NLD ၏ ရပ္ေစာက္ၿမိဳ႕နယ္ အလုပ္အမႈေဆာင္ (၄)ဦး တာ၀န္မွ ရပ္ဆိုင္းခံရ

NLD ၏ ရပ္ေစာက္ၿမိဳ႕နယ္ အလုပ္အမႈေဆာင္ (၄)ဦး တာ၀န္မွ ရပ္ဆိုင္းခံရ
အောက်တိုဘာ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ရပ္ေစာက္ၿမိဳ႕နယ္မွ NLD ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေလးဦးအား တာဝန္မွ ရပ္ဆုိင္းခံရမႈကို ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ထံ အယူခံတင္သြားရန္ စီစဥ္ေနေၾကာင္း တာဝန္မွ ရပ္စဲခံရသူမ်ားထံမွ သိရသည္။

“ကၽြန္ေတာ္တို႔က အမွန္အတိုင္းျဖစ္ေစခ်င္တာေပါ့ဗ်ာ။ ဒါေၾကာင့္ CEC အဖြဲ႔ဆီကို အယူခံ၊ အသနားခံစာ တင္ဖို႔ စီစဥ္ေနပါတယ္။ ကၽြန္ေတာ္တို႔က တုိင္လိုက္တဲ့ကိစၥကေတာ့ မရွင္းလင္းရေသးပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ကို တုိင္ထားတာကေတာ့ အခုဆံုးျဖတ္ခ်က္ထြက္လာတာေပါ့”ဟု ၿမိဳ႕နယ္ အလုပ္အမႈေဆာင္တာဝန္မွ ရပ္စဲခံလုိက္ရသူတစ္ဦးျဖစ္သည့္ ဦးေအာင္ညြန္႔က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

NLD (အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပါတီ)၏ ရပ္ေစာက္ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ားျဖစ္သည့္ ဦးခြန္ေမာင္စိုး၊ ဦးေအာင္ညြန္႔၊ ေဒၚခင္ညိဳႏွင့္ ေဒၚစုစုထြန္းတို႔အား စက္တင္ဘာလ (၁၇)ရက္ေန႔တြင္ က်င္းပသည့္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အစည္းအေဝးဆံုးျဖတ္ခ်က္အရ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ လုပ္ငန္း တာဝန္မ်ားမွ ရပ္ဆုိင္းလုိက္ေၾကာင္းကို စက္တင္ဘာလ (၂၂)ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့ျခင္းျဖစ္ေသာ္လည္း တာဝန္မွ ရပ္စဲခံရသူမ်ားအေနျဖင့္ ေအာက္တိုဘာ လ (၁)ရက္ေန႔က လက္ခံရရိွခဲ့ျခင္းျဖစ္သည္။

“ပါတီတြင္းကိစၥကို တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္တုိင္ၾကတာေပါ့ဗ်ာ။ အဲဒါကို စံုစမ္းစစ္ေဆးေရး အဖဲြ႕နဲ႔စစ္ၿပီး ေတြ႕ရိွခ်က္ကို ဗဟိုကိုတင္တာေပါ့။ ဗဟိုကေန CEC ကေနဆံုုးျဖတ္ခ်က္အရ ထုတ္ပယ္လိုက္တယ္ဆိုၿပီး စာထြက္လာတာပါ။ စာက စက္တင္ဘာလ (၂၂)ရက္ေန႕ကတည္းက ထြက္လာတာပါ။ အဲဒါကို ရွမ္းျပည္နယ္ အလုပ္အမႈေဆာင္အဖြဲ႔ကိုပို႔သလို သူတို႔ကိုလည္း ပို႔ထားၿပီးျဖစ္ပါတယ္။ သူတို႔ဆီ ဘယ္ေန႔က ေရာက္သလဲေတာ့ မသိဘူးေပါ့ေနာ္”ဟု ရွမ္းျပည္နယ္ NLD ျပည္နယ္အလုပ္အမႈေဆာင္အဖြဲ႕အတြင္းေရးမွဴး ဦးေမာင္ေမာင္စိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပါတီတြင္း အျပန္အလွန္တိုင္ၾကားမႈမ်ားရိွသျဖင့္ ဇူလုိင္လက စံုစမ္းေရးအဖြဲ႕ျဖင့္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး လက္ရိွတြင္ တာဝန္မွ ရပ္စဲခံလုိက္ရသူမ်ားအေနျဖင့္ ၎တို႔မွာ ပါတီစည္းကမ္း ခ်ိဳးေဖာက္ျခင္းမရိွသျဖင့္ အသနားခံစာ တင္သြားမည္ဟု သိရသည္။

“စာကေတာ့ မေန႔က ထြက္လာတာပါ။ အမွန္ကေတာ့ ပါတီစည္းကမ္းနဲ႔ေတာ့ မဆုိင္ပါဘူး။ ကိုယ္ေရးကိုယ္တာ ကိစၥေလးေတြနဲ႔ တုိင္ထားခံရတာပါ။ ကၽြန္ေတာ္တို႔ေလးဦးမွာ တစ္ဦးစီ တစ္ဦးစီကို တိုင္ထားတာေတြကေတာ့ မတူဘူးေပါ့။ ကၽြန္ေတာ္တို႔က ပါတီမွာ ၿမိဳ႕နယ္မွာ ေဒသဖြံ႕ၿဖိဳးေရး၊ စည္းရံုးေရးမွာ အလုပ္လုပ္ေတာ့ ကြဲလြဲမႈေတြ ရိွလာတာေပါ့ဗ်ာ။ ဒါေၾကာင့္ပါ”ဟု ဦးေအာင္ညြန္႔က ေျပာသည္။

တာဝန္မွရပ္စဲခံလုိက္ရသည့္ ရပ္ေစာက္ၿမိဳ႕နယ္ အလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ားသည္ ျပည္နယ္အလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမွဴး ဦးေမာင္ေမာင္စိန္ႏွင့္ အျပန္အလွန္ တုိင္ၾကားမႈမ်ား လုပ္ေဆာင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်မှ NLD မြို့နယ်အလုပ်အမှုဆောင်လေးဦးအား တာဝန်မှ ရပ်ဆိုင်းခံရမှုကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အယူခံတင်သွားရန် စီစဉ်နေကြောင်း တာဝန်မှ ရပ်စဲခံရသူများထံမှ သိရသည်။

“ကျွန်တော်တို့က အမှန်အတိုင်းဖြစ်စေချင်တာပေါ့ဗျာ။ ဒါကြောင့် CEC အဖွဲ့ဆီကို အယူခံ၊ အသနားခံစာ တင်ဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့က တိုင်လိုက်တဲ့ကိစ္စကတော့ မရှင်းလင်းရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို တိုင်ထားတာကတော့ အခုဆုံးဖြတ်ချက်ထွက်လာတာပေါ့”ဟု မြို့နယ် အလုပ်အမှုဆောင်တာဝန်မှ ရပ်စဲခံလိုက်ရသူတစ်ဦးဖြစ်သည့် ဦးအောင်ညွန့်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၏ ရပ်စောက်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးခွန်မောင်စိုး၊ ဦးအောင်ညွန့်၊ ဒေါ်ခင်ညိုနှင့် ဒေါ်စုစုထွန်းတို့အား စက်တင်ဘာလ (၁၇)ရက်နေ့တွင် ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ မြို့နယ်အလုပ်အမှုဆောင် လုပ်ငန်း တာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်းကို စက်တင်ဘာလ (၂၂)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း တာဝန်မှ ရပ်စဲခံရသူများအနဖြေင့် အောက်တိုဘာ လ (၁)ရက်နေ့က လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

“ပါတီတွင်းကိစ္စကို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုင်ကြတာပေါ့ဗျာ။ အဲဒါကို စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့စစ်ပြီး တွေ့ရှိချက်ကို ဗဟိုကိုတင်တာပေါ့။ ဗဟိုကနေ CEC ကနေဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်တယ်ဆိုပြီး စာထွက်လာတာပါ။ စာက စက်တင်ဘာလ (၂၂)ရက်နေ့ကတည်းက ထွက်လာတာပါ။ အဲဒါကို ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ကိုပို့သလို သူတို့ကိုလည်း ပို့ထားပြီးဖြစ်ပါတယ်။ သူတို့ဆီ ဘယ်နေ့က ရောက်သလဲတော့ မသိဘူးပေါ့နော်”ဟု ရှမ်းပြည်နယ် NLD ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်စိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပါတီတွင်း အပြန်အလှန်တိုင်ကြားမှုများရှိသဖြင့် ဇူလိုင်လက စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တာဝန်မှ ရပ်စဲခံလိုက်ရသူများအနဖြေင့်၎င်းတို့မှာ ပါတီစည်းကမ်း ချိုးဖောက်ခြင်းမရှိသဖြင့် အသနားခံစာ တင်သွားမည်ဟု သိရသည်။

“စာကတော့ မနေ့က ထွက်လာတာပါ။ အမှန်ကတော့ ပါတီစည်းကမ်းနဲ့တော့ မဆိုင်ပါဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေနဲ့ တိုင်ထားခံရတာပါ။ ကျွန်တော်တို့လေးဦးမှာ တစ်ဦးစီ တစ်ဦးစီကို တိုင်ထားတာတွေကတော့ မတူဘူးပေါ့။ ကျွန်တော်တို့က ပါတီမှာ မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေး၊ စည်းရုံးရေးမှာ အလုပ်လုပ်တော့ ကွဲလွဲမှုတွေ ရှိလာတာပေါ့ဗျာ။ ဒါကြောင့်ပါ”ဟု ဦးအောင်ညွန့်က ပြောသည်။

တာဝန်မှရပ်စဲခံလိုက်ရသည့် ရပ်စောက်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်စိန်နှင့် အပြန်အလှန် တိုင်ကြားမှုများ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~