တာခ်ီလိတ္တြင္ က်င္းပသည့္ အျပည္ျပည္ဆိုင္ရာ သက္ႀကီးရြယ္အိုမ်ားေန ့အထိမ္းအမွတ္အခမ္းအနားသို႔ ၿမိဳ႕ေပၚ(၁၁)ရပ္ကြက္မွ စာရင္းေပးသြင္းထားသည့္ ဘိုးဘြား (၂၀၁)ဦး အနက္ (၉၂)ဦး အပူေဇာ္ခံ တက္ေရာက္

တာခ်ီလိတ္တြင္ က်င္းပသည့္ အျပည္ျပည္ဆိုင္ရာ သက္ႀကီးရြယ္အိုမ်ားေန ့အထိမ္းအမွတ္အခမ္းအနားသို႔ ၿမိဳ႕ေပၚ(၁၁)ရပ္ကြက္မွ စာရင္းေပးသြင္းထားသည့္ ဘိုးဘြား (၂၀၁)ဦး အနက္ (၉၂)ဦး အပူေဇာ္ခံ တက္ေရာက္
အောက်တိုဘာ 1, 2017
By Tachileik News Agency

အျပည္ျပည္ဆိုင္ရာ သက္ႀကီးရြယ္အိုမ်ားေန ့အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္(အေရွ ့ပိုင္း)ေဒသ၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕ရွိ ၿမိဳ႕နယ္ဓမၼာရံုတြင္က်င္းပသည့္ ဘိုးဘြားပူေဇာ္ကန္ေတာ့ပြဲသို႔ တာခ်ီလိတ္ၿမိဳ႕ေပၚ (၁၁)ရပ္ကြက္မွ စာရင္းေပးထားသည့္ သက္ႀကီးရြယ္အို ဘိုးဘြား (၂၀၁)ဦး အနက္ (၉၂)ဦး အပူေဇာ္ခံ တက္ေရာက္ေၾကာင္း သိရသည္။

ယေန႔ က်င္းပျပဳလုပ္သည့္ အခမ္းအနားတြင္ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေအးမင္းဦး၊ ၊ တာခ်ီလိတ္ခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ခ႐ိုင္အဆင့္ ဌာနဆိုင္ရာမ်ား၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္ ႏွင့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ တာခ်ီလိတ္ခရိုင္ အမ်ဳိးသမီးေရးရာအဖြဲ႔၊ မိခင္ႏွင့္ကေလး ေစာင့္ေရွာက္မႈ ႀကီးၾကပ္ေရးအဖြဲ႕ ဥကၠဌ ေဒၚ၀င္း၀င္းသန္႔ ႏွင့္ ခရိုင္/ၿမိဳ႕နယ္ အဖြဲ႔၀င္မ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား စသည္တို႔မွ လာေရာက္ကာ စုေပါင္း လွဴဒါန္းခဲ့ၾကသည္။

အဘိုးအဘြားမ်ားမွ ပူေဇာ္ကန္ေတာ့ခံၾကၿပီးေနာက္ ေစတနာရွင္မ်ားမွ ေန႔လယ္စာျဖင့္ တည္ခင္းဧည့္ခံေကြ်းေမြးၿပီး တိုင္းရင္းေဆး ႏွင့္ က်န္းမာေရးဌာနတို႔မွ က်န္းမာေရး စစ္ေဆးေပးကာ လိုအပ္သည့္ ေဆး၀ါးမ်ား ေထာက္ပံ့ေပးၾကသည္။

အဆိုပါ အခမ္းအနားတြင္ ဘိုးဘြားမ်ားႏွင့္ တက္ေရာက္လာသည့္ ဧည့္သည္မ်ားအား အေကြ်းအေမြးအျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္ တစ္ပါတီ ( က်ားျဖဴပါတီ) ေဒၚနန္းေငြျမ ဦးေဆာင္သည့္ ေစတနာရွင္မ်ားက ဧည့္ခံေကြ်းေမြး လွဴဒါန္းခဲ့ၾကသည္။

အခမ္းအနားသို႔ တက္ေရာက္ပူေဇာ္ခံရန္ တာခ်ီလိတ္ၿမိဳ႕ေပၚ(၁၁)ရပ္ကြက္မွ ဘိုးဘြား(၂၀၁)ဦး စာရင္းေပးသြင္းထားေသာ္လည္း က်န္းမာေရးအေျခအေနေၾကာင့္ (၁၀၉)ဦးမွာ အခမ္းအနားသို႔ တက္ေရာက္ႏိုင္ျခင္း မရွိသည့္အတြက္ အခမ္းအနားက်င္းပေရးေကာ္မတီက သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ခ်ိတ္ဆက္၍ အိမ္တိုင္ရာေရာက္ သြားေရာက္ ေထာက္ပံ့ လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ခုႏွစ္က တာခ်ီလိတ္၌ က်င္းပျပဳလုပ္ခဲ့သည့္ အျပည္ျပည္ဆိုင္ရာ သက္ႀကီးရြယ္အိုမ်ားေန ့အထိမ္းအမွတ္ အခမ္းအနားတြင္ ဘိုးဘြား(၁၇၇)ဦး တက္ေရာက္ပူေဇာ္ခံခဲ့ေၾကာင္း ႏွင့္ ယခု ၂၀၁၇ခုႏွစ္တြင္ ယခင္ႏွစ္ထက္ ကန္ေတာ့ခံ ဘိုးဘြား တိုးလာေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ မြို့နယ်ဓမ္မာရုံတွင်ကျင်းပသည့် ဘိုးဘွားပူဇော်ကန်တော့ပွဲသို့ တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်မှ စာရင်းပေးထားသည့် သက်ကြီးရွယ်အို ဘိုးဘွား (၂၀၁)ဦး အနက် (၉၂)ဦး အပူဇော်ခံ တက်ရောက်ကြောင်း သိရသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် ခရိုင်/မြို့နယ် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်တို့မှ လာရောက်ကာ စုပေါင်း လှူဒါန်းခဲ့ကြသည်။

အဘိုးအဘွားများမှ ပူဇော်ကန်တော့ခံကြပြီးနောက် စေတနာရှင်များမှ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပြီး တိုင်းရင်းဆေး နှင့် ကျန်းမာရေးဌာနတို့မှ ကျန်းမာရေး စစ်ဆေးပေးကာ လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးကြသည်။

အဆိုပါ အခမ်းအနားတွင် ဘိုးဘွားများနှင့် တက်ရောက်လာသည့် ဧည့်သည်များအား အကျွေးအမွေးအဖြစ် တာချီလိတ်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ ( ကျားဖြူပါတီ) ဒေါ်နန်းငွမြေ ဦးဆောင်သည့် စေတနာရှင်များက ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်ပူဇော်ခံရန် တာချီလိတ်မြို့ပေါ်(၁၁)ရပ်ကွက်မှ ဘိုးဘွား(၂၀၁)ဦး စာရင်းပေးသွင်းထားသော်လည်း ကျန်းမာရေးအခြေအနေကြောင့် (၁၀၉)ဦးမှာ အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိသည့်အတွက် အခမ်းအနားကျင်းပရေးကော်မတီက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ်က တာချီလိတ်၌ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဘိုးဘွား(၁၇၇)ဦး တက်ရောက်ပူဇော်ခံခဲ့ကြောင်း နှင့် ယခု ၂၀၁၇ခုနှစ်တွင် ယခင်နှစ်ထက် ကန်တော့ခံ ဘိုးဘွား တိုးလာကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~