မႏၱေလးမွ လားရိႈးဘက္သို႔ သစ္တင္ေဆာင္လာသည့္ကား ေက်ာက္မဲတြင္ ဖမ္းဆီးရမိ

မႏၱေလးမွ လားရိႈးဘက္သို႔ သစ္တင္ေဆာင္လာသည့္ကား ေက်ာက္မဲတြင္ ဖမ္းဆီးရမိ
အောက်တိုဘာ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း ) ေက်ာက္မဲၿမိဳ႕နယ္စိုက္ပ်ိဳးေရး ရံုးေရွ႕ ျပည္ေထာင္စုလမ္းမတြင္ ေအာက္တိုဘာလ (၅) ရက္ေန႔ နံနက္ပိုင္းက (၂၂) ဘီးယာဥ္တစ္စီးအား ၿမိဳ႕မရဲတပ္ဖြဲ႕ႏွင့္ အသိ သက္ေသမ်ား ပါဝင္သည့္ အဖြဲ႕ျဖင့္ စစ္ေဆးရာ တရားမဝင္ တင္ေဆာင္လာသည့္သစ္မ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

“ၿမိဳ႕မရဲတပ္ဖြဲ႕ နဲ႔အတူ ၿမိဳ႕နယ္သစ္ေတာ ဦးစီးဌာနက တာဝန္ရွိသူေတြ အသိသက္ေသ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြ ပါဝင္တ့ဲအဖြဲ႕နဲ႔ မသကၤာဖြယ္ရာကားကို တားျမစ္စစ္ေဆးတ့ဲအခ်ိန္မွာ တရားမဝင္ တင္ေဆာင္လာတ့ဲ သစ္ေတြကို ဖမ္းဆီးရမိခ့ဲတာ ျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႕မွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေကာင္းျမတ္ေက်ာ္ က တာခီ်လိတ္သတင္းေအဂ်င္စီသို႕ ေျပာသည္။

မႏၱေလးဘက္မွ လားရႈိးဘက္သို႔ ေမာင္းႏွင္လာသည့္ တရားမဝင္ သစ္မ်ားတင္ေဆာင္လာသည့္ယာဥ္အား ေက်ာက္မဲၿမိဳ႕ နယ္သစ္ေတာ ဦးစီးဌာနတြင္ ထိန္းသိမ္းထားၿပီး သစ္အေလးခ်ိန္အား တြက္ခ်က္ေနဆဲ ျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္အား ေက်ာက္မဲၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္ အေရးယူရန္ ေဆာင္ရြက္လ်ွက္ ရွိေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #KMK


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း ) ကျောက်မဲမြို့နယ်စိုက်ပျိုးရေး ရုံးရှေ့ ပြည်ထောင်စုလမ်းမတွင် အောက်တိုဘာလ (၅) ရက်နေ့ နံနက်ပိုင်းက (၂၂) ဘီးယာဉ်တစ်စီးအား မြို့မရဲတပ်ဖွဲ့နှင့် အသိ သက်သေများ ပါဝင်သည့် အဖွဲ့ဖြင့် စစ်ဆေးရာ တရားမဝင် တင်ဆောင်လာသည့်သစ်များ ဖမ်းဆီးရမိကြောင်း သိရသည်။

“မြို့မရဲတပ်ဖွဲ့ နဲ့အတူ မြို့နယ်သစ်တော ဦးစီးဌာနက တာဝန်ရှိသူတွေ အသိသက်သေ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့အဖွဲ့နဲ့ မသင်္ကာဖွယ်ရာကားကို တားမြစ်စစ်ဆေးတဲ့အချိန်မှာ တရားမဝင် တင်ဆောင်လာတဲ့ သစ်တွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်”ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေးဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် တရားမဝင် သစ်များတင်ဆောင်လာသည့်ယာဉ်အား ကျောက်မဲမြို့ နယ်သစ်တော ဦးစီးဌာနတွင် ထိန်းသိမ်းထားပြီး သစ်အလေးချိန်အား တွက်ချက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား ကျောက်မဲမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူရန် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #KMK

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~