မိုင္းဆတ္ၿမိဳ႕ရွိ စာသင္ေက်ာင္းတြင္ နယ္လွည့္စာၾကည့္တိုက္၊ ဓာတ္ပံုႏွင့္ နံရံကပ္စာေစာင္ျပပြဲ ႏွင့္ ေဟာေျပာပြဲ ျပဳလုပ္

မိုင္းဆတ္ၿမိဳ႕ရွိ စာသင္ေက်ာင္းတြင္ နယ္လွည့္စာၾကည့္တိုက္၊ ဓာတ္ပံုႏွင့္ နံရံကပ္စာေစာင္ျပပြဲ ႏွင့္ ေဟာေျပာပြဲ ျပဳလုပ္
အောက်တိုဘာ 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕နယ္တြင္ မိုင္းဆတ္ခရိုင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာနမွ နယ္လွည့္ စာၾကည့္တိုက္၊ ဓာတ္ပံုႏွင့္ နံရံကပ္စာေစာင္ျပပြဲအပါအ၀င္ ေဟာေျပာပြဲအား ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၃)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္က ျပဳလုပ္ေၾကာင္း သိရသည္။

မိုင္းဆတ္ခရိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ နယ္လွည့္ စာၾကည့္တိုက္၊ ဓာတ္ပံုႏွင့္ နံရံကပ္စာေစာင္ျပပြဲအပါအ၀င္ ေဟာေျပာပြဲအျဖစ္ မိုင္းျဖတ္ၿမိဳ႕နယ္ ကာနေက်းရြာရွိ အေျခခံပညာ အလယ္တန္းေက်ာင္းတြင္ က်င္းပျပဳလုပ္ရာ တာ၀န္ခံ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚမာဦးက ေက်းဇူးတင္ စကားေျပာၾကားၿပီးေနာက္ ခရိုင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ဒုတိယဦးစီးမွဴး ေဒၚနန္းၾကည္ေအးက စာအုပ္၊ စာေစာင္ ဖတ္႐ႈျခင္းေၾကာင့္ ရ႐ွိလာမည့္ အက်ိဳးေက်းဇူးမ်ားအား ႐ွင္းလင္းေဟာေျပာသည္။

အဆိုပါ ဌာန၏ နယ္လွည့္ အသိပညာေပးအစီအစဥ္တြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား စာအုပ္၊ စာေစာင္မ်ားငွားရမ္းေပးၿပီး အသိပညာေပး ျပသထားေသာ နံရံကပ္စာေစာင္ႏွင့္ ဓာတ္ပုံျပဘုတ္မ်ားအား ေက်ာင္းသား၊ ေက်ာင္းသူမ်ားက စိတ္ဝင္စားစြာ ၾကည့္႐ႈခဲ့ၾကေၾကာင္း သိရသည္။

ယခုလို ျပဳလုပ္ရျခင္းသည္ ေဒသခံ ျပည္သူမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စာေပအသိပညာဗဟုသုတရ႐ွိေစရန္ႏွင့္ စာဖတ္သည့္ အေလ့အက်င့္မ်ား ရ႐ွိလာေစရန္ရည္႐ြယ္ကာ နယ္လွည့္စာၾကည့္တိုက္၊ ေဟာေျပာပြဲ၊ ဓာတ္ပုံႏွင့္ နံရံကပ္စာေစာင္ျပပြဲမ်ားကိုျပဳလုပ္ျခင္း ျဖစ္ေၾကာင္း ႏွင့္ ယခုလိုပင္ လစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ေဇာ္၀မ္းထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နယ်လှည့် စာကြည့်တိုက်၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲအပါအဝင် ဟောပြောပွဲအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့် စာကြည့်တိုက်၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲအပါအဝင် ဟောပြောပွဲအဖြစ် မိုင်းဖြတ်မြို့နယ် ကာနကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာဦးက ကျေးဇူးတင် စကားပြောကြားပြီးနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက စာအုပ်၊ စာစောင် ဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြောသည်။

အဆိုပါ ဌာန၏ နယ်လှည့် အသိပညာပေးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာစောင်များငှါးရမ်းပေးပြီး အသိပညာပေး ပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြဘုတ်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယခုလို ပြုလုပ်ရခြင်းသည် ဒေသခံ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စာပေအသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်ရည်ရွယ်ကာ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲများကိုပြုလုပ်ခြင်း ဖြစ်ကြောင်း နှင့် ယခုလိုပင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇော်ဝမ်းထွန်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~