မိုင်းဆတ်မြို့ရှိ သဗ္ဗေညုစေတီတော်ပရိဝုဏ်နှင့် ဓာတ်စွမ်းယောင်စေတီတော် ပရိဝုဏ်တို့အား ဆေးလိပ်ငွေ့ကင်းစင်နေရာများအဖြစ် သတ်မှတ်

မိုင်းဆတ်မြို့ရှိ သဗ္ဗေညုစေတီတော်ပရိဝုဏ်နှင့် ဓာတ်စွမ်းယောင်စေတီတော် ပရိဝုဏ်တို့အား ဆေးလိပ်ငွေ့ကင်းစင်နေရာများအဖြစ် သတ်မှတ်
အောကျတိုဘာ 13, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ သဗ္ဗေညုစေတီတော်ပရိဝုဏ်နှင့် ဓာတ်စွမ်းယောင်စေတီတော် ပရိဝုဏ်တို့တွင် ဆေးလိပ်ငွေ့ကင်းစင်နေရာများအဖြစ်  သတ်မှတ်လိုက်ကြောင်း သိရသည်။


ရှမ်းပြည်နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ သတ်မှတ်ရေးကို လုပ်ဆောင်နေခြင်းဖြစ်ရာ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်သောနယ်မြေများအဖြစ် သတ်မှတ်ကာ အသိပညာပေးခြင်းနှင့် အရေးယူခြင်းအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ သဗ္ဗညေုစေတီတော်ပရိဝုဏ်နှင့် ဓာတ်စွမ်းယောင်စေတီတော် ပရိဝုဏ်တို့တွင် ဆေးလိပ်ငွေ့ကင်းစင်နေရာများအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

အသိပေး ဆိုင်းဘုတ်များကို အဆိုပါ နေရာများတွင် အောက်တိုဘာလ (၁၃) ရက်နေ့က မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့် ခလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများမှ စိုက်ထူကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ သတ်မှတ်ရေးကို လုပ်ဆောင်နခြေင်းဖြစ်ရာ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်သောနယ်မြေများအဖြစ် သတ်မှတ်ကာ အသိပညာပေးခြင်းနှင့် အရေးယူခြင်းအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရွှေဥမင်သဘာဝ လှိုဏ်ဂူဘုရားကို ဆေးလိပ်ငွေ့ကင်းစင်ဧရိယာအဖြစ် သြဂုတ်လ (၆)ရက်နေ့က ကမ္ဘာသို့ ကြေညာနိုင်ခဲ့သည်။

သတင်း/ဓာတ်ပုံ - ဇော်ဝမ်းထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~