ေက်ာက္မဲၿမိဳ႕တြင္ ယာဥ္ထိန္းအဖြဲ႔က ေရွာင္တခင္စစ္ေဆးရာ စည္းကမ္းမလိုက္နာသည့္ ဆိုင္ကယ္ ၂၇ စီးဖမ္းဆီးရမိ

ေက်ာက္မဲၿမိဳ႕တြင္ ယာဥ္ထိန္းအဖြဲ႔က ေရွာင္တခင္စစ္ေဆးရာ စည္းကမ္းမလိုက္နာသည့္ ဆိုင္ကယ္ ၂၇ စီးဖမ္းဆီးရမိ
အောက်တိုဘာ 10, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ေအာက္တိုဘာလ(၁၀)ရက္ေန႔က ယာဥ္စည္းကမ္းလမ္းစည္းကမ္း ေကာ္မတီ၏ ပူးေပါင္းအဖြဲ႔ႏွင့္ ေရွာင္တခင္စစ္ေဆးမႈျပဳလုပ္ရာ စည္းကမ္းေဖါက္ဖ်က္သည့္ ေမာ္ေတာ္ဆိုင္ကယ္ (၂၇)စီးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

“အဓိကကေတာ့ ေမာ္ေတာ္ဆိုင္ကယ္ဦးထုပ္မေဆာင္းဘဲ ေမာင္းႏွင္သူေတြကို ေရွာင္တခင္စစ္ေဆးတာျဖစ္ပါတယ္။ အပတ္စဥ္ အဂၤါေန႔ေတြမွာ အခုလိုေရွာင္တခင္စစ္ေဆးမႈေတြကို ၿမိဳ႕တြင္းလမ္းမွာျပဳလုပ္မွာျဖစ္ၿပီးေတာ့ ဗုဒၶဟူး ေန႔မွာေတာ့ၿမိဳ႕ျပင္မွာ ျပဳလုပ္ဖို႔အစီအစဥ္ရွိပါတယ္။ ေက်ာက္မဲသူ၊ ေက်ာက္မဲသားေတြ သတိေလးေတြထားၿပီး စည္းကမ္းလိုက္နာ လာၾကေစဖို႔ျဖစ္ပါတယ္”ဟု အမွတ္ (၁၂၀) ယာဥ္ထိန္းရဲတပ္ဖြဲ႔စုမွ အရာရိွတစ္ဦးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕ရွိ အမွတ္(၁၂၀)ယာဥ္ထိန္း တပ္ဖြဲ႔စု၊ ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔၊ ေမာ္ေတာ္ယာဥ္ထိန္းသိမ္းေရးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာန၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားပါဝင္သည့္ ပူးေပါင္း အဖြဲ႔သည္ ေက်ာက္မဲၿမိဳ႕တြင္းလမ္းမႀကီးျဖစ္သည့္ ပင္လံုလမ္းႏွင့္ ဗဟိုေစ်းေတာင္ဘက္လမ္းဆံုတြင္ ယာဥ္စည္းကမ္းလမ္းစည္းကမ္း ေရွာင္တခင္စစ္ေဆးမႈျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
“ဆိုင္ကယ္ေမာင္းႏွင္သူ/စီးသူေတြအေနနဲ႔လည္း ဆိုင္ကယ္ဦးထုပ္ေဆာင္းၿပီး ေမာင္းႏွင္ေစခ်င္။ စီးေစခ်င္ပါတယ္။ မေတာ္တဆမႈျဖစ္ခဲ့သည္ရွိေသာ္ အသက္အႏၱရာယ္ကို တစ္ဖက္တစ္လမ္းက ကာကြယ္ၿပီးသားျဖစ္သလို၊ ယာဥ္စည္းကမ္း လမ္းစည္းကမ္းလည္း လိုက္နာၿပီးသားျဖစ္သြားတာေပါ့။ ယာဥ္ထိန္းရဲကိုျမင္မွ ဦးထုပ္ ေဆာင္းတာထက္ ဆိုင္ကယ္စီးတိုင္း ဦးထုပ္ေဆာင္းတဲ့အေလ့အက်င့္ေလး ရွိေစခ်င္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕ခံတစ္ဦးျဖစ္သည့္ ကိုထြန္းဦးက ေျပာသည္။

ဆိုင္ကယ္စီးဦးထုပ္မပါဘဲ ဆိိုင္ကယ္စီးနင္း၊ေမာင္းႏွင္ေနသည္ကို စစ္ေဆးေတြ႔ရိွပါက ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ၿပီး ၿမိဳ႕နယ္တရားရံုးတြင္ ဒဏ္ေငြ က်ပ္သံုးေသာင္းေပးေဆာင္ရ မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့တွင် ယာဉ်ထိန်းအဖွဲ့က ရှောင်တခင်စစ်ဆေးရာ စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ် ၂၇ စီးဖမ်းဆီးရမိ
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အောက်တိုဘာလ(၁၀)ရက်နေ့က ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကော်မတီ၏ ပူးပေါင်းအဖွဲ့နှင့် ရှောင်တခင်စစ်ဆေးမှုပြုလုပ်ရာ စည်းကမ်းဖေါက်ဖျက်သည့် မော်တော်ဆိုင်ကယ် (၂၇)စီးအား ဖမ်းဆီးရမိကြောင်း သိရသည်။

“အဓိကကတော့ မော်တော်ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မောင်းနှင်သူတွေကို ရှောင်တခင်စစ်ဆေးတာဖြစ်ပါတယ်။ အပတ်စဉ် အင်္ဂါနေ့တွေမှာ အခုလိုရှောင်တခင်စစ်ဆေးမှုတွေကို မြို့တွင်းလမ်းမှာပြုလုပ်မှာဖြစ်ပြီးတော့ ဗုဒ္ဓဟူး နေ့မှာတော့မြို့ပြင်မှာ ပြုလုပ်ဖို့အစီအစဉ်ရှိပါတယ်။ ကျောက်မဲသူ၊ ကျောက်မဲသားတွေ သတိလေးတွေထားပြီး စည်းကမ်းလိုက်နာ လာကြစေဖို့ဖြစ်ပါတယ်”ဟု အမှတ် (၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ အရာရှိတစ်ဦးက ပြောသည်။

ကျောက်မဲမြို့ရှိ အမှတ်(၁၂၀)ယာဉ်ထိန်း တပ်ဖွဲ့စု၊ ကျောက်မဲမြို့မရဲတပ်ဖွဲ့၊ မော်တော်ယာဉ်ထိန်းသိမ်းရေးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်း အဖွဲ့သည် ကျောက်မဲမြို့တွင်းလမ်းမကြီးဖြစ်သည့် ပင်လုံလမ်းနှင့် ဗဟိုစျေးတောင်ဘက်လမ်းဆုံတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ရှောင်တခင်စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဆိုင်ကယ်မောင်းနှင်သူ/စီးသူတွေအနေနဲ့လည်း ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး မောင်းနှင်စေချင်။ စီးစေချင်ပါတယ်။ မတော်တဆမှုဖြစ်ခဲ့သည်ရှိသော် အသက်အန္တရာယ်ကို တစ်ဖက်တစ်လမ်းက ကာကွယ်ပြီးသားဖြစ်သလို၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလည်း လိုက်နာပြီးသားဖြစ်သွားတာပေါ့။ ယာဉ်ထိန်းရဲကိုမြင်မှ ဦးထုပ် ဆောင်းတာထက် ဆိုင်ကယ်စီးတိုင်း ဦးထုပ်ဆောင်းတဲ့အလေ့အကျင့်လေး ရှိစေချင်ပါတယ်” ဟု ကျောက်မဲမြို့ခံတစ်ဦးဖြစ်သည့် ကိုထွန်းဦးက ပြောသည်။

ဆိုင်ကယ်စီးဦးထုပ်မပါဘဲ ဆိိုင်ကယ်စီးနင်း၊မောင်းနှင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ပြီး မြို့နယ်တရားရုံးတွင် ဒဏ်ငွေ ကျပ်သုံးသောင်းပေးဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~