဲမှူးကြီးအေးနိုင်က ပြောသည်။

တာချီလိတ်မြို့တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအား ရှမ်းရိုးမကွင်းရှေ့ရှိ အောင်ချမ်းသာတိုက်တန်းတွင် ဖွင့်လှစ်ထားပြီး စက်တင်ဘာလ (၂၅)ရက်နေ့မှစ၍ လုပ်ငန်းများဆောင်ရွက်ပေးနခြေင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~