ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း ယာဥ္တစ္စီး ဘရိတ္ေပါက္၍ လမ္းေဘးထိုးက်ရာမွ ၅ ဦးေသဆံုး ၂ ဦးဒဏ္ရာရ

ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း ယာဥ္တစ္စီး ဘရိတ္ေပါက္၍ လမ္းေဘးထိုးက်ရာမွ ၅ ဦးေသဆံုး ၂ ဦးဒဏ္ရာရ
အောက်တိုဘာ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ဳိၿမိဳ႕နယ္ ရပ္ေစာက္ - ေနာင္ခ်ိဳကားလမ္းတြင္ ေအာက္တိုဘာလ (၈)ရက္ေန႔က ေမာ္ေတာ္ယာဥ္တစ္စီး ဘရိတ္ေပါက္ၿပီး လမ္းေဘးေခ်ာက္အတြင္း ထိုးက်သြားသျဖင့္ (၅)ဦးေသဆံုးၿပီး (၂)ဦး ဒဏ္ရာ ရသြားေၾကာင္း သိရသည္။

ရပ္ေစာက္ၿမိဳ႕မွ ေနာင္ခ်ိဳၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ကားသည္ နံနက္ (၁၀)နာရီ (၅၅)မိနစ္ခန္႔တြင္ ဘရိတ္ေပါက္ၿပီး လမ္းေဘးေခ်ာက္အတြင္း ထိုးက်တိမ္းေမွာက္သြားခဲ့ရာ ယာဥ္ေပၚပါလာသည့္ အမ်ိဳးသား (၃)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔မွာ ေနရာတြင္ ေသဆံုးသြားကာ ယာဥ္ေမာင္းအပါအဝင္ အမ်ိဳးသား (၂)ဦးမွာ ဒဏ္ရာျပင္းထန္ႏွင့္ အမ်ိဳးသမီး (၁)ဦးမွာ ဒဏ္ရာအနည္းငယ္ရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရသူမ်ားအား ျပင္ဦးလြင္ျပည္သူ႔ ေဆး႐ုံသို႔ပို႔ေဆာင္စဥ္ ယာဥ္ေမာင္းမွာ လမ္း၌ ေသဆုံးသြားၿပီး က်န္ ဒဏ္ရာရသူ (၂)ဦးမွာ ကုသမႈခံယူေနေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ ေသဆံုးသြားသည့္္ ယာဥ္ေမာင္းအား ေက်ာက္ဂူနယ္ေျမရဲစခန္းတြင္ ယာဥ္(ပ) ၅/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၂၇၉ (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ/ျပင္းထန္နာက်င္ေစမႈ/ ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈ)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ရပ်စောက် - နောင်ချိုကားလမ်းတွင် အောက်တိုဘာလ (၈)ရက်နေ့က မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးချောက်အတွင်း ထိုးကျသွားသဖြင့် (၅)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာ ရသွားကြောင်း သိရသည်။

ရပ်စောက်မြို့မှ နောင်ချိုမြို့သို့ မောင်းနှင်လာသည့် ကားသည် နံနက် (၁၀)နာရီ (၅၅)မိနစ်ခန့်တွင် ဘရိတ်ပေါက်ပြီး လမ်းဘေးချောက်အတွင်း ထိုးကျတိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်ပါလာသည့် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ နေရာတွင် သေဆုံးသွားကာ ယာဉ်မောင်းအပါအဝင် အမျိုးသား (၂)ဦးမှာ ဒဏ်ရာပြင်းထန်နှင့် အမျိုးသမီး (၁)ဦးမှာ ဒဏ်ရာအနည်းငယ်ရသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများအား ပြင်ဦးလွင်ပြည်သူ့ ဆေးရုံသို့ပို့ဆောင်စဉ် ယာဉ်မောင်းမှာ လမ်း၌ သေဆုံးသွားပြီး ကျန် ဒဏ်ရာရသူ (၂)ဦးမှာ ကုသမှုခံယူနေကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ သေဆုံးသွားသည့် ယာဉ်မောင်းအား ကျောက်ဂူနယ်မြေရဲစခန်းတွင် ယာဉ်(ပ) ၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်နာကျင်စေမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~