ဂ်ပန္ ဦးေႏွာက္ေရာင္ ကာကြယ္ေဆး ထိုးႏွံျခင္းလုပ္ငန္းႏွင့္ ပတ္သက္၍ ေက်ာက္မဲေဆးရံုတြင္ အသိပညာေပး ေဆြးေႏြး

ဂ်ပန္ ဦးေႏွာက္ေရာင္ ကာကြယ္ေဆး ထိုးႏွံျခင္းလုပ္ငန္းႏွင့္ ပတ္သက္၍ ေက်ာက္မဲေဆးရံုတြင္ အသိပညာေပး ေဆြးေႏြး
အောက်တိုဘာ 11, 2017
By Tachileik News Agency

ဂ်ပန္ ဦးေႏွာက္ေရာင္ ကာကြယ္ေဆး ထိုးႏွံျခင္းလုပ္ငန္းႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕ရွိ ျပည္သူ႔ေဆးရံုတြင္ ေအာက္တိုဘာလ (၁၁) ရက္ေန႔ နံနက္ပိုင္းက အသိပညာေပး ေဆြးေႏြးပြဲကို ျပဳလုပ္ခဲ့ၿပီး လာမည့္ ႏိုဝင္ဘာလႏွင့္ဒီဇင္ဘာလတို႔တြင္ ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ အသက္ (၉)လမွ (၁၅) ႏွစ္အရြယ္ၾကား ကေလးမ်ားအား အခမဲ့ ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"မနက္(၉)နာရီမွာ စတင္ျပဳလုပ္တာျဖစ္ပါတယ္၊ အဓိကရည္ရြယ္ခ်က္ကေတာ့ ဂ်ပန္ဦးေႏွာက္ေရာင္ ေရာဂါဟာ (၁၅)ႏွစ္ေအာက္ ကေလးငယ္ေတြမွာပိုၿပီး ျပင္းထန္စြာ ျဖစ္ပြားတတ္တယ္၊ ေရာဂါျဖစ္သူအားလံုးရဲ႕ သံုးပံုတစ္ပံုဟာ ေသဆံုးႏိုင္ေျခရွိၿပီး သံုးပံုတစ္ပံုကေတာ့ ဦးေႏွာက္ေရာင္ရမ္းတာေတြ ျဖစ္က်န္ေနႏိုင္တဲ့အတြက္ ခႏၶာကိုယ္ ဖြံ႔ၿဖိဳးမႈကိုလည္း ထိခိုက္ေစႏိုင္ပါတယ္၊ ဒါဟာ အေရးတႀကီးကာကြယ္ရမဲ့ ေရာဂါျဖစ္ၿပီး ကာကြယ္ေဆးထိုးႏွံျခင္းကသာ ဒီေရာဂါကိုတားဆီးႏိုင္တာျဖစ္တဲ့အတြက္ တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ ကာကြယ္ေနရတဲ့ ေရာဂါလည္း ျဖစ္ပါတယ္"ဟု ေက်ာက္မဲခရိုင္က်န္းမာေရးဦးစီးမွဴး (ေက်ာက္မဲျပည္သူ႔ေဆးရံုအုပ္ႀကီး) ေဒါက္တာ ေအာင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

အဆိုပါ ေဆြးေႏြးပြဲ ဖြင့္ပြဲတြင္ ေက်ာက္မဲခရိုင္အုပ္ခ်ဳပ္ေရးမွဴးမွ အဖြင့္အမွာစကား ေျပာၾကားခဲ့ၿပီး ေဆြးေႏြးပြဲသို႔ တက္ေရာက္လာသည့္ ခရိုင္ႏွင့္ ၿမိဳ႕နယ္ဌာနဆိုင္ရာအသီးသီးမွ တာဝန္ရွိသူမ်ားအား ေက်ာက္မဲခရိုင္ က်န္းမာေရးဦးစီးမွဴးမွ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါႏွင့္ပတ္သက္သည့္ ႀကိဳတင္ကာကြယ္ေဆးထိုးႏွံျခင္း လုပ္ငန္း လုပ္ေဆာင္ရန္ အစီအစဥ္မ်ားအား ေဆြးေႏြးခဲ့ေၾကာင္း သိရွိရသည္။

"ႏိုဝင္ဘာလမွာ ေက်ာင္းအေျချပဳ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးထိုးႏွံျခင္းနဲ႔ ဒီဇင္ဘာလမွာ ျပည္သူလူထု အေျချပဳ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆး ထိုးႏွံျခင္းလုပ္ငန္းေတြကို လုပ္ေဆာင္သြားဖို႔ ရွိတဲ့အတြက္ ေက်ာက္မဲ ခရိုင္/ ၿမိဳ႕နယ္က ဌာနဆိုင္ရာအသီးသီးက တာဝန္ရွိသူေတြကို ႀကိဳတင္အသိပညာေပးေဆြးေႏြးမႈ ေဆာင္ရြက္ျခင္းျဖစ္ပါတယ္"ဟု ေက်ာက္မဲခရိုင္က်န္းမာေရးဦးစီးမွဴးက ေျပာသည္။

တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ အခမဲ့ထိုးႏွံေပးေနသည့္ ပိုလီယိုေရာဂါ ကာကြယ္ေဆးမ်ားကဲ့သို႔ ဂ်ပန္ဦးေႏွာက္ေရာင္ကာကြယ္ေဆးအား လာမည့္ ၂၀၁၈ ဘ႑ာႏွစ္အတြင္း အသက္ (၉) လအရြယ္ႏွင့္ အသက္ (၁၅)ႏွစ္ အရြယ္ၾကားရွိ ကေလးမ်ားအား ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - Dr.Aung Aung


~~~~~~~~⊰❂ unicode ~~~~~~~~

ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းက အသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး လာမည့် နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် ကျောက်မဲမြို့နယ်အတွင်းရှိ အသက် (၉)လမှ (၁၅) နှစ်အရွယ်ကြား ကလေးများအား အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မနက်(၉)နာရီမှာ စတင်ပြုလုပ်တာဖြစ်ပါတယ်၊ အဓိကရည်ရွယ်ချက်ကတော့ ဂျပန်ဦးနှောက်ရောင် ရောဂါဟာ (၁၅)နှစ်အောက် ကလေးငယ်တွေမှာပိုပြီး ပြင်းထန်စွာ ဖြစ်ပွားတတ်တယ်၊ ရောဂါဖြစ်သူအားလုံးရဲ့ သုံးပုံတစ်ပုံဟာ သေဆုံးနိုင်ခြေရှိပြီး သုံးပုံတစ်ပုံကတော့ ဦးနှောက်ရောင်ရမ်းတာတွေ ဖြစ်ကျန်နေနိုင်တဲ့အတွက် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်၊ ဒါဟာ အရေးတကြီးကာကွယ်ရမဲ့ ရောဂါဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းကသာ ဒီရောဂါကိုတားဆီးနိုင်တာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကာကွယ်နေရတဲ့ ရောဂါလည်း ဖြစ်ပါတယ်"ဟု ကျောက်မဲခရိုင်ကျန်းမာရေးဦးစီးမှူး (ကျောက်မဲပြည်သူ့ဆေးရုံအုပ်ကြီး) ဒေါက်တာ အောင်အောင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ ဆွေးနွေးပွဲ ဖွင့်ပွဲတွင် ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများအား ကျောက်မဲခရိုင် ကျန်းမာရေးဦးစီးမှူးမှ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း လုပ်ဆောင်ရန် အစီအစဉ်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

"နိုဝင်ဘာလမှာ ကျောင်းအခြပြေု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံခြင်းနဲ့ ဒီဇင်ဘာလမှာ ပြည်သူလူထု အခြပြေု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ ရှိတဲ့အတွက် ကျောက်မဲ ခရိုင်/ မြို့နယ်က ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေကို ကြိုတင်အသိပညာပေးဆွေးနွေးမှု ဆောင်ရွက်ခြင်းဖြစ်ပါတယ်"ဟု ကျောက်မဲခရိုင်ကျန်းမာရေးဦးစီးမှူးက ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခမဲ့ထိုးနှံပေးနေသည့် ပိုလီယိုရောဂါ ကာကွယ်ဆေးများကဲ့သို့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအား လာမည့် ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အသက် (၉) လအရွယ်နှင့် အသက် (၁၅)နှစ် အရွယ်ကြားရှိ ကလေးများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Dr.Aung Aung

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~