တာခ်ီလိတ္အေျချပဳ တိုင္းရင္းသားလူငယ္အဖြဲ႔၏ ဆင္းရဲႏြမ္းပါး ေက်ာင္းျပင္ပေရာက္လူငယ္မ်ားအတြက္ ပထမဆံုးသင္တန္းတြင္ အမ်ိဳးသမီးသင္တန္းသူဦးေရပိုမ်ား

တာခ်ီလိတ္အေျချပဳ တိုင္းရင္းသားလူငယ္အဖြဲ႔၏ ဆင္းရဲႏြမ္းပါး ေက်ာင္းျပင္ပေရာက္လူငယ္မ်ားအတြက္ ပထမဆံုးသင္တန္းတြင္ အမ်ိဳးသမီးသင္တန္းသူဦးေရပိုမ်ား
အောက်တိုဘာ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အေျခစိုက္သည့္ တုိင္းရင္းသားလူငယ္အဖြဲ႕၏ ေက်ာင္းပညာ ဆက္လက္သင္ၾကားရန္ အခက္အခဲျဖစ္ေနသည့္ လူငယ္မ်ားအတြက္ ပထမအႀကိမ္သင္တန္းတြင္ အမ်ိဳးသမီးသင္တန္းသူဦးေရ အမ်ားဆံုးျဖစ္ေၾကာင္း သိရသည္။

“အခုဖြင့္ထားတဲ့ (၄)လသင္တန္းက တစ္ဝက္က်ိဳးၿပီ။ ဒီမွာ သင္တန္းသား (၂၀)ေက်ာ္မွာ အမ်ိဳးသားက (၆)ေယာက္ပဲပါတယ္။ သင္တန္းအတြက္ ေရြးခ်ယ္တာက မိဘေတြက ေက်ာင္းဆက္ထားဖို႔ ပံ့ပိုးမႈ မေပးႏိုင္ေတာ့တဲ့ လူငယ္ေတြကို ပံ့ပိုးေပးဖို႔ပါ။ တခ်ိဳ႕ဆို ဆယ္တန္းေအာင္တယ္ ။ မိဘက ေက်ာင္းဆက္ မထားနုိင္ေတာ့ဘူး။ တခ်ိဳ႕ဆို ဆယ္တန္း မေအာင္ဘူး။ ဒါေပမဲ့ ေက်ာင္းဆက္ တက္ခ်င္တယ္။ မိဘကလည္း ေက်ာင္းမထားႏုိင္ေတာ့။ ဒီလိုလူငယ္ေတြ ပညာဆက္သင္ႏုိင္ေအာင္၊ အလုပ္အကိုင္ ရရိွေအာင္ ကူညီေပးတာပါ။ အသက္ကေတာ့ ကန္႔သတ္ထားပါတယ္။ အသက္ (၁၇)ႏွစ္ကေန (၂၂)ႏွစ္အရြယ္ လူငယ္ေတြကို ကူညီေပးတာပါ”ဟု တိုင္းရင္းသားလူငယ္အဖြဲ႕၏ ဥကၠဌျဖစ္သူ ဦးယုဒက ေျပာသည္။

ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ လြန္ခဲ့သည့္ သံုးႏွစ္ခန္႔ကတည္းက အေျခစိုက္လုပ္ေဆာင္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္ ေမလအတြင္းက တရားဝင္ အဖြဲ႕အစည္းမွတ္ပံုတင္ျဖင့္ တာခ်ီလိတ္တြင္ အေျခစိုက္ လုပ္ကိုင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

အဖြဲ႔၏ ပထမဆံုး အသက္ေမြးမႈ ပညာေပး(၄)လသင္တန္းအား သင္တန္းသား (၂၀)ျဖင့္ ဖြင့္လွစ္ထားရာ ထုိင္းႏုိင္ငံ ခ်င္းမိုင္ၿမိဳ႕ရိွ ဆမ္မကန္ဖဲန္သင္တန္းေက်ာင္းတြင္ ႏွစ္ပတ္ၾကာ ဟိုတယ္ပိုင္းဆိုင္ရာ သင္တန္းကိုလည္း သင္ၾကားေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းမွာ သင္တန္းသား၊ သင္တန္းသူမ်ား၏ အလုပ္အကိုင္ရရိွေရးအတြက္ အဖြဲ႕မွ ကူညီေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ဟိုတယ္ပိုင္းဆိုင္ရာ သင္တန္းေပးထားေတာ့ ဒီတာခ်ီလိတ္မွာပဲ ဟိုတယ္ေတြမွာ အလုပ္အကိုင္ရရိွေရး ကူညီေဆာင္ရြက္ေပးသြားမွာပါ။ ေနာက္သင္တန္းေတြကိုလည္း ထပ္ၿပီး ဖြင့္လွစ္ဖို႔ စီစဥ္ေနပါတယ္။ အခု သင္တန္းမွာေတာ့ တာေလနဲ႔ ေတာင္ႀကီးက သင္တန္းသားသံုးေယာက္ကေတာ့ အေဝးကလာတာဆိုေတာ့ အေဆာင္မွာေနရတယ္။ အေဆာင္ေနသူေတြကိုေတာ့ တစ္လကို ဘတ္(၃၀၀)ႏႈန္းပဲ ယူပါတယ္။ ေနာက္ထပ္ဖြင့္မယ့္ သင္တန္းေတြမွာေတာ့ တစ္လကို ဘတ္(၅၀၀)ႏႈန္းနဲ႔ ယူဖို႔ ေဆြးေႏြးေနပါတယ္။ ဒါက အေဆာင္ေနသူေတြအတြက္ပါ။ က်န္တဲ့ ဒီတာခ်ီလိတ္ကလူေတြကေတာ့ အေဆာင္မေနတာကလြဲရင္ က်န္တာအားလံုး အတူတူပါပဲ”ဟု တိုင္းရင္းသားလူငယ္အဖြဲ႕၏ ဥကၠဌျဖစ္သူ ဦးယုဒက ေျပာသည္။

အဖြဲ႔အေနျဖင့္ သင္တန္းသားမ်ားအား အဂၤလိပ္စာ၊ ထုိင္းႏွင့္ ကြန္ပ်ဴတာအေျခခံမ်ားကိုလည္း သင္ၾကားေပးေနေၾကာင္း သိရသည္။

တိုင္းရင္းသားလူငယ္အဖြဲ႔အား လူငယ္မ်ားက ဦးစီးဖြင့္လွစ္ထားၿပီး လုပ္ငန္းမ်ားေဆာင္ရြက္ရန္အတြက္ ထိုင္းႏုိင္ငံအေျခစိုက္ Child’s Dream အဖြဲ႔က ကူညီပံ့ပိုးမႈမ်ားေပးထားေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - EYT


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အခြေစိုက်သည့် တိုင်းရင်းသားလူငယ်အဖွဲ့၏ ကျောင်းပညာ ဆက်လက်သင်ကြားရန် အခက်အခဲဖြစ်နေသည့် လူငယ်များအတွက် ပထမအကြိမ်သင်တန်းတွင် အမျိုးသမီးသင်တန်းသူဦးရေ အများဆုံးဖြစ်ကြောင်း သိရသည်။

“အခုဖွင့်ထားတဲ့ (၄)လသင်တန်းက တစ်ဝက်ကျိုးပြီ။ ဒီမှာ သင်တန်းသား (၂၀)ကျော်မှာ အမျိုးသားက (၆)ယောက်ပဲပါတယ်။ သင်တန်းအတွက် ရွေးချယ်တာက မိဘတွေက ကျောင်းဆက်ထားဖို့ ပံ့ပိုးမှု မပေးနိုင်တော့တဲ့ လူငယ်တွေကို ပံ့ပိုးပေးဖို့ပါ။ တချို့ဆို ဆယ်တန်းအောင်တယ်။ မိဘက ကျောင်းဆက် မထားနိုင်တော့ဘူး။ တချို့ဆို ဆယ်တန်း မအောင်ဘူး။ ဒါပေမဲ့ ကျောင်းဆက် တက်ချင်တယ်။ မိဘကလည်း ကျောင်းမထားနိုင်တော့။ ဒီလိုလူငယ်တွေ ပညာဆက်သင်နိုင်အောင်၊ အလုပ်အကိုင် ရရှိအောင် ကူညီပေးတာပါ။ အသက်ကတော့ ကန့်သတ်ထားပါတယ်။ အသက် (၁၇)နှစ်ကနေ (၂၂)နှစ်အရွယ် လူငယ်တွေကို ကူညီပေးတာပါ”ဟု တိုင်းရင်းသားလူငယ်အဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးယုဒက ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက အခြေစိုက်လုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် မေလအတွင်းက တရားဝင် အဖွဲ့အစည်းမှတ်ပုံတင်ဖြင့် တာချီလိတ်တွင် အခြေစိုက် လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရသည်။

အဖွဲ့၏ ပထမဆုံး အသက်မွေးမှု ပညာပေး(၄)လသင်တန်းအား သင်တန်းသား (၂၀)ဖြင့် ဖွင့်လှစ်ထားရာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆမ်မကန်ဖဲန်သင်တန်းကျောင်းတွင် နှစ်ပတ်ကြာ ဟိုတယ်ပိုင်းဆိုင်ရာ သင်တန်းကိုလည်း သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းမှာ သင်တန်းသား၊ သင်တန်းသူများ၏ အလုပ်အကိုင်ရရှိရေးအတွက် အဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဟိုတယ်ပိုင်းဆိုင်ရာ သင်တန်းပေးထားတော့ ဒီတာချီလိတ်မှာပဲ ဟိုတယ်တွေမှာ အလုပ်အကိုင်ရရှိရေး ကူညီဆောင်ရွက်ပေးသွားမှာပါ။ နောက်သင်တန်းတွေကိုလည်း ထပ်ပြီး ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ အခု သင်တန်းမှာတော့ တာလေနဲ့ တောင်ကြီးက သင်တန်းသားသုံးယောက်ကတော့ အဝေးကလာတာဆိုတော့ အဆောင်မှာနေရတယ်။ အဆောင်နေသူတွေကိုတော့ တစ်လကို ဘတ်(၃၀၀)နှုန်းပဲ ယူပါတယ်။ နောက်ထပ်ဖွင့်မယ့် သင်တန်းတွေမှာတော့ တစ်လကို ဘတ်(၅၀၀)နှုန်းနဲ့ ယူဖို့ ဆွေးနွေးနေပါတယ်။ ဒါက အဆောင်နေသူတွေအတွက်ပါ။ ကျန်တဲ့ ဒီတာချီလိတ်ကလူတွေကတော့ အဆောင်မနေတာကလွဲရင် ကျန်တာအားလုံး အတူတူပါပဲ”ဟု တိုင်းရင်းသားလူငယ်အဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးယုဒက ပြောသည်။

အဖွဲ့အနဖြေင့် သင်တန်းသားများအား အင်္ဂလိပ်စာ၊ ထိုင်းနှင့် ကွန်ပျူတာအခြေခံများကိုလည်း သင်ကြားပေးနေကြောင်း သိရသည်။

တိုင်းရင်းသားလူငယ်အဖွဲ့အား လူငယ်များက ဦးစီးဖွင့်လှစ်ထားပြီး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံအခြေစိုက် Child’s Dream အဖွဲ့က ကူညီပံ့ပိုးမှုများပေးထားကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - EYT

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~