မိုင်းဖြတ်မြို့ရှိ အထက(မိုင်းဖြတ်)တွင် နှစ်ထပ်ကျောင်းဆောင်သစ်အား ကျပ်သန်း(၁၇၇)သန်းကျော်ဖြင့် တည်ဆောက်ရန် စတင်

မိုင်းဖြတ်မြို့ရှိ အထက(မိုင်းဖြတ်)တွင် နှစ်ထပ်ကျောင်းဆောင်သစ်အား ကျပ်သန်း(၁၇၇)သန်းကျော်ဖြင့် တည်ဆောက်ရန် စတင်
အောကျတိုဘာ 11, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)တွင် ကျပ်သန်း(၁၇၇)သန်းကျော်ဖြင့် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။




သတင်း/ဓာတ်ပုံ - ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)တွင် ကျပ်သန်း(၁၇၇)သန်းကျော်ဖြင့် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် စတင်ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)ဝန်းထဲတွင် RC နှစ်ထပ်ကျောင်းဆောင်သစ် စတင် ဆောက်လုပ်ရန်အတွက် ပန္နက် ရိုက်အခမ်းအနားအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက် နှင့် ဦးအားကို အပါအဝင်၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြောင်း သိရသည်။

အလျား ပေ(၁၄၀)နှင့် အနံ ပေ(၃၀)ရှိသည့် အဆိုပါကျောင်းဆောင်သစ်အား မိုင်းဖြတ်မြို့ရှိ မိုင်းဖြတ်နဂါးဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်ခွင့်ရရှိထားကြောင်း နှင့် ၂၀၁၇ -၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ (၁၇၇.ဝ၅)သန်း ဖြင့်ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောင်းဆောင်သစ်အား ပန္နက်ရိုက်မှုကို အောက်တိုဘာလ(၁၁)ရက်နေ့တွင် ပြုလုပ်ပြီး လုပ်ငန်းအားလုံး ပြီးစီးမှုကို ၂၀၁၈ခုနှစ် ဖေဖော်ဝါလရီကုန်အထိ သတ်မှတ်ထားကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~