တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းေစ်းအနီး ေနအိမ္တြင္ တရုတ္ရုိးရာ လမုန္႔ပြဲေတာ္ျပဳလုပ္ေနစဥ္ မီးရွဴးမီးပန္းေဖာက္ရာမွ မီးေလာင္မႈျဖစ္ပြား

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းေစ်းအနီး ေနအိမ္တြင္ တရုတ္ရုိးရာ လမုန္႔ပြဲေတာ္ျပဳလုပ္ေနစဥ္ မီးရွဴးမီးပန္းေဖာက္ရာမွ မီးေလာင္မႈျဖစ္ပြား
အောက်တိုဘာ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္၊ ဆန္ဆိုင္းေစ်းအနီးရွိ ေနအိမ္တစ္လံုး၌ ေအာက္တိုဘာလ (၄)ရက္ေန႔ ည (၈)နာရီ (၅၅)မိနစ္ခန္႔တြင္ တရုတ္ရုိးရာ လမုန္႔ပြဲေတာ္ က်င္းပေနစဥ္ မီးရွဴးမီးပန္းေဖာက္ရာမွ မီးေလာင္ကၽြမ္းမႈျဖစ္ပြားေၾကာင္း သိရသည္။

ဆန္ဆိုင္း(က)ရပ္ကြက္၊ ဆန္ဆုိင္းေစ်းလမ္းရိွ အားယံု(ခ)အားရွဲန္၏ ေနအိမ္တြင္ တရုတ္ရိုးရာ လမုန္႔ပြဲေတာ္ ျပဳလုပ္ေနစဥ္ အားယံု(ခ)အားရွဲန္၏ ေနအိမ္မွ လုပ္သား တစ္ဦးျဖစ္သည့္ အုိက္ကြမ္း(ခ) ဆိုင္းကြမ္းက ေနအိမ္ေဘး ေျမကြက္လပ္တြင္ မီးရွဴးမီးပန္း ေဖာက္ရာမွ ေနအိမ္ အေပၚထပ္မွ ဖြင့္ထားသည့္ ျပတင္းတံခါးမွ တစ္ဆင့္ အခန္းတြင္းသို႔ မီးပန္း လြင့္စင္ကာ အိပ္ခန္းရိွေမြ႕ယာအား မီး စတင္ေလာင္ကၽြမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးထိန္ဝင္း၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးသန္းႏု၊ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးၾကည္စိုးႏွင့္အဖြဲ႔၊ ခရိုင္မီးသတ္ဦးစီးဌာနမွ ဦးစီးမွဴး ဦးထြန္းႏုိင္ဦးႏွင့္အဖြဲ႕၊ ဆန္ဆိုင္း(က)ႏွင့္(ခ)တို႔မွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕ဝင္မ်ား၊ ရပ္ကြက္ျပည္သူ႔စစ္မ်ား သြားေရာက္၍ ဝိုင္းဝန္း ၿငိႇမ္းသတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္ကၽြမ္းမႈႏွင့္ပတ္သက္၍ အိုက္ကြမ္း(ခ) အိုက္ဆုိင္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၀၂/၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - #စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်းဈေးအနီးရှိ နေအိမ်တစ်လုံး၌ အောက်တိုဘာလ (၄)ရက်နေ့ ည (၈)နာရီ (၅၅)မိနစ်ခန့်တွင် တရုတ်ရိုးရာ လမုန့်ပွဲတော် ကျင်းပနေစဉ် မီးရှူးမီးပန်းဖောက်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်းဈေးလမ်းရှိ အားယုံ(ခ)အားရှဲန်၏ နေအိမ်တွင် တရုတ်ရိုးရာ လမုန့်ပွဲတော် ပြုလုပ်နေစဉ် အားယုံ(ခ)အားရှဲန်၏ နေအိမ်မှ လုပ်သား တစ်ဦးဖြစ်သည့် အိုက်ကွမ်း(ခ) ဆိုင်းကွမ်းက နေအိမ်ဘေး မြေကွက်လပ်တွင် မီးရှူးမီးပန်း ဖောက်ရာမှ နေအိမ် အပေါ်ထပ်မှ ဖွင့်ထားသည့် ပြတင်းတံခါးမှ တစ်ဆင့် အခန်းတွင်းသို့ မီးပန်း လွင့်စင်ကာ အိပ်ခန်းရှိမွေ့ယာအား မီး စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကြည်စိုးနှင့်အဖွဲ့၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းနိုင်ဦးနှင့်အဖွဲ့၊ ဆန်ဆိုင်း(က)နှင့်(ခ)တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူ့စစ်များ သွားရောက်၍ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အိုက်ကွမ်း(ခ) အိုက်ဆိုင်းအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၀၂/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~