အထက(တာချီလိတ်)၏ ကျောင်းသား/သူဟောင်းများမှ အာစရိယပူဇော်ပွဲနှင့်အတူ ကျောင်းသား/သူဟောင်းများ တွေ့ဆုံပွဲအား ကျင်းပမည်၊ ကျောင်းသား/သူဟောင်းများ ဆက်သွယ် ပါဝင်နိုင်

အထက(တာချီလိတ်)၏ ကျောင်းသား/သူဟောင်းများမှ အာစရိယပူဇော်ပွဲနှင့်အတူ ကျောင်းသား/သူဟောင်းများ တွေ့ဆုံပွဲအား ကျင်းပမည်၊ ကျောင်းသား/သူဟောင်းများ ဆက်သွယ် ပါဝင်နိုင်
အောကျတိုဘာ 15, 2017
By Tachileik News Agency




အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ ကျောင်းသား/သူဟောင်းများ၏ အာစရိယ ပူဇော်ပွဲနှင့်အတူ ကျောင်းသား/သူဟောင်းများ တွေ့ဆုံပွဲအား သတ်မှတ်ရက်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် ကျန်ရှိနေသည့် ကျောင်းသား/သူဟောင်းများအနေဖြင့် အကြံပြု ဆွေးနွေးနိုင်ရန်နှင့် ပါဝင်ဆင်နွှဲနိုင်ရန် ဒုတိယအကြိမ် အစည်းအဝေးအား ၂၀၁၇ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့ စနေနေ့ ည(၆)နာရီအချိန်တွင် တာချီလိတ်မြို့ ဆက်သွယ်ရေးရုံးလမ်းရှိ JA စားသောက်ဆိုင်၌ ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ကျောင်းသား/သူဟောင်းများအနေဖြင့် ပါဝင်ဆွေးနွေးစေလိုပြီး တက်ရောက်ပေးနိုင်ပါရန်အဆိုပါ အဖွဲ့မှ တိုက်တွန်းထားသည်။


အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျောင်းတက်ခဲ့ဖူးကြသည့် ရပ်နီး/ရပ်ဝေးမှ ကျောင်းသား/သူဟောင်းများအနေဖြင့် ဦးတင်ဝင်း ဖုန်း - 095241244 ၊ ဦးအောင်နေထွန်း ဖုန်း - 095028617 ၊ မနန်းငွေ ဖုန်း - 09250474146 ၊ ကိုနိုင်နိုင်ခန့် ဖုန်း - 09454054855 ၊ ကိုမောင်မောင်ထွန်း ဖုန်း - 095241434၊ ကိုစိုင်းဝန်းရှဲန် ထိုင်းဖုန်း - 0888055771 ၊ မမြတ်သန္တာထက် ဖုန်း - 09261299336၊ မကေသီအောင် ဖုန်း - 09254305359၊ မညိုညိုဝင်း ဖုန်း - 09450135613 နှင့် ကိုဇောင်း ဖုန်း - 09450046600တို့အား ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ ကျောင်းသား/သူဟောင်းများက ၂၀၁၇ခုနှစ်၏ နောက်ဆုံးလအတွင်း အာစရိယပူဇော်ပွဲနှင့်အတူ ကျောင်းသား/သူဟောင်းများ တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ရန်အတွက် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့ ည(၆း၃၀)နာရီအချိန်က JA စားသောက်ဆိုင် အပေါ်ထပ်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အ.ထ.က(တာချီလိတ်)ကျောင်းသား/သူဟောင်းများဖြင့် ဖွဲ့စည်းထားသည့် "အ.ထ.က(တာချီလိတ်) ကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာကန်တော့ပွဲနှင့် တွေ့ဆုံပွဲ နှစ်စဉ်ဖြစ်မြောက်ရေးကော်မတီ"မှ ဥက္ကဌ ဦးတင်ဝင်း အပါအဝင် ကော်မတီဝင်များနှင့် ကျောင်းသား/သူများ တက်ရောက်ကာ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုတွင် အာစရိယပူဇော်ပွဲနှင့်အတူ ကျောင်းသား/သူဟောင်းများ တွေ့ဆုံပွဲအား ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်ရန်အတွက် အတည်ပြု သတ်မှတ်လိုက်ပြီးနောက် အဆိုပါ ပွဲသို့ ကျောင်းသား/သူဟောင်းများ ပါဝင်ဆင်နွှဲနိုင်ရေးအပြင် ပူဇော်ကန်တော့မည့် ဆရာ/မများ၊ ကျင်းပပြုလုပ်မည့် အစီအစဉ် များအား အကြမ်းဖျင်း ဆွေးနွေးခဲ့ကြသည်။

အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ ကျောင်းသား/သူဟောင်းများ၏ အာစရိယ ပူဇော်ပွဲနှင့်အတူ ကျောင်းသား/သူဟောင်းများ တွေ့ဆုံပွဲအား သတ်မှတ်ရက်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် ကျန်ရှိနေသည့် ကျောင်းသား/သူဟောင်းများအနဖြေင့် အကြံပြု ဆွေးနွေးနိုင်ရန်နှင့် ပါဝင်ဆင်နွှဲနိုင်ရန် ဒုတိယအကြိမ် အစည်းအေဝးအား ၂၀၁၇ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့ စနေနေ့ ည(၆)နာရီအချိန်တွင် တာချီလိတ်မြို့ ဆက်သွယ်ရေးရုံးလမ်းရှိ JA စားသောက်ဆိုင်၌ ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ကျောင်းသား/သူဟောင်းများအနဖြေင့် ပါဝင်ဆွေးနွေးစေလိုပြီး တက်ရောက်ပေးနိုင်ပါရန်အဆိုပါ အဖွဲ့မှ တိုက်တွန်းထားသည်။

အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၏ ကျောင်းသား/သူဟောင်းများမှ အာစရိယပူဇော်ပွဲနှင့်အတူ ကျောင်းသား/သူဟောင်းများ တွေ့ဆုံပွဲအား၂၀၁၄ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ရာတွင် အသက်(၅၀)နှစ်အထက် ဆရာ/မ စုစုပေါင်း (၄၇)ဦးအား ကန်တော့ခဲ့ပြီး အသက်(၅၀)အောက် ဆရာ/မ (၄၈)ဦးအား ဧည့်ခံနိုင်ခဲ့ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျောင်းတက်ခဲ့ဖူးကြသည့် ရပ်နီး/ရပေ်ဝးမှ ကျောင်းသား/သူဟောင်းများအနဖြေင့် ဦးတင်ဝင်း ဖုန်း - 095241244၊ ဦးအောင်နေထွန်း ဖုန်း - 095028617၊ မနန်းငွေ ဖုန်း - 09250474146၊ ကိုနိုင်နိုင်ခန့် ဖုန်း - 09454054855၊ ကိုမောင်မောင်ထွန်း ဖုန်း - 095241434၊ ကိုစိုင်းဝန်းရှဲန် ထိုင်းဖုန်း - 0888055771၊ မမြတ်သန္တာထက် ဖုန်း - 09261299336၊ မကေသီအောင် ဖုန်း - 09254305359၊ မညိုညိုဝင်း ဖုန်း - 09450135613 နှင့် ကိုဇောင်း ဖုန်း - 09450046600တို့အား ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~