ထိုင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသားမ်ားအား တာခ်ီလိတ္တြင္ လႊဲေျပာင္းေပး

ထိုင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသားမ်ားအား တာခ်ီလိတ္တြင္ လႊဲေျပာင္းေပး
အောက်တိုဘာ 2, 2017
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏိုင္ငံသား(၆)ဦးအား ထိုင္းႏိုင္ငံမွ တာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ေအာက္တိုဘာလအတြင္း ပထမဆံုးအႀကိမ္ လႊဲေျပာင္းမႈအျဖစ္ ေအာက္တိုဘာလ (၂)ရက္ေန႔က ပို႔ေဆာင္လာေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသား အမ်ိဳးသား(၆)ဦးအား ထိုင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက ေအာက္တိုဘာလ (၂)ရက္ေန႔ ေန႔လယ္ (၂)နာရီခန္႔တြင္ တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတားအမွတ္ (၂)၌ ျမန္မာႏုိင္ငံမွ တာဝန္ရိွသူမ်ားထံ လႊဲေျပာင္း ေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံအတြင္း နယ္စပ္ျဖတ္ေက်ာ္လက္မွတ္ သက္တမ္းေက်ာ္လြန္ေနထုိင္ျခင္း၊အေထာက္အထားမရွိဘဲ ေနထုိင္ျခင္းတို႔ေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားကို ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားက ျမန္မာႏုိင္ငံ နယ္စပ္ၿမိဳ႕မ်ားျဖစ္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ႏွင့္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မ်ားတြင္ ျပန္လည္လႊဲေျပာင္းေပးေလ့ရိွျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံဘက္မွ လႊဲေျပာင္းလာသည့္ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာႏုိင္ငံမွ တာဝန္ရိွသူမ်ားက လႊဲေျပာင္းလက္ခံၿပီး ၎တုိ႕၏ မူလေနရပ္ေဒသမ်ားသုိ႔ ျပန္ႏုိင္ေရးအတြက္ ကူညီေဆာင္ရြက္ေပးေနျခင္း ျဖစ္သည္။

ထိုင္းႏုိင္ငံအတြင္း တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ႏွင့္နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္သို႔ ၂၀၁၇ ခုႏွစ္အတြင္း လႊဲေျပာင္းေပးခဲ့သည့္ အေရအတြက္မွာ ဇန္န၀ါရီလ(၁)ရက္ေန႕မွ ေအာက္တိုဘာလ(၂)ရက္ေန႔အထိ အမ်ိဳးသား (၆၇၂)ဦး၊ အမ်ိဳးသမီး(၃၀၉)ဦး၊ ကေလး(၅၅)ဦး စုစုေပါင္း (၁၀၃၆)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း
ဓာတ္ပံု #ၿမိဳ႕နယ္ေထြ/အုပ္



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား(၆)ဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ အောက်တိုဘာလအတွင်း ပထမဆုံးအကြိမ် လွှဲပြောင်းမှုအဖြစ် အောက်တိုဘာလ (၂)ရက်နေ့က ပို့ဆောင်လာကြောင်း သိရသည်။

မြန်မာနိုင်ငံသား အမျိုးသား(၆)ဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက အောက်တိုဘာလ (၂)ရက်နေ့ နေ့လယ် (၂)နာရီခန့်တွင် တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ် (၂)၌ မြန်မာနိုင်ငံမှ တာဝန်ရှိသူများထံ လွှဲပြောင်း ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော်လက်မှတ် သက်တမ်းကျော်လွန်နေထိုင်ခြင်း၊အထောက်အထားမရှိဘဲ နေထိုင်ခြင်းတို့ကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံ နယ်စပ်မြို့များဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ကရင်ပြည်နယ် မြဝတီမြို့များတွင် ပြန်လည်လွှဲပြောင်းပေးလေ့ရှိခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံမှ တာဝန်ရှိသူများက လွှဲပြောင်းလက်ခံပြီး၎င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနခြေင်း ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်သို့ ၂၀၁၇ ခုနှစ်အတွင်း လွှဲပြောင်းပေးခဲ့သည့် အရေအတွက်မှာ ဇန်နဝါရီလ(၁)ရက်နေ့မှ အောက်တိုဘာလ(၂)ရက်နေ့အထိ အမျိုးသား (၆၇၂)ဦး၊ အမျိုးသမီး(၃၀၉)ဦး၊ ကလေး(၅၅)ဦး စုစုပေါင်း (၁၀၃၆)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ #မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~