ႏိုင္ငံျခားသားပညာရွင္မ်ား ခန္႔ထားခြင့္ႏွင့္ တင္ျပေလွ်ာက္ထားျခင္းႏွင့္ ပတ္သက္၍ အသိေပးခ်က္ ထုတ္ျပန္

ႏိုင္ငံျခားသားပညာရွင္မ်ား ခန္႔ထားခြင့္ႏွင့္ တင္ျပေလွ်ာက္ထားျခင္းႏွင့္ ပတ္သက္၍ အသိေပးခ်က္ ထုတ္ျပန္
အောက်တိုဘာ 4, 2017
By Tachileik News Agency

ျမန္မာႏုိင္ငံရိွ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားတြင္ ႏိုင္ငံျခားသားပညာရွင္မ်ား ခန္႔ထားခြင့္ တင္ျပ ေလွ်ာက္ထားျခင္းႏွင့္ စပ္လ်ဥ္း၍ ေအာက္တိုဘာလ (၂၁) ရက္ေန႔တြင္ စတင္သက္ေရာက္မည့္ အသိေပး ေၾကညာခ်က္ကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၊ ရင္းႏွီးျမႇဳပ္ႏွံမႈ ႀကီးၾကပ္ေရးဌာနခြဲက ထုတ္ျပန္ထားသည္။

အဆိုပါ ထုတ္ျပန္္ခ်က္တြင္ ကုမၸဏီမွ ခန္႔ထားလိုသည့္ ႏိုင္ငံျခားပညာရွင္အား ျမန္မာႏိုင္ငံသို႔ေရာက္ရွိၿပီး အလုပ္ လုပ္ရက္ (၇)ရက္အတြင္း ေကာ္မရွင္သို႔ အလုပ္ခန္႔ထားခြင့္တင္ျပရန္ (သို႔မဟုတ္) ခန္႔ထားလိုသည့္ ႏိုင္ငံျခားသားပညာရွင္အား ႀကိဳတင္ခန္႔ထားခြင့္တင္ျပရန္လိုအပ္ေၾကာင္း အသိေပးထားသည္။

ယင္းသို႔ ေလွ်ာက္ထားတင္ျပရာတြင္ ဥကၠ႒၊ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၊ ရန္ကုန္ၿမိဳ႕သို႔ လိပ္မူ၍ ဝန္ထမ္း အမည္၊ Passport No.၊ ႏိုင္ငံသား၊ ရာထူး၊ ခန္႔ထားမည့္ ကာလ၊ ပညာအရည္ အခ်င္း ေဖာ္ျပထားသည့္ ကုမၸဏီတင္ျပစာ၊ Form-12(A) ႏိုင္ငံျခားသား ကြၽမ္းက်င္သူမ်ားအတြက္ အလုပ္လုပ္ခြင့္ ေလွ်ာက္လႊာ၊ ေငြသြင္းအေၾကာင္းၾကားလႊာ၊ တိုးျမႇင့္ခန္႔ထားခြင့္တင္ျပလာသည့္ ႏိုင္ငံျခားသား ဝန္ထမ္းမ်ား၏ ႏိုင္ငံကူး လက္မွတ္မိတၱဴ၊ အဆိုျပဳခ်က္ပါ ျပည္တြင္း/ျပည္ပဝန္ထမ္းအင္အား စာရင္းမိတၱဴ၊ ျပည္တြင္းဝန္ထမ္းမ်ားအား စီမံခန္႔ခြဲမႈ အဆင့္၊ ကြၽမ္းက်င္အဆင့္၊ သာမန္အဆင့္ စသည္ျဖင့္ ရာထူးႏွင့္ အေရအတြက္ ေဖာ္ျပရန္ႏွင့္ ျပည္ပဝန္ထမ္း အမည္၊ Passport No.၊ ရာထူး၊ ႏိုင္ငံသား ေဖာ္ျပ၍ ေကာ္မရွင္မွ ခန္႔ထားခြင့္ျပဳခဲ့သည့္ အေထာက္အထားမ်ား ပူးတြဲပါရိွသည့္ လက္ရွိခန္႔ထားၿပီး ျပည္တြင္း/ ျပည္ပဝန္ထမ္းအင္အားစာရင္း၊ ေနာက္ဆုံးတင္ျပခဲ့သည့္ သုံးလပတ္အစီရင္ခံစာမိတၱဴ (ပုံစံ-၁၀)၊ ခန္႔ထားခြင့္တင္ျပသည့္ ႏိုင္ငံျခားသားဝန္ထမ္း၏ ကြၽမ္းက်င္မႈအေထာက္အထား (သို႔) ဘြဲ႕ လက္မွတ္၊ ကိုယ္ေရးအက်ဥ္း၊ Investor ကိုယ္တိုင္မလာေရာက္ႏိုင္ပါက ကိုယ္စားလွယ္လႊဲစာတို႔ႏွင့္အတူ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

ေကာ္မရွင္မွ ခန္႔ထားခြင့္ျပဳခဲ့သည့္ ႏိုင္ငံျခားသားပညာရွင္အေနျဖင့္ ခြင့္ျပဳသက္တမ္း ကုန္ဆုံးၿပီး (သို႔မဟုတ္) ခြင့္ျပဳသက္တမ္းမကုန္ဆုံးမီ ႏႈတ္ထြက္သြားပါက ေကာ္မရွင္သို႔ ႏႈတ္ထြက္ေၾကာင္း အေထာက္အထား၊ ေလယာဥ္လက္မွတ္တို႔ ပူးတြဲ၍ အေၾကာင္းၾကားစာ ေပးပို႔ရမည္ျဖစ္ၿပီး ႏႈတ္ထြက္သြားသည့္ ႏိုင္ငံျခားသားပညာရွင္မ်ားေနရာတြင္ အစားထိုး ခန္႔ထားလိုပါက အဆိုပါ ႏႈတ္ထြက္သြားသည့္ ႏိုင္ငံျခားသားမ်ား ျပည္ပထြက္ခြာေၾကာင္းအေထာက္အထား ပူးတြဲတင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း- နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် နိုင်ငံခြားသားပညာရှင်များ ခန့်ထားခွင့် တင်ပြ လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ အောက်တိုဘာလ (၂၁) ရက်နေ့တွင် စတင်သက်ရောက်မည့် အသိပေး ကြေညာချက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးဌာနခွဲက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကုမ္ပဏီမှ ခန့်ထားလိုသည့် နိုင်ငံခြားပညာရှင်အား မြန်မာနိုင်ငံသို့ရောက်ရှိပြီး အလုပ် လုပ်ရက် (၇)ရက်အတွင်း ကော်မရှင်သို့ အလုပ်ခန့်ထားခွင့်တင်ပြရန် (သို့မဟုတ်) ခန့်ထားလိုသည့် နိုင်ငံခြားသားပညာရှင်အား ကြိုတင်ခန့်ထားခွင့်တင်ပြရန်လိုအပ်ကြောင်း အသိပေးထားသည်။

ယင်းသို့ လျှောက်ထားတင်ပြရာတွင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရန်ကုန်မြို့သို့ လိပ်မူ၍ ဝန်ထမ်း အမည်၊ Passport No.၊ နိုင်ငံသား၊ ရာထူး၊ ခန့်ထားမည့် ကာလ၊ ပညာအရည် အချင်း ဖော်ပြထားသည့် ကုမ္ပဏီတင်ပြစာ၊ Form-12(A) နိုင်ငံခြားသား ကျွမ်းကျင်သူများအတွက် အလုပ်လုပ်ခွင့် လျှောက်လွှာ၊ ငွေသွင်းအကြောင်းကြားလွှာ၊ တိုးမြှင့်ခန့်ထားခွင့်တင်ပြလာသည့် နိုင်ငံခြားသား ဝန်ထမ်းများ၏ နိုင်ငံကူး လက်မှတ်မိတ္တူ၊ အဆိုပြုချက်ပါ ပြည်တွင်း/ပြည်ပဝန်ထမ်းအင်အား စာရင်းမိတ္တူ၊ ပြည်တွင်းဝန်ထမ်းများအား စီမံခန့်ခွဲမှု အဆင့်၊ ကျွမ်းကျင်အဆင့်၊ သာမန်အဆင့် စသည်ဖြင့် ရာထူးနှင့် အရေအတွက် ဖော်ပြရန်နှင့် ပြည်ပဝန်ထမ်း အမည်၊ Passport No.၊ ရာထူး၊ နိုင်ငံသား ဖော်ပြ၍ ကော်မရှင်မှ ခန့်ထားခွင့်ပြုခဲ့သည့် အထောက်အထားများ ပူးတွဲပါရှိသည့် လက်ရှိခန့်ထားပြီး ပြည်တွင်း/ ပြည်ပဝန်ထမ်းအင်အားစာရင်း၊ နောက်ဆုံးတင်ပြခဲ့သည့် သုံးလပတ်အစီရင်ခံစာမိတ္တူ (ပုံစံ-၁၀)၊ ခန့်ထားခွင့်တင်ပြသည့် နိုင်ငံခြားသားဝန်ထမ်း၏ ကျွမ်းကျင်မှုအထောက်အထား (သို့) ဘွဲ့ လက်မှတ်၊ ကိုယ်ရေးအကျဉ်း၊ Investor ကိုယ်တိုင်မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာတို့နှင့်အတူ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ကော်မရှင်မှ ခန့်ထားခွင့်ပြုခဲ့သည့် နိုင်ငံခြားသားပညာရှင်အနဖြေင့် ခွင့်ပြုသက်တမ်း ကုန်ဆုံးပြီး (သို့မဟုတ်) ခွင့်ပြုသက်တမ်းမကုန်ဆုံးမီ နှုတ်ထွက်သွားပါက ကော်မရှင်သို့ နှုတ်ထွက်ကြောင်း အထောက်အထား၊ လေယာဉ်လက်မှတ်တို့ ပူးတွဲ၍ အကြောင်းကြားစာ ပေးပို့ရမည်ဖြစ်ပြီး နှုတ်ထွက်သွားသည့် နိုင်ငံခြားသားပညာရှင်များနေရာတွင် အစားထိုး ခန့်ထားလိုပါက အဆိုပါ နှုတ်ထွက်သွားသည့် နိုင်ငံခြားသားများ ပြည်ပထွက်ခွာကြောင်းအထောက်အထား ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

သတင်း- နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~