က်ဳိင္းတံုအ၀င္ ဘီးခြန္ေကာက္စခန္းတြင္ အိုက္စ္ ကီလို(၂၅၀)အား သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိ

က်ဳိင္းတံုအ၀င္ ဘီးခြန္ေကာက္စခန္းတြင္ အိုက္စ္ ကီလို(၂၅၀)အား သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိ
အောက်တိုဘာ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ေတာင္ႀကီးမွ က်ိဳင္းတံုၿမိဳ႕အဝင္ ဘီးခြန္ေကာက္စခန္းတြင္ ေအာက္တိုဘာလ (၂၅)ရက္ေန႔ နံနက္ပိုင္းက ICE အျဖဴေရာင္ပံုေဆာင္ခဲတစ္ကီလိုစီပါသည့္ အိတ္ေပါင္း (၂၅၀)အား ေမာ္ေတာ္ယာဥ္ျဖင့္ သယ္လာသူကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းပ်င္းၿမိဳ႕တြင္ ေနထိုင္သူ ျမ၀င္းဆိုသူသည္ ၎၏ ကိုယ္ပိုင္ကားျဖင့္ မူးယစ္ေဆး၀ါးမ်ားအား က်ဳိင္းတံုၿမိဳ႕တြင္းသို႔ သယ္ဆာင္လာေၾကာင္း သတင္းရရွိ၍ မူးယစ္တပ္ဖြဲ႔စု (၂၈)က်ိဳင္းတံုမွ တပ္ဖြဲ႔ဝင္မ်ား၊ စရဖ(တသခ)မွ တပ္ဖြဲ႔ဝင္မ်ားႏွင့္ သက္ဆိုင္ရာမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ က်ိဳင္းတံုၿမိဳ႕အဝင္ ဘီးခြန္ေကာက္စခန္းတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ရာမွ ဖမ္းဆီးရရွိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စခန္းတြင္ မိုင္းပ်င္းၿမိဳ႕ဘက္မွ က်ိဳင္းတံုၿမိဳ႕တြင္းသို႔ ေမာင္းႏွင္လာသည့္ ကားအား ရပ္တန္႔စစ္ေဆးရာ ကားအတြင္းမွ  ICE အျဖဴေရာင္ပံုေဆာင္ခဲတစ္ကီလိုစီပါဝင္သည့္ အိတ္ေပါင္း (၂၅၀) စုစုေပါင္းအေလးခ်ိန္ (၂၅၀)ကီလိုဂရမ္အား စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးသယ္ေဆာင္လာသူ ျမဝင္း ဆိုသူအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၃၀/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓာတ္ပံု - မယ(၂၈)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တောင်ကြီးမှ ကျိုင်းတုံမြို့အဝင် ဘီးခွန်ကောက်စခန်းတွင် အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ICE အဖြူရောင်ပုံဆောင်ခဲတစ်ကီလိုစီပါသည့် အိတ်ပေါင်း (၂၅၀)အား မော်တော်ယာဉ်ဖြင့် သယ်လာသူကို ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းပျင်းမြို့တွင် နေထိုင်သူ မြဝင်းဆိုသူသည်၎င်း၏ ကိုယ်ပိုင်ကားဖြင့် မူးယစ်ဆေးဝါးများအား ကျိုင်းတုံမြို့တွင်းသို့ သယ်ဆာင်လာကြောင်း သတင်းရရှိ၍ မူးယစ်တပ်ဖွဲ့စု (၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ၊ စရဖ(တသခ)မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျိုင်းတုံမြို့အဝင် ဘီးခွန်ကောက်စခန်းတွင် စစ်ဆေးမှုများ ပြုလုပ်ရာမှ ဖမ်းဆီးရရှိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းတွင် မိုင်းပျင်းမြို့ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ မောင်းနှင်လာသည့် ကားအား ရပ်တန့်စစ်ဆေးရာ ကားအတွင်းမှ ICE အဖြူရောင်ပုံဆောင်ခဲတစ်ကီလိုစီပါဝင်သည့် အိတ်ပေါင်း (၂၅၀) စုစုပေါင်းအလေးချိန် (၂၅၀)ကီလိုဂရမ်အား စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသယ်ဆောင်လာသူ မြဝင်း ဆိုသူအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၃၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ္ပံု - မယ(၂၈)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~