တာခ်ီလိတ္ခရိုင္အတြင္း လုိင္စင္မဲ့ဆိုင္ကယ္မ်ား လိုင္စင္ေလွ်ာက္ထားၾကရန္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး တိုက္တြန္း

တာခ်ီလိတ္ခရိုင္အတြင္း လုိင္စင္မဲ့ဆိုင္ကယ္မ်ား လိုင္စင္ေလွ်ာက္ထားၾကရန္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး တိုက္တြန္း
အောက်တိုဘာ 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရုိင္ကုန္းလမ္းပုိ႕ေဆာင္ေရးညႊန္ၾကားမွဳဦးစီးဌာနတြင္ လိုင္စင္မဲ့ ေမာ္ေတာ္ ဆုိင္ကယ္မ်ားအား ေဒသလိုင္စင္ထုတ္ေပးျခင္း ေဆာင္ရြက္ေနေသာ္လည္း လိုင္စင္ျပဳလုပ္သူ နည္းလာသျဖင့္ လိုင္စင္ေလွ်ာက္ထားျခင္း အျမန္ဆံုးလုပ္ေဆာင္ၾကရန္ တာခ်ီလိတ္ခရိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက တုိက္တြန္းလုိက္သည္။

“လတ္တေလာမွာေတာ့ စစ္ေဆးဖို႔ အစီအစဥ္ေတာ့ မရိွေသးပါဘူး။ ဒီၾကားမွာ လူထုကို အသိပညာေပးရင္း ရေအာင္ စည္းရံုးၿပီး ႀကိဳးစားေနပါတယ္။ ေနာက္ပိုင္းမွာေတာ့ ညႊန္ၾကားခ်က္အတုိင္းပဲ လုပ္သြားရမွာပါ။ အကယ္၍မ်ား ဒီလို အခ်ိန္ေပးထားခ်ိန္မွာ မလုပ္မိလို႔ ေနာက္ပိုင္းမွာ ဒီထက္ျမင့္တဲ့ ဒဏ္ေၾကးနဲ႔မ်ား အေရးယူ ေဆာင္ရြက္လာရင္ ကိုယ့္ေဒသခံေတြ နစ္နာမွာစိုးတဲ့အတြက္ အခြင့္အေရး ရတုန္း လုပ္ေဆာင္ထားၾကပါလို႔ေတာ့ တုိက္တြန္းထားခ်င္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ (၂၉)ရက္ေန႔တြင္ ေျပာသည္။

တာခ်ီလိတ္ခရုိင္ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမွဳဦးစီးဌာနတြင္ စက္တင္ဘာလ (၇)ရက္ေန႔မွ စက္တင္ဘာလ (၂၅)ရက္ေန႔အထိ လိုင္စင္မဲ့ ေမာ္ေတာ္ဆုိင္ကယ္(၁၂၃)စီးသာ မွတ္ပံုတင္ျခင္း လုပ္ငန္းမ်ားလာေရာက္ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ျပည္နယ္တြင္း လိုင္စင္မဲ့ေမာ္ေတာ္ဆုိင္ကယ္မ်ားအား လိုင္စင္ျပဳလုပ္ေပးမည့္ သတင္းထြက္ေပၚစဥ္က ေဒသခံမ်ား စိတ္ဝင္စားမႈ ျမင့္ေသာ္လည္း ဒဏ္ေၾကးသတ္မွတ္ခ်က္မွာ ေဒသတြင္း လုိင္စင္မဲ့ ဆိုင္ကယ္မ်ား၏ အမွန္တကယ္ ေပါက္ေစ်းႏွင့္ ႏိႈင္းယွဥ္ပါက မ်ားလြန္းသျဖင့္ လိုင္စင္လုပ္ေဆာင္ရန္ အခက္အခဲျဖစ္ေနရေၾကာင္း ေဒသခံမ်ား၏ ေဝဖန္မႈမ်ားလည္း ထြက္ေပၚေနျခင္းျဖစ္သည္။

“ေဒသခံေတြ ေျပာေနတာကေတာ့ ေစ်းႀကီးတယ္လို႔ေတာ့ ေျပာၾကတာေပါ့ေနာ္။ အဲဒါကေတာ့ ကၽြန္ေတာ္တို႔ရဲ႕ ကက္ပိနက္ဆံုးျဖတ္ခ်က္အရ ဒီလိုေလးေတာ့ သင့္ေတာ္မယ္။ ဒီေလာက္သတ္မွတ္မယ္လို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္တဲ့အတြက္ေၾကာင့္ ေအာက္ေျခလူထုအတြက္လည္း ျဖစ္ႏုိင္ေခ်ရိွတာကို စဥ္းစားေပးထားတယ္လို႔ေတာ့ ကၽြန္ေတာ္ ယူဆပါတယ္။ ဒီလိုလုပ္တာကလည္း တစ္ဖက္က ႏုိင္ငံေတာ္ အခြန္ရေအာင္၊ တစ္ဖက္ကလည္း ဆိုင္ကယ္ေတြ တရားဝင္ျဖစ္သြားေတာ့ လြတ္လြတ္လပ္လပ္နဲ႔ စီးႏုိင္သလို မႈခင္းေလ်ာ့က်ေရးအတြက္ အေထာက္အကူျဖစ္တာေပါ့။ တခ်ိဳ႕ဆို လိုင္စင္မဲ့တုိက္သြားေတာ့ ဘယ္သူတုိက္သြားမွန္းမသိ ျဖစ္တာေပါ့ေနာ္”ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆုိင္ကယ္မ်ားအား ေဒသလိုင္စင္ထုတ္ေပးျခင္း ကုန္းလမ္း ပုိ႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာနရံုးမ်ားတြင္ အဖြဲ႕စံုျဖင့္ တစ္ေနရာတည္းအၿပီး လုပ္ေဆာင္ေပးျခင္းကို ၂၀၁၇ ခုႏွစ္ မတ္လ (၁)ရက္ေန႔မွ ဇြန္လဆန္းအထိ လုပ္ေဆာင္ေပးၿပီးေနာက္ စက္တင္ဘာလ(၁)ရက္ေန႔မွစ၍ ေန႔စဥ္ ရံုးဖြင့္ခ်ိန္မ်ားအတြင္း ပံုမွန္လုိင္စင္ ေလွ်ာက္ထားသည့္ အဆင့္မ်ား အတုိင္း ေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

“ကြ်န္ေတာ္တို႔ ေန႔စဥ္ေဆာင္ရြက္ေပးသြားမွာပါ။ အခုက ကၽြန္ေတာ္တုိ႔ရံုးကို လာေလွ်ာက္ရင္ စစ္ေဆးေရးအဖြဲ႕နဲ႔ စစ္ေဆးေပးပါမယ္။ အဲဒီမွာ ေမာ္ဒယ္ သတ္မွတ္ေပးလိုက္မယ္။ ဘဏ္မွာ ကိုယ္တုိင္ သြားသြင္းရမယ္။ ေငြေပးသြင္းၿပီးျဖတ္ပိုင္းနဲ႔အတူ အာမခံရံုးမွာ အာမခံသြားသြင္းေပးရမယ္။ အဲဒီစာရြက္ေတြ အားလံုးျပည့္စံုမွ ကၽြန္ေတာ္တုိ႔ ကညနရံုးကေန လိုင္စင္ထုတ္ေပးမွာပါ”ဟု ကုန္းလမ္း ပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးစိုုင္းလံုေက်ာက္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

မွတ္ပံုတင္ျပဳလုပ္မည့္ ဆုိင္ကယ္မ်ားအား ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနတြင္ စစ္ေဆးေရး အဖြဲ႕က ဆိုင္ကယ္အမ်ိဳးအစား၊ ေမာ္ဒယ္သတ္မွတ္ခ်က္မ်ား စိစစ္ေပးၿပီး သတ္မွတ္ ဒဏ္ေၾကးအား ျမန္မာ့စီးပြားေရး ဘဏ္တြင္ ေပးသြင္းရမည္ျဖစ္ကာ အဆိုပါ ဒဏ္ေၾကးေပးသြင္းၿပီးေၾကာင္း ခ်လန္ျဖတ္ပုိင္းႏွင့္ အတူ ျမန္မာ့အာမခံလုပ္ငန္းတြင္ သူတစ္ပါးထိခုိက္နစ္နာမႈ အာမခံေၾကး ေပးေဆာင္ၿပီးပါက ကုန္းလမ္း ပုိ႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရံုးတြင္ ယာဥ္မွတ္ပံုတင္ စာအုပ္(ကမ-၃)၊ ယာဥ္သက္ေသခံလက္မွတ္မ်ား ထုတ္ေပး သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္ မတ္လမွ ဇြန္လဆန္းအထိ ေဒသလိုင္စင္ထုတ္ထားသည့္ ဆုိင္ကယ္အစီးေရမွာ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္(၈၃၂)စီး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တြင္ (၄၇၇)စီးႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ (၅၄၂၈)စီး စုစုေပါင္း (၆၇၃၇)စီးရိွေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးခြင်း ဆောင်ရွက်နေသော်လည်း လိုင်စင်ပြုလုပ်သူ နည်းလာသဖြင့် လိုင်စင်လျှောက်ထားခြင်း အမြန်ဆုံးလုပ်ဆောင်ကြရန် တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တိုက်တွန်းလိုက်သည်။

“လတ်တလောမှာတော့ စစ်ဆေးဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။ ဒီကြားမှာ လူထုကို အသိပညာပေးရင်း ရအောင် စည်းရုံးပြီး ကြိုးစားနေပါတယ်။ နောက်ပိုင်းမှာတော့ ညွှန်ကြားချက်အတိုင်းပဲ လုပ်သွားရမှာပါ။ အကယ်၍များ ဒီလို အချိန်ပေးထားချိန်မှာ မလုပ်မိလို့ နောက်ပိုင်းမှာ ဒီထက်မြင့်တဲ့ ဒဏ်ကြေးနဲ့များ အရေးယူ ဆောင်ရွက်လာရင် ကိုယ့်ဒေသခံတွေ နစ်နာမှာစိုးတဲ့အတွက် အခွင့်အရေး ရတုန်း လုပ်ဆောင်ထားကြပါလို့တော့ တိုက်တွန်းထားချင်ပါတယ်”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၂၉)ရက်နေ့တွင် ပြောသည်။

တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စက်တင်ဘာလ (၇)ရက်နေ့မှ စက်တင်ဘာလ (၂၅)ရက်နေ့အထိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်(၁၂၃)စီးသာ မှတ်ပုံတင်ခြင်း လုပ်ငန်းများလာရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်တွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးမည့် သတင်းထွက်ပေါ်စဉ်က ဒေသခံများ စိတ်ဝင်စားမှု မြင့်သော်လည်း ဒဏ်ကြေးသတ်မှတ်ချက်မှာ ဒေသတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များ၏ အမှန်တကယ် ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက များလွန်းသဖြင့် လိုင်စင်လုပ်ဆောင်ရန် အခက်အခဲဖြစ်နေရကြောင်း ဒေသခံများ၏ ဝေဖန်မှုများလည်း ထွက်ပေါ်နခြေင်းဖြစ်သည်။

“ဒေသခံတွေ ပြောနေတာကတော့ ဈေးကြီးတယ်လို့တော့ ပြောကြတာပေါ့နော်။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ ကက်ပိနက်ဆုံးဖြတ်ချက်အရ ဒီလိုလေးတော့ သင့်တော်မယ်။ ဒီလောက်သတ်မှတ်မယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် အောက်ခြေလူထုအတွက်လည်း ဖြစ်နိုင်ချေရှိတာကို စဉ်းစားပေးထားတယ်လို့တော့ ကျွန်တော် ယူဆပါတယ်။ ဒီလိုလုပ်တာကလည်း တစ်ဖက်က နိုင်ငံတော် အခွန်ရအောင်၊ တစ်ဖက်ကလည်း ဆိုင်ကယ်တွေ တရားဝင်ဖြစ်သွားတော့ လွတ်လွတ်လပ်လပ်နဲ့ စီးနိုင်သလို မှုခင်းလျော့ကျရေးအတွက် အထောက်အကူဖြစ်တာပေါ့။ တချို့ဆို လိုင်စင်မဲ့တိုက်သွားတော့ ဘယ်သူတိုက်သွားမှန်းမသိ ဖြစ်တာပေါ့နော်”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးခြင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် အဖွဲ့စုံဖြင့် တစ်နေရာတည်းအပြီး လုပ်ဆောင်ပေးခြင်းကို ၂၀၁၇ ခုနှစ် မတ်လ (၁)ရက်နေ့မှ ဇွန်လဆန်းအထိ လုပ်ဆောင်ပေးပြီးနောက် စက်တင်ဘာလ(၁)ရက်နေ့မှစ၍ နေ့စဉ် ရုံးဖွင့်ချိန်များအတွင်း ပုံမှန်လိုင်စင် လျှောက်ထားသည့် အဆင့်များ အတိုင်း ဆောင်ရွက်ပေးနခြေင်းဖြစ်သည်။

“ကျွန်တော်တို့ နေ့စဉ်ဆောင်ရွက်ပေးသွားမှာပါ။ အခုက ကျွန်တော်တို့ရုံးကို လာလျှောက်ရင် စစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးပေးပါမယ်။ အဲဒီမှာ မော်ဒယ် သတ်မှတ်ပေးလိုက်မယ်။ ဘဏ်မှာ ကိုယ်တိုင် သွားသွင်းရမယ်။ ငွေပေးသွင်းပြီးဖြတ်ပိုင်းနဲ့အတူ အာမခံရုံးမှာ အာမခံသွားသွင်းပေးရမယ်။ အဲဒီစာရွက်တွေ အားလုံးပြည့်စုံမှ ကျွန်တော်တို့ ကညနရုံးကနေ လိုင်စင်ထုတ်ပေးမှာပါ”ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မှတ်ပုံတင်ပြုလုပ်မည့် ဆိုင်ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စစ်ဆေးရေး အဖွဲ့က ဆိုင်ကယ်အမျိုးအစား၊ မော်ဒယ်သတ်မှတ်ချက်များ စိစစ်ပေးပြီး သတ်မှတ် ဒဏ်ကြေးအား မြန်မာ့စီးပွားရေး ဘဏ်တွင် ပေးသွင်းရမည်ဖြစ်ကာ အဆိုပါ ဒဏ်ကြေးပေးသွင်းပြီးကြောင်း ချလန်ဖြတ်ပိုင်းနှင့် အတူ မြန်မာ့အာမခံလုပ်ငန်းတွင် သူတစ်ပါးထိခိုက်နစ်နာမှု အာမခံကြေး ပေးဆောင်ပြီးပါက ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ်သက်သေခံလက်မှတ်များ ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် မတ်လမှ ဇွန်လဆန်းအထိ ဒေသလိုင်စင်ထုတ်ထားသည့် ဆိုင်ကယ်အစီးရေမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်(၈၃၂)စီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် (၄၇၇)စီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၅၄၂၈)စီး စုစုပေါင်း (၆၇၃၇)စီးရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~