မိုင္းယုမီးသတ္စခန္းအေဆာက္အဦသစ္ အမိုးေက်ာက္ထုပ္ေလာင္းေနစဥ္ ဓာတ္လိုက္၍ တစ္ဦးေသ၊ တစ္ဦး ဒဏ္ရာရ

မိုင္းယုမီးသတ္စခန္းအေဆာက္အဦသစ္ အမိုးေက်ာက္ထုပ္ေလာင္းေနစဥ္ ဓာတ္လိုက္၍ တစ္ဦးေသ၊ တစ္ဦး ဒဏ္ရာရ
အောက်တိုဘာ 23, 2017
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္၊ မိုင္းယုၿမိဳ႕ မီးသတ္နယ္ေျမစခန္းသစ္ အေဆာက္အဦတြင္ ေအာက္တိုဘာလ (၂၃) ရက္ေန႔ မြန္းလြဲ ႏွစ္နာရီခြဲခန္႔က အမိုးေက်ာက္ထုပ္ေလာင္းရန္ ျပင္ဆင္ေနသည့္ အလုပ္သမားႏွစ္ဦး အနီးရိွ ဓာတ္အားလိုင္းႀကိဳးမွ ဓာတ္လိုက္၍ တစ္ဦးေသဆုံးၿပီး တစ္ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

အသက္ (၁၇)ႏွစ္အရြယ္မ်ားျဖစ္သည့္ ေမာင္အိုက္ေဒါင္းႏွင့္ ေမာင္ေက်ာ္နႏၵတို႔က အမိုးေက်ာက္ထုပ္ေလာင္းရန္ ျပင္ဆင္ေနစဥ္ ေမာင္အိုက္ေဒါင္းမွာ ႐ုတ္တရက္ ကိုယ္ေနဟန္ပ်က္ကာ အနီးမွသြယ္တန္းထားေသာ ဓာတ္အားလိုင္းႀကိဳးအား ကိုင္မိၿပီး ဓာတ္လိုက္ေနစဥ္ ၎၏ေျခေထာက္အနီးတြင္ရိွေနသည့္ ေမာင္နႏၵအား ထိမိ၍ ႏွစ္ဦးလုံး ဓာတ္လိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ႏွစ္ဦးအား မုိင္းယုျပည္သူ႕ေဆး႐ုံသို႕ ပို႔ေဆာင္ခဲ့ရာ ေမာင္အိုက္ေဒါင္းမွာ ဒဏ္ရာျပင္းထန္စြာရရွိ၍ ေသဆုံးခဲ့ၿပီး ေမာင္ေက်ာ္နႏၵမွာ ဒဏ္ရာမစိုးရိမ္ရသျဖင့္ ေဆးဝါးဆက္လက္ကုသမႈ ခံယူေနလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုင္းယုနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းအမွတ္(၁/၂၀၁၇)ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

မိုင္းယုမီးသတ္နယ္ေျမအေဆာက္အဦသစ္အား စိုင္းရွဲန္ရြက္ကုမၼဏီလိမီတက္မွ တာဝန္ယူတည္ေဆာက္ေနျခင္း ျဖစ္ၿပီး လုပ္ငန္းခြင္တြင္ အလုပ္သမား (၁၈) ဦး လုပ္ကိုင္ေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ကိုနိုင္(MYu)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယုမီးသတ်စခန်းအဆောက်အဦသစ် အမိုးကျောက်ထုပ်လောင်းနေစဉ် ဓာတ်လိုက်၍ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ
*********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ မီးသတ်နယ်မြေစခန်းသစ် အဆောက်အဦတွင် အောက်တိုဘာလ (၂၃) ရက်နေ့ မွန်းလွဲ နှစ်နာရီခွဲခန့်က အမိုးကျောက်ထုပ်လောင်းရန် ပြင်ဆင်နေသည့် အလုပ်သမားနှစ်ဦး အနီးရှိ ဓာတ်အားလိုင်းကြိုးမှ ဓာတ်လိုက်၍ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

အသက် (၁၇)နှစ်အရွယ်များဖြစ်သည့် မောင်အိုက်ဒေါင်းနှင့် မောင်ကျော်နန္ဒတို့က အမိုးကျောက်ထုပ်လောင်းရန် ပြင်ဆင်နေစဉ် မောင်အိုက်ဒေါင်းမှာ ရုတ်တရက် ကိုယ်နေဟန်ပျက်ကာ အနီးမှသွယ်တန်းထားသော ဓာတ်အားလိုင်းကြိုးအား ကိုင်မိပြီး ဓာတ်လိုက်နေစဉ် ၎င်း၏ခြေထောက်အနီးတွင်ရှိနေသည့် မောင်နန္ဒအား ထိမိ၍ နှစ်ဦးလုံး ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား မိုင်းယုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ မောင်အိုက်ဒေါင်းမှာ ဒဏ်ရာပြင်းထန်စွာရရှိ၍ သေဆုံးခဲ့ပြီး မောင်ကျော်နန္ဒမှာ ဒဏ်ရာမစိုးရိမ်ရသဖြင့် ဆေးဝါးဆက်လက်ကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းယုနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်(၁/၂၀၁၇)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မိုင်းယုမီးသတ်နယ်မြေအဆောက်အဦသစ်အား စိုင်းရှဲန်ရွက်ကုမ္မဏီလိမီတက်မှ တာဝန်ယူတည်ဆောက်နေခြင်း ဖြစ်ပြီး လုပ်ငန်းခွင်တွင် အလုပ်သမား (၁၈) ဦး လုပ်ကိုင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ကိုနိုင်(MYu)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~