သစ္သားထည္အေဆာက္အဦးမ်ား မွတ္တမ္းတင္ပံုႏွင့္ အေျခအေနအကဲျဖတ္နည္းမ်ား ေလ့လာႏုိင္မည့္ အလုပ္ရံုေဆြးေႏြးပြဲ တက္ေရာက္ႏိုင္

သစ္သားထည္အေဆာက္အဦးမ်ား မွတ္တမ္းတင္ပံုႏွင့္ အေျခအေနအကဲျဖတ္နည္းမ်ား ေလ့လာႏုိင္မည့္ အလုပ္ရံုေဆြးေႏြးပြဲ တက္ေရာက္ႏိုင္
စက်တင်ဘာ 29, 2017
By 🌸
မႏၱေလးၿမိဳ႕ရိွ ဂ်က္ဖာဆန္စင္တာ၌ က်င္းပမည့္ သစ္သားထည္အေဆာက္အဦးဆုိင္ရာ အလုပ္ရံုေဆြးေႏြးပြဲတြင္ သစ္သားထည္အေမြအႏွစ္ အေဆာက္အဦးမ်ားကုိ မွတ္တမ္းတင္တင္ပုံႏွင့္ အေဆာက္အအုံမ်ား၏ အေျခအေနကုိ အကဲျဖတ္နည္းတို႔ကို မွ်ေဝမည္ျဖစ္၍ စိတ္ဝင္စားသူမ်ား တက္ေရာက္ႏုိင္ေၾကာင္း သိရသည္။

မႏၱေလးၿမိဳ႕ႏွင့္၎ၿမဳိ႕အလြန္ရိွ သစ္သားထည္အေဆာက္အဦး အေမြအႏွစ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ျခင္း ေခါင္းစဥ္ျဖင့္ ႏွစ္ရက္တာအလုပ္ရုံေဆြးေႏြးပြဲကုိ ေအာက္တိုဘာလ (၂)ရက္ေန႔ႏွင့္ (၃)ရက္ေန႔မ်ားတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အလုပ္ရုံေဆြးေႏြးပြဲတြင္ အင္းယားအင္စတီက်ဴက ဦးေဆာင္ေဟာေျပာမည္ျဖစ္ၿပီး နည္းပညာတကၠသုိလ္ (မႏၱေလး)၊ ရန္ကုန္အေျခစုိက္ အင္းယားအင္စတီက်ဴႏွင့္ ထုိင္းႏုိင္ငံ ဗန္ေကာက္ Silpakorn တကၠသုိလ္တုိ႔မွ ကြ်မ္းက်င္သူပညာရွင္မ်ားက အေရွ႕ေတာင္အာရွေဒသတစ္ေလွ်ာက္ ႂကြယ္ဝလွေသာ သစ္သားထည္အေဆာက္အဦးဗိသုကာလက္ရာ အေမြအႏွစ္မ်ားအေၾကာင္း ထဲထဲဝင္ဝင္ ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
သစ်သားထည်အဆောက်အဦးများ မှတ်တမ်းတင်ပုံနှင့် အခြေအနေအကဲဖြတ်နည်းများ လေ့လာနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နိုင်
*********
မန္တလေးမြို့ရှိ ဂျက်ဖာဆန်စင်တာ၌ ကျင်းပမည့် သစ်သားထည်အဆောက်အဦးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် သစ်သားထည်အမွေအနှစ် အဆောက်အဦးများကို မှတ်တမ်းတင်တင်ပုံနှင့် အဆောက်အအုံများ၏ အခြေအနေကို အကဲဖြတ်နည်းတို့ကို မျှဝေမည်ဖြစ်၍ စိတ်ဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

မန္တလေးမြို့နှင့်၎င်းမြို့အလွန်ရှိ သစ်သားထည်အဆောက်အဦး အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း ခေါင်းစဉ်ဖြင့် နှစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ (၂)ရက်နေ့နှင့် (၃)ရက်နေ့များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အင်းယားအင်စတီကျူက ဦးဆောင်ဟောပြောမည်ဖြစ်ပြီး နည်းပညာတက္ကသိုလ် (မန္တလေး)၊ ရန်ကုန်အခြေစိုက် အင်းယားအင်စတီကျူနှင့် ထိုင်းနိုင်ငံ ဗန်ကောက် Silpakorn တက္ကသိုလ်တို့မှ ကျွမ်းကျင်သူပညာရှင်များက အရှေ့တောင်အာရှဒေသတစ်လျှောက် ကြွယ်ဝလှသော သစ်သားထည်အဆောက်အဦးဗိသုကာလက်ရာ အမွေအနှစ်များအကြောင်း ထဲထဲဝင်ဝင် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~