ငဖဲၿမိဳ႕နယ္ သစ္ေတာႀကိဳးဝိုင္းအတြင္း သစ္စက္ႏွင့္ သစ္ခြဲသားမ်ားအား ပိုင္ရွင္မဲ့စစ္ေဆးေတြ႔ရိွ

ငဖဲၿမိဳ႕နယ္ သစ္ေတာႀကိဳးဝိုင္းအတြင္း သစ္စက္ႏွင့္ သစ္ခြဲသားမ်ားအား ပိုင္ရွင္မဲ့စစ္ေဆးေတြ႔ရိွ
အောက်တိုဘာ 27, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းဘူးခရိုင္ ငဖဲၿမိဳ႕နယ္ရိွ သစ္ေတာႀကိဳးဝိုင္းအတြင္း သစ္စက္တစ္လံုးအား ဆက္စပ္ပစၥည္းမ်ား၊ တရားမဝင္သစ္မ်ားနွင့္အတူ ေအာက္တိုဘာ(၂၆)ရက္ေန႔က ပိုင္ရွင္မဲ့ သိမ္းဆည္းရမိခဲ့ေၾကာင္း ငဖဲၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ သိရသည္။

"ညႊန္ၾကားေရးမွဴးရဲ႕ သတင္းခ်ျပ ညႊန္ၾကားခ်က္အရ ငဖဲၿမိဳ႕နယ္ ေတာင္ေပၚဘိနယ္အတြင္း တရားမဝင္သစ္ေတြ ရွာေဖြဖမ္းဆီးနိုင္ဖို႕ ေဆာင္ရြက္ခဲ့တာမွာ သစ္စက္တစ္ခုကို တရားမဝင္သစ္ေတြနဲ႔ အတူ ေတြ႕ရွိသိမ္းဆည္းနိုင္ခဲ့တာပါ" ဟု ငဖဲၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွဴး ဦးေအာင္မင္းသူက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

မင္းဘူး/ငဖဲ ၿမိဳ႕နယ္ သစ္ေတာဦးစီးမွဴး(၂)ဦး၊ သစ္ေတာဝန္ထမ္း(၈)ဦး၊ သစ္ေတာလံုျခံဳေရးရဲ(၁)ဦး ပါဝင္သည့္အဖြဲ႕သည္ ေရွာက္ေတာေက်းရြာမွ သက္ေသ (၂) ဦးနွင့္အတူ တရားမဝင္သစ္မ်ား ရွာေဖြဖမ္းဆီးနိုင္ေရး ေဆာင္ရြက္ခဲ့ရာ ေအာက္တိုဘာ(၂၆)ရက္ေန႔ ည(၇)နာရီ(၂၀)မိနစ္အခ်ိန္ခန္႔တြင္ ေရွာက္ေတာင္ေက်းရြာအနီး မန္းႀကိဳးဝိုင္းအကြက္အမွတ္ (၃၁) အတြင္း၌ တရားမဝင္ သစ္စက္တစ္လံုး၊ ဆက္စပ္ပစၥည္းမ်ားႏွင္႔ တရားမဝင္ သစ္(၂၄၄)ေခ်ာင္း (၂.၄၄၀၄)တန္တို႔ကို ေတြ႔ရွိ သိမ္းဆည္း ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါသိမ္းဆည္းရမိမႈနွင့္ပတ္သက္၍ သစ္စက္ပိုင္ရွင္အား စံုစမ္းေဖာ္ထုတ္နိုင္ေရးအတြက္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားနွင့္ ပူးေပါင္း ေဆာင္ရြက္လ်က္ရွိိေၾကာင္း ငဖဲၿမိဳ႔နယ္သစ္ေတာဦးစီးဌာနမွ သိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ရှိ သစ်တောကြိုးဝိုင်းအတွင်း သစ်စက်တစ်လုံးအား ဆက်စပ်ပစ္စည်းများ၊ တရားမဝင်သစ်များနှင့်အတူ အောက်တိုဘာ(၂၆)ရက်နေ့က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း ငဖဲမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

"ညွှန်ကြားရေးမှူးရဲ့ သတင်းချပြ ညွှန်ကြားချက်အရ ငဖဲမြို့နယ် တောင်ပေါ်ဘိနယ်အတွင်း တရားမဝင်သစ်တွေ ရှာဖွေဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်ခဲ့တာမှာ သစ်စက်တစ်ခုကို တရားမဝင်သစ်တွေနဲ့ အတူ တွေ့ရှိသိမ်းဆည်းနိုင်ခဲ့တာပါ" ဟု ငဖဲမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးအောင်မင်းသူက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မင်းဘူး/ငဖဲ မြို့နယ် သစ်တောဦးစီးမှူး(၂)ဦး၊ သစ်တောဝန်ထမ်း(၈)ဦး၊ သစ်တောလုံခြုံရေးရဲ(၁)ဦး ပါဝင်သည့်အဖွဲ့သည် ရှောက်တောကျေးရွာမှ သက်သေ (၂) ဦးနှင့်အတူ တရားမဝင်သစ်များ ရှာဖွေဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ(၂၆)ရက်နေ့ ည(၇)နာရီ(၂၀)မိနစ်အချိန်ခန့်တွင် ရှောက်တောင်ကျေးရွာအနီး မန်းကြိုးဝိုင်းအကွက်အမှတ် (၃၁) အတွင်း၌ တရားမဝင် သစ်စက်တစ်လုံး၊ ဆက်စပ်ပစ္စည်းများနှင့် တရားမဝင် သစ်(၂၄၄)ချောင်း (၂.၄၄၀၄)တန်တို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ သစ်စက်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ငဖဲမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~