မူဆယ္ၿမိဳ႕နယ္အတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈ ေလ်ာ့က်လာ

မူဆယ္ၿမိဳ႕နယ္အတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈ ေလ်ာ့က်လာ
အောက်တိုဘာ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္အတြင္း ေအာက္တိုဘာလဆန္းပိုင္းက ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈေၾကာင့္ ေဆးရံုတြင္ ေနရာထုိင္ခင္းအခက္အခဲျဖစ္ခဲ့သည္အထိ လူနာမ်ား ရုတ္တရက္ မ်ားခဲ့ေသာ္လည္း ယခုအခါတြင္ ျဖစ္ပြားမႈေလ်ာ့က်လာၿပီး ေအာက္တိုဘာလ (၁၈)ရက္ေန႔အထိ လူနာ (၄၄)ဦးသာ ေဆးရံု၌ ကုသမႈခံယူေနရေၾကာင္း သိရသည္။

“ေနရာ၊ ေဆးဝါး အလံုအေလာက္ရွိေအာင္ ေဆးရံုက စီမံေပးထားပါတယ္။ လူနာေတြကေတာ့ ေတာ္ေတာ္ ေလ်ာ့က်သြားပါၿပီ။ ေသြးလြန္တုပ္ေကြးလူနာ ကေလးေဆာင္မွာက (၁၃)ဦးနဲ႔ လူႀကီးေဆာင္မွာက (၃၁)ဦးပဲ ရွိပါေတာ့တယ္။ လူနာေတြက သက္သာပါတယ္။ မူဆယ္ၿမိဳ႕နယ္အတြင္းမွာလည္း က်န္းမာေရး ဝန္ထမ္းေတြနဲ႔ သက္ဆိုင္ရာအဖြဲ႔ေတြကေန ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္မႈေတြနဲ႔ ျခင္ေဆးျဖန္းတာ၊ ေဆးခပ္တာေတြ လုပ္ၿပီးတဲ့ေနာက္ပိုင္းမွာ လူနာေတြလည္း အေရအတြက္နည္းသြားတာျဖစ္ပါတယ္” ဟု မူဆယ္ျပည္သူ႔ေဆးရံုမွ ငွက္ဖ်ားေဆးျဖန္းတာဝန္ခံ ေဒၚေမသူဇာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူဆယ္ၿမိဳ႕နယ္တြင္ စက္တင္ဘာလကုန္မွ ေအာက္တိုဘာလဆန္းပိုင္းအထိ ေသြးလြန္ တုပ္ေကြးျဖစ္ပြားမႈေၾကာင့္ ကာကြယ္ေရးလုပ္ငန္းမ်ားအား အပတ္စဥ္ေဆာင္ရြက္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ပရဟိတအသင္းအဖြဲ႔ေတြ ပူးေပါင္းၿပီးေတာ့ အထက္တန္းေက်ာင္း(၃)ေက်ာင္းမွာ ျခင္ေဆးျဖန္းတာေတြ လုပ္ေပးတယ္။ ေရာဂါအျဖစ္မ်ားတဲ့ လူေနရပ္ကြက္ေတြမွာ အဘိတ္ေဆးခပ္တာေတြလုပ္တယ္။ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာနကလည္း လုပ္ေပးပါတယ္။ လူနာအရမ္းမ်ားခဲ့တဲ့ တစ္ပတ္ဆယ္ရက္ ေလာက္ကေတာ့ ေနရာအခက္အခဲေတြ ရွိတာေတြ႔တယ္”ဟု မူဆယ္ကရုဏာ လူမႈကူညီေရးအသင္းမွ အသင္းဥကၠဌ ဦးေသာင္းထြန္းက ေျပာသည္။

ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသည့္ကာလအတြင္း မူဆယ္ျပည္သူ႔ေဆးရံုသို႔ ေရာက္လာသည့္ လူနာမ်ားတြင္ စက္တင္ဘာလအတြင္းက ေဆးရံုေရာက္လာသည့္ ကေလးငယ္တစ္ဦး ေသဆံုးမႈျဖစ္ပြားခဲ့ေသာ္လည္း က်န္လူနာမ်ားအားလံုး အေျခအေနေကာင္းမြန္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်း အောက်တိုဘာလဆန်းပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ဆေးရုံတွင် နေရာထိုင်ခင်းအခက်အခဲဖြစ်ခဲ့သည်အထိ လူနာများ ရုတ်တရက် များခဲ့သော်လည်း ယခုအခါတွင် ဖြစ်ပွားမှုလျော့ကျလာပြီး အောက်တိုဘာလ (၁၈)ရက်နေ့အထိ လူနာ (၄၄)ဦးသာ ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။

“နေရာ၊ ဆေးဝါး အလုံအလောက်ရှိအောင် ဆေးရုံက စီမံပေးထားပါတယ်။ လူနာတွေကတော့ တော်တော် လျော့ကျသွားပါပြီ။ သွေးလွန်တုပ်ကွေးလူနာ ကလေးဆောင်မှာက (၁၃)ဦးနဲ့ လူကြီးဆောင်မှာက (၃၁)ဦးပဲ ရှိပါတော့တယ်။ လူနာတွေက သက်သာပါတယ်။ မူဆယ်မြို့နယ်အတွင်းမှာလည်း ကျန်းမာရေး ဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေကနေ သွေးလွန်တုပ်ကွေးရောဂါကာကွယ်မှုတွေနဲ့ ခြင်ဆေးဖြန်းတာ၊ ဆေးခပ်တာတွေ လုပ်ပြီးတဲ့နောက်ပိုင်းမှာ လူနာတွေလည်း အရေအတွက်နည်းသွားတာဖြစ်ပါတယ်” ဟု မူဆယ်ပြည်သူ့ဆေးရုံမှ ငှက်ဖျားဆေးဖြန်းတာဝန်ခံ ဒေါ်မေသူဇာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်မြို့နယ်တွင် စက်တင်ဘာလကုန်မှ အောက်တိုဘာလဆန်းပိုင်းအထိ သွေးလွန် တုပ်ကွေးဖြစ်ပွားမှုကြောင့် ကာကွယ်ရေးလုပ်ငန်းများအား အပတ်စဉ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ပရဟိတအသင်းအဖွဲ့တွေ ပူးပေါင်းပြီးတော့ အထက်တန်းကျောင်း(၃)ကျောင်းမှာ ခြင်ဆေးဖြန်းတာတွေ လုပ်ပေးတယ်။ ရောဂါအဖြစ်များတဲ့ လူနေရပ်ကွက်တွေမှာ အဘိတ်ဆေးခပ်တာတွေလုပ်တယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနကလည်း လုပ်ပေးပါတယ်။ လူနာအရမ်းများခဲ့တဲ့ တစ်ပတ်ဆယ်ရက် လောက်ကတော့ နေရာအခက်အခဲတွေ ရှိတာတွေ့တယ်”ဟု မူဆယ်ကရုဏာ လူမှုကူညီရေးအသင်းမှ အသင်းဥက္ကဌ ဦးသောင်းထွန်းက ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့်ကာလအတွင်း မူဆယ်ပြည်သူ့ဆေးရုံသို့ ရောက်လာသည့် လူနာများတွင် စက်တင်ဘာလအတွင်းက ဆေးရုံရောက်လာသည့် ကလေးငယ်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သော်လည်း ကျန်လူနာများအားလုံး အခြေအနေကောင်းမွန်ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~