လားရိႈးၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ လူငယ္ညီလာခံက်င္းပ

လားရိႈးၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ လူငယ္ညီလာခံက်င္းပ
အောက်တိုဘာ 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ အမွတ္(၁)ရပ္ကြက္ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရံုးတြင္ ေအာက္တိုဘာလ (၇)ရက္ေန႔က အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ လူငယ္ညီလာခံ က်င္းပေၾကာင္း သိရသည္။

“ရွမ္းျပည္နယ္(ေျမာက္ပိုင္း)က ျပည္နယ္နဲ႔ ခရိုင္သံုးခုက ေကာ္မရွင္ေတြကို တာဝန္ေပးအပ္တဲ့ ညီလာခံ ျဖစ္ပါတယ္။ အဓိကလုပ္ေဆာင္တာကေတာ့ ခရိုင္ေကာ္မရွင္ရယ္၊ ျပည္နယ္ေကာ္မရွင္ရယ္၊ အဲဒါေတြကို တာဝန္ေပးအပ္တဲ့ပြဲေပ့ါ။ ၿပီးေတာ့ လူငယ္ေခါင္းေဆာင္ေကာင္းေတြ ထပ္ၿပီးထြက္ေပၚလာဖို႔ လူငယ္ေတြကို ဘယ္လိုစုေဆာင္းရမယ္ဆိုတဲ့နည္းလမ္းေတြကို ေဆြးေႏြးၾကတာျဖစ္ပါတယ္”ဟု လူငယ္ညီလာခံက်င္းပေရး ဗဟိုေကာ္မတီအဖြဲ႔ဝင္ ရွမ္း/ေျမာက္ တာဝန္ခံဦးေရႊလွ (လားရိႈးၿမိဳ႕နယ္ အလုပ္အမႈေဆာင္ဥကၠဌ) က တာခ်ီလိတ္သတင္း ေအဂ်င္စီ သို႔ ေျပာသည္။

အဆိုပါ ညီလာခံသို႔ မူဆယ္ခရိုင္၊ လားရိႈးခရိုင္ ႏွင့္ ေက်ာက္မဲခရိုင္ တို႔မွ တာဝန္ခံမ်ားႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ရွမ္းျပည္နယ္ EC မ်ား၊ လားရိႈးၿမိဳ႕နယ္အတြင္းရွိ EC မ်ားႏွင့္ ပါတီဝင္မ်ား စုစုေပါင္းလူဦးေရ(၆၀)ခန္႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - Kham Oo


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁)ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အောက်တိုဘာလ (၇)ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ ကျင်းပကြောင်း သိရသည်။

“ရှမ်းပြည်နယ်(မြောက်ပိုင်း)က ပြည်နယ်နဲ့ ခရိုင်သုံးခုက ကော်မရှင်တွေကို တာဝန်ပေးအပ်တဲ့ ညီလာခံ ဖြစ်ပါတယ်။ အဓိကလုပ်ဆောင်တာကတော့ ခရိုင်ကော်မရှင်ရယ်၊ ပြည်နယ်ကော်မရှင်ရယ်၊ အဲဒါတွေကို တာဝန်ပေးအပ်တဲ့ပွဲပေါ့။ ပြီးတော့ လူငယ်ခေါင်းဆောင်ကောင်းတွေ ထပ်ပြီးထွက်ပေါ်လာဖို့ လူငယ်တွေကို ဘယ်လိုစုဆောင်းရမယ်ဆိုတဲ့နည်းလမ်းတွေကို ဆွေးနွေးကြတာဖြစ်ပါတယ်”ဟု လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မတီအဖွဲ့ဝင် ရှမ်း/မြောက် တာဝန်ခံဦးရွှေလှ (လားရှိုးမြို့နယ် အလုပ်အမှုဆောင်ဥက္ကဌ) က တာချီလိတ်သတင်း အေဂျင်စီ သို့ ပြောသည်။

အဆိုပါ ညီလာခံသို့ မူဆယ်ခရိုင်၊ လားရှိုးခရိုင် နှင့် ကျောက်မဲခရိုင် တို့မှ တာဝန်ခံများနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှမ်းပြည်နယ် EC များ၊ လားရှိုးမြို့နယ်အတွင်းရှိ EC များနှင့် ပါတီဝင်များ စုစုပေါင်းလူဦးရေ(၆၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Kham Oo

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~