ရခုိင္ျပည္နယ္တြင္ ဆူပူမႈျဖစ္ရန္ ေငြေပးစည္းရံုးသူဟု ေရးသားသည့္ Facebook အေကာင့္ ၅ ခုအား ဧရာဝတီစီးပြားေရးလုပ္ငန္းစု ဥကၠ႒က ဆက္သြယ္ေရးဥပေဒျဖင့္ တရားစြဲ

ရခုိင္ျပည္နယ္တြင္ ဆူပူမႈျဖစ္ရန္ ေငြေပးစည္းရံုးသူဟု ေရးသားသည့္ Facebook အေကာင့္ ၅ ခုအား ဧရာဝတီစီးပြားေရးလုပ္ငန္းစု ဥကၠ႒က ဆက္သြယ္ေရးဥပေဒျဖင့္ တရားစြဲ
အောက်တိုဘာ 6, 2017
By 🌸
ရခိုင္ျပည္နယ္တြင္ ဆူပူမႈျဖစ္ေစရန္ ေငြေပးစည္းရံုးသည္ဟု လူမႈကြန္ယက္စာမ်က္ႏွာတြင္ စြပ္စြဲေရးသားသည့္ Facebook Account (၅)ခု၏ ပိုင္ရွင္မ်ားအား ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ မေကြးၿမိဳ႕ နယ္ေျမရဲစခန္းတြင္ ေအာက္တိုဘာလ (၄)ရက္ေန႔က အမႈဖြင့္လုိက္ေၾကာင္း သိရသည္။

 “အေကာင္႔ (၅) ခုနဲ႔ တက္လာတာျဖစ္လို႔ အဲဒီအေကာင္႔ (၅ )ခုကို ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)နဲ႔ (၅) မႈဖြင္႔ထားၿပီး အေကာင္႔ပိုင္ရွင္ေတြကို စံုစမ္းေဖာ္ထုတ္အေရးယူဖို႔ ေဆာင္ရြက္သြားမွာပါ”ဟု နယ္ေျမရဲ စခန္းမွဴး ရဲအုပ္ေက်ာ္ထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လူမႈကြန္ယက္စာမ်က္ႏွာတြင္ ရဲျမင္႔၊ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုင္းမဟာထြန္း၊ Zarni Tike၊ Min Din ႏွင့္Soe Lwin အေကာင့္အမည္မ်ားက မေကြးၿမိဳ႕ ဧရာဝတီစီးပြားေရးလုပ္ငန္းစု ဥကၠ႒ ဦးဟန္ေမာင္မွာ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕တြင္ ဆူပူမႈျဖစ္ပြားရန္ အားထုတ္လွ်င္ က်ပ္(၅) သိန္းေပးမည္ဆိုကာ စည္းရံုးေဆာင္ရြက္သူျဖစ္သည္ဟု ေရးသားခဲ့ၾကသျဖင့္ အဆိုပါအေကာင့္ပိုင္ရွင္မ်ားအား တရားစြဲဆိုထားျခင္းျဖစ္ေၾကာင္း သိရသည္။

 “မဟုတ္ဘဲနဲ႔ ေဖ႔စ္ဘုတ္ထဲမွာတင္ထားတာေတြေၾကာင္႔ မိတ္ေဆြအေပါင္းအသင္းေတြက မၾကာမၾကာ ေမးၾကေတာ႔ ဒါေလးကိုရွင္းရွင္းလင္းလင္း သိေအာင္ အမႈဖြင္႔လိုက္တာပါ”ဟု မေကြးၿမိဳ႕ ဧရာဝတီစီးပြားေရးလုပ္ငန္းစု ဥကၠ႒ ဦးဟန္ေမာင္က ေျပာသည္။

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕တြင္ ဆူပူအံုၾကြမႈျဖစ္ပြားေစရန္ မေကြးတိုင္းေဒသႀကီးအတြင္း ေငြေပးစည္းရံုးေနသူဟု သံသယရိွသည္႔ မေကြးၿမိဳ႕မွ အသက္ (၆၀)ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးအမႈအား မေကြးခ႐ိုင္တရား႐ံုးတြင္ ရာဇသတ္ႀကီး အမႈအမွတ္ ၅၅/၂၀၁၇ ျဖင့္ လက္ခံစစ္ေဆးလွ်က္ရိွေသာ္လည္း တရားစဲြဆိုခံရသူ၏အမည္ကို ထုတ္ေဖၚေျပာၾကားျခင္း မရိွေသးေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရခိုင်ပြည်နယ်တွင် ဆူပူမှုဖြစ်ရန် ငွေပေးစည်းရုံးသူဟု ရေးသားသည့် Facebook အကောင့် ၅ ခုအားဧရာဝတီစီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌက ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲ
**********
ရခိုင်ပြည်နယ်တွင် ဆူပူမှုဖြစ်စေရန် ငွေပေးစည်းရုံးသည်ဟု လူမှုကွန်ယက်စာမျက်နှာတွင် စွပ်စွဲရေးသားသည့် Facebook Account (၅)ခု၏ ပိုင်ရှင်များအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မကွေးမြို့ နယ်မြေရဲစခန်းတွင် အောက်တိုဘာလ (၄)ရက်နေ့က အမှုဖွင့်လိုက်ကြောင်း သိရသည်။

 “အကောင့် (၅) ခုနဲ့ တက်လာတာဖြစ်လို့ အဲဒီအကောင့် (၅ )ခုကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ (၅) မှုဖွင့်ထားပြီး အကောင့်ပိုင်ရှင်တွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့ ဆောင်ရွက်သွားမှာပါ”ဟု နယ်မြေရဲ စခန်းမှူး ရဲအုပ်ကျော်ထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူမှုကွန်ယက်စာမျက်နှာတွင် ရဲမြင့်၊ ဗိုလ်ချုပ်မှူးကြီး စိုင်းမဟာထွန်း၊ Zarni Tike၊ Min Din နှင့်Soe Lwin အကောင့်အမည်များက မကွေးမြို့ ဧရာဝတီစီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဦးဟန်မောင်မှာ ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူမှုဖြစ်ပွားရန် အားထုတ်လျှင် ကျပ်(၅) သိန်းပေးမည်ဆိုကာ စည်းရုံးဆောင်ရွက်သူဖြစ်သည်ဟု ရေးသားခဲ့ကြသဖြင့် အဆိုပါအကောင့်ပိုင်ရှင်များအား တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

 “မဟုတ်ဘဲနဲ့ ဖေ့စ်ဘုတ်ထဲမှာတင်ထားတာတွေကြောင့် မိတ်ဆွေအပေါင်းအသင်းတွေက မကြာမကြာ မေးကြတော့ ဒါလေးကိုရှင်းရှင်းလင်းလင်း သိအောင် အမှုဖွင့်လိုက်တာပါ”ဟု မကွေးမြို့ ဧရာဝတီစီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဦးဟန်မောင်က ပြောသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ဆူပူအုံကြွမှုဖြစ်ပွားစေရန် မကွေးတိုင်းဒေသကြီးအတွင်း ငွေပေးစည်းရုံးနေသူဟု သံသယရှိသည့် မကွေးမြို့မှ အသက် (၆၀)နှစ်အရွယ် အမျိုးသားတစ်ဦးအမှုအား မကွေးခရိုင်တရားရုံးတွင် ရာဇသတ်ကြီး အမှုအမှတ် ၅၅/၂၀၁၇ ဖြင့် လက်ခံစစ်ဆေးလျှက်ရှိသော်လည်း တရားစွဲဆိုခံရသူ၏အမည်ကို ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~