လား႐ႈိးၿမိဳ႕မေစ်းအနီး လူသံုးဦးစီးနင္းလာသည့္ ဆိုင္ကယ္ႏွင့္ ကားမ်က္ႏွာခ်င္းဆိုင္ တိုက္မိ၍ တစ္ဦးေသ၊ ႏွစ္ဦး အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရ

လား႐ႈိးၿမိဳ႕မေစ်းအနီး လူသံုးဦးစီးနင္းလာသည့္ ဆိုင္ကယ္ႏွင့္ ကားမ်က္ႏွာခ်င္းဆိုင္ တိုက္မိ၍ တစ္ဦးေသ၊ ႏွစ္ဦး အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရ
အောက်တိုဘာ 30, 2017
By Tachileik News Agency

႐ွမ္းျပည္နယ္ (ေျမာက္ပိုင္း) လား႐ႈိးၿမိဳ႕ရွိ ၿမိဳ႕မေဈးအနီး ဘူတာလမ္းေပၚတြင္ ေအာက္တိုဘာလ (၂၉) ရက္ေန႔ ည (၉) နာရီခန္႔က လူသံုးေယာက္စီးလာသည့္ ဆိုင္ကယ္ႏွင့္ လိုက္ထရပ္ကားတို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ ဆိုင္ကယ္ေမာင္းသူ ေသဆုံးသြားေၾကာင္းသိရသည္။

လား႐ႈိးၿမိဳ႕မေဈးရပ္ကြက္ (၁)ဘူတာလမ္းေပၚတြင္ ဘူတာဘက္မွ ၿမိဳ႕မေဈးဘက္သို႔ ေမာင္စေဒးဗစ္ ေမာင္းႏွင္၍ လူသံုးဦးစီးနင္းလာသည့္ ဆိုင္ကယ္သည္ ေရွ႕မွယာဥ္အား ေက်ာ္တက္စဥ္ မ်က္ႏွာခ်င္းဆုိင္မွ ေမာင္းႏွင္လာသည့္ လိုက္ထရပ္ေမာ္ေတာ္ယာဥ္ျဖင့္ တုိက္မိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူမွာ အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားၿပီး ဆိုင္ကယ္တြင္ စီးနင္းလာသူႏွစ္ဦးမွာ ဒဏ္ရာရသြားသျဖင့္ လားရိႈးၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီးတြင္ အတြင္းလူနာမ်ားအျဖစ္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္ပြားသည့္ ဆုိင္ကယ္မွာ လိုင္စင္စိစစ္ဆဲျဖစ္ၿပီး ဆိုင္ကယ္စီးနင္းသူသံုးဦးလံုးမွာ ဆုိင္ကယ္စီးဦးထုပ္ ေဆာင္းထားျခင္း မရိွေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဆိုင္ကယ္ေမာင္းနွင္သူ စေဒးဗစ္(ေသဆုံး) အား လား႐ႈိးၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၄၇/၂၀၁၇ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၉/ ၃၃၇/၃၃၈/ ၃၀၄-က အရ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ မြို့မဈေးအနီး ဘူတာလမ်းပေါ်တွင် အောက်တိုဘာလ (၂၉) ရက်နေ့ ည (၉) နာရီခန့်က လူသုံးယောက်စီးလာသည့် ဆိုင်ကယ်နှင့် လိုက်ထရပ်ကားတို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ သေဆုံးသွားကြောင်းသိရသည်။

လားရှိုးမြို့မဈေးရပ်ကွက် (၁)ဘူတာလမ်းပေါ်တွင် ဘူတာဘက်မှ မြို့မဈေးဘက်သို့ မောင်စဒေးဗစ် မောင်းနှင်၍ လူသုံးဦးစီးနင်းလာသည့် ဆိုင်ကယ်သည် ရှေ့မှယာဉ်အား ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် လိုက်ထရပ်မော်တော်ယာဉ်ဖြင့် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ဆိုင်ကယ်တွင် စီးနင်းလာသူနှစ်ဦးမှာ ဒဏ်ရာရသွားသဖြင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် ဆိုင်ကယ်မှာ လိုင်စင်စိစစ်ဆဲဖြစ်ပြီး ဆိုင်ကယ်စီးနင်းသူသုံးဦးလုံးမှာ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားခြင်း မရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်မောင်းနှင်သူ စဒေးဗစ်(သေဆုံး) အား လားရှိုးမြို့မရဲစခန်းတွင် ယာဉ်(ပ) ၄၇/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/ ၃၃၇/၃၃၈/ ၃၀၄-က အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~