လားရိႈးၿမိဳ႕တြင္ ျပည္သူ႔စစ္ဝတ္စံုဝတ္ၿပီး တရားမဝင္လက္နက္ကိုင္ေဆာင္သူတစ္ဦးအား ဖမ္းဆီးရမိ

လားရိႈးၿမိဳ႕တြင္ ျပည္သူ႔စစ္ဝတ္စံုဝတ္ၿပီး တရားမဝင္လက္နက္ကိုင္ေဆာင္သူတစ္ဦးအား ဖမ္းဆီးရမိ
အောက်တိုဘာ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ရပ္ကြက္(၈)မွ အကင္ဆိုင္တြင္ ေအာက္တိုဘာလ (၄)ရက္ေန႔ ညေန (၅)နာရီ၀န္းက်င္အခ်ိန္က ျပည္သူ႔စစ္ဝတ္စံု ဝတ္ဆင္ထားၿပီး တရားမဝင္ လက္နက္ ကိုင္ေဆာင္ထားသည့္ အမ်ဳိးသားတစ္ဦးအား စစ္ေဆးဖမ္းဆီးရမိေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ ရပ္ကြက္(၈)ရွိ အကင္ဆိုင္တစ္ဆိုင္တြင္ ျပည္သူ႔စစ္ဝတ္စုံဝတ္ဆင္ထား သူတစ္ဦးအား မသကၤာသျဖင့္ အေရွ႕ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ျပည္သူ႔စစ္ဌာန ဦးစီးအရာရွိ(ဒုတိယတန္း) ဗိုလ္မွဴး သိန္းေက်ာ္လင္း ဦးစီးအဖြဲ႕မွ စစ္ေဆးရာ ဓား(၁)လက္၊ ေသနတ္အိတ္အတြင္းထည့္ထားေသာ ဘရားဇီးႏိုင္ငံလုပ္ ပစၥတို ေသနတ္(၁)လက္၊ ၎က်ည္အိမ္(၁)ခု၊ ပြိဳင့္ ၂၂ က်ည္(၂၆)ေတာင့္၊ ၉ မမ က်ည္(၁၀)ေတာင့္၊ က်ည္အိမ္အပ်က္(၁)ခု၊ (91) လက္ပစ္ဗုံး(၁)လုံး၊ ျဖဴးစ္(၁)ခုတို႔အား ေတြ႕ရွိသိမ္းဆည္းခဲ့ၿပီး ၎အားစစ္ေမးရာ လက္နက္ခဲယမ္းမ်ားအား တရားမဝင္ကိုင္ေဆာင္သူျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု သိရသည္။

လက္နက္မ်ား တရားမဝင္ကိုင္ေဆာင္သည့္ သူရိန္ဆိုသူအား လားရိႈးၿမိဳ႕မရဲစခန္းတြင္ (ပ)၃၃၆/၂၀၁၇၊ လက္နက္ဥပေဒပုဒ္မ ၁၉(စ)ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၈)မှ အကင်ဆိုင်တွင် အောက်တိုဘာလ (၄)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်အချိန်က ပြည်သူ့စစ်ဝတ်စုံ ဝတ်ဆင်ထားပြီး တရားမဝင် လက်နက် ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးအား စစ်ဆေးဖမ်းဆီးရမိကြောင်း သိရသည်။

လားရှိုးမြို့ ရပ်ကွက်(၈)ရှိ အကင်ဆိုင်တစ်ဆိုင်တွင် ပြည်သူ့စစ်ဝတ်စုံဝတ်ဆင်ထား သူတစ်ဦးအား မသင်္ကာသဖြင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြည်သူ့စစ်ဌာန ဦးစီးအရာရှိ(ဒုတိယတန်း) ဗိုလ်မှူး သိန်းကျော်လင်း ဦးစီးအဖွဲ့မှ စစ်ဆေးရာ ဓား(၁)လက်၊ သေနတ်အိတ်အတွင်းထည့်ထားသော ဘရားဇီးနိုင်ငံလုပ် ပစ္စတို သေနတ်(၁)လက်၊၎င်းကျည်အိမ်(၁)ခု၊ ပွိုင့် ၂၂ ကျည်(၂၆)တောင့်၊ ၉ မမ ကျည်(၁၀)တောင့်၊ ကျည်အိမ်အပျက်(၁)ခု၊ (91) လက်ပစ်ဗုံး(၁)လုံး၊ ဖြူးစ်(၁)ခုတို့အား တွေ့ရှိသိမ်းဆည်းခဲ့ပြီး၎င်းအားစစ်မေးရာ လက်နက်ခဲယမ်းများအား တရားမဝင်ကိုင်ဆောင်သူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

လက်နက်များ တရားမဝင်ကိုင်ဆောင်သည့် သူရိန်ဆိုသူအား လားရှိုးမြို့မရဲစခန်းတွင် (ပ)၃၃၆/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~