တာခ်ီလိတ္ၿမိဳ႕ သီတင္းကၽြတ္မီးထြန္းပြဲေတာ္တြင္ ေၾကာ္ျငာမီးပံုးခ်ိတ္ဆြဲမည့္ ကုမၸဏီ၊လုပ္ငန္းမ်ား စက္တင္ဘာလ ၂၈ ရက္ေန႔ ေနာက္ဆံုးစာရင္းေပးရန္လို

တာခ်ီလိတ္ၿမိဳ႕ သီတင္းကၽြတ္မီးထြန္းပြဲေတာ္တြင္ ေၾကာ္ျငာမီးပံုးခ်ိတ္ဆြဲမည့္ ကုမၸဏီ၊လုပ္ငန္းမ်ား စက္တင္ဘာလ ၂၈ ရက္ေန႔ ေနာက္ဆံုးစာရင္းေပးရန္လို
စက်တင်ဘာ 20, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာႏိုင္ငံ သဘင္ပညာရွင္မ်ား အစည္းအရံုးက ဦးေဆာင္က်င္းပမည့္ သီတင္းကၽြတ္မီးထြန္းပြဲေတာ္တြင္ ကုမၸဏီ၊ လုပ္ငန္းေၾကာ္ျငာမီးပံုး ခ်ိတ္ဆြဲလိုသူမ်ား စက္တင္ဘာလ (၂၈)ရက္ေန႔ ေနာက္ဆံုးထား စာရင္းေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ မီးေဘးလံုၿခံဳေရးအတြက္ လွ်ပ္စစ္မီးပံုးကိုပဲ ခ်ိတ္ဆြဲခြင့္ျပဳထားပါတယ္။ မိမိတို႔ ကုမၸဏီ၊ လုပ္ငန္းေၾကာ္ျငာမီးပံုးေတြ ပါဝင္ခ်ိတ္ဆြဲမယ္ဆိုရင္ ေနရာစီစဥ္ေပးပါမယ္။ ကိုယ့္မီးပံုးနဲ႔ကိုယ္လာၿပီး ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ခ်ိတ္ဆြဲဖို႔ေတာ့လိုပါတယ္။ အဲဒီအတြက္ ပိုက္ဆံေပးစရာမလုိပါဘူး။ လွ်ပ္စစ္မီးဖိုး ကုန္က်စရိတ္ကိုလည္း ကၽြန္ေတာ္တို႔ က်ခံပါမယ္။ ကၽြန္ေတာ္တုိ႔က ဒီမီးပံုးေတြအျပင္ မီးလံုးတစ္ေထာင္ခ်ိတ္ဆြဲဖို႔ စီစဥ္ထားပါတယ္။ ေၾကာ္ျငာမီးပံုးေတြအတြက္ကေတာ့ လုပ္ငန္းရွင္ေတြ ကိုယ္တုိင္လာေရာက္ ခ်ိတ္ဆြဲဖို႔လိုပါတယ္”ဟု သီတင္းကၽြတ္ပြဲေတာ္ျဖစ္ေျမာက္ေရးေဆာင္ရြက္ေနသည့္ တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာႏိုင္ငံ သဘင္ပညာရွင္မ်ား အစည္းအရံုး ဥကၠဌ ဦးခင္ေမာင္ျမင့္(ေရႊမဟာ)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းရိုးမကြင္းတြင္ ေအာက္တိုဘာလ (၃)ရက္ေန႔မွစ၍ ေအာက္တိုဘာလ (၁၀)ရက္ေန႔အထိ ရွစ္ရက္ၾကာက်င္းပမည့္ သီတင္းကၽြတ္မီးထြန္းပြဲေတာ္တြင္ ကုမၸဏီ၊ လုပ္ငန္းမ်ား၏ ေၾကာ္ျငာမီးပံုးမ်ား ခ်ိတ္ဆြဲလိုပါက တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာႏိုင္ငံ သဘင္ပညာရွင္မ်ား အစည္းအရံုး ဥကၠဌ ဦးခင္ေမာင္ျမင့္(ေရႊမဟာ)၏ ဖုန္းနံပါတ္ ၀၉၂၆၂၆၇၇၂၅၄ ႏွင့္ ၀၉၇၆၄၆၇၇၂၅၄ မ်ားသို႔ ဆက္သြယ္ စာရင္းေပးသြင္းရန္ လိုအပ္ေၾကာင္း သိရသည္။

အဆိုပါမီးထြန္းပြဲေတာ္အား မီးပေဒသာလွည့္ပြဲ၊ ဇာတ္သဘင္၊ ေပ်ာ္ရႊင္စရာ ဝကၤပါ ပဲြေတာ္ႏွင့္ ကြင္းလံုးျပည့္ မီးထြန္းပဲြေတာ္တို႔ျဖင့္ စည္ကားစြာက်င္းပႏုိင္ရန္ ျပင္ဆင္ထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာႏိုင္ငံ သဘင္ပညာရွင္မ်ား အစည္းအရံုးက ေဒသတြင္း လူမႈေရးအဖြဲ႕မ်ားျဖင့္ ပူးေပါင္းစီစဥ္ထားေၾကာင္း သိရသည္။

“သီတင္းကၽြတ္လျပည့္ေန႔မွာ ရခိုင္တိုင္းရင္းသားေတြက ေရႊတိဂံုဘုရားမွာ ဆီမီးတစ္ေထာင္၊ ပန္းတစ္ေထာင္၊ ေရခ်မ္းတစ္ေထာင္ လွဴဒါန္းၾကမယ္ေလ။ အဲဒီမွာ ကၽြန္ေတာ္တို႔နဲ႔လူမႈေရးအဖြဲ႕ေတြကစုေပါင္းၿပီး ညေန (၆)နာရီမွာ မီးပေဒသာလွည့္မယ္။ အမွတ္(၁)တံတားဘက္ကေန ရွမ္းရိုးမကြင္းကိုပတ္ၿပီး ေရႊတိဂံုဘုရားကို တက္ၿပီး ရခုိင္တုိင္းရင္းသားေတြအဖြဲ႔နဲ႔ေပါင္းၿပီး လွဴဒါန္းမွာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာႏိုင္ငံ သဘင္ပညာရွင္မ်ား အစည္းအရံုး ဥကၠဌ ဦးခင္ေမာင္ျမင့္(ေရႊမဟာ)က ေျပာသည္။

အဆိုပါ သီတင္းကၽြတ္ပြဲေတာ္တြင္ မင္းသား ခ်စ္စြမ္းသာကျပမည့္ ေရႊလာဘ္ ေငြလာဘ္သဘင္လည္း (၈)ရက္တာ ပါဝင္မည္ျဖစ္ၿပီး ရံုဝင္ခႏႈန္းထားမ်ားအျဖစ္ ဘတ္(၃၀၀)၊ ဘတ္ (၂၀၀) ႏွင့္ ဘတ္ (၁၀၀) အသီးသီး သတ္မွတ္ထားေၾကာင္း သိရသည္။

 ၂၀၁၆ ခုႏွစ္က ႏိုဝင္ဘာလကစတင္ဖြဲ႕စည္းခဲ့သည့္ တာခ်ီလိတ္ၿမိဳ႕ ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ား အစည္းအရံုး အေနျဖင့္ သီတင္းကၽြတ္မီးထြန္းပြဲေတာ္ကို ယခုႏွစ္တြင္ စတင္စီစဥ္ေနျခင္းျဖစ္ၿပီး ႏွစ္စဥ္က်င္းပသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ကြော်ငြာမီးပုံးချိတ်ဆွဲမည့် ကုမ္ပဏီ၊လုပ်ငန်းများ စက်တင်ဘာလ ၂၈ ရက်နေ့ နောက်ဆုံးစာရင်းပေးရန်လို
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် တာချီလိတ်မြို့နယ် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးက ဦးဆောင်ကျင်းပမည့် သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ကုမ္ပဏီ၊ လုပ်ငန်းကြော်ငြာမီးပုံး ချိတ်ဆွဲလိုသူများ စက်တင်ဘာလ (၂၈)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးပုံးကိုပဲ ချိတ်ဆွဲခွင့်ပြုထားပါတယ်။ မိမိတို့ ကုမ္ပဏီ၊ လုပ်ငန်းကြော်ငြာမီးပုံးတွေ ပါဝင်ချိတ်ဆွဲမယ်ဆိုရင် နေရာစီစဉ်ပေးပါမယ်။ ကိုယ့်မီးပုံးနဲ့ကိုယ်လာပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ချိတ်ဆွဲဖို့တော့လိုပါတယ်။ အဲဒီအတွက် ပိုက်ဆံပေးစရာမလိုပါဘူး။ လျှပ်စစ်မီးဖိုး ကုန်ကျစရိတ်ကိုလည်း ကျွန်တော်တို့ ကျခံပါမယ်။ ကျွန်တော်တို့က ဒီမီးပုံးတွေအပြင် မီးလုံးတစ်ထောင်ချိတ်ဆွဲဖို့ စီစဉ်ထားပါတယ်။ ကြော်ငြာမီးပုံးတွေအတွက်ကတော့ လုပ်ငန်းရှင်တွေ ကိုယ်တိုင်လာရောက် ချိတ်ဆွဲဖို့လိုပါတယ်”ဟု သီတင်းကျွတ်ပွဲတော်ဖြစ်မြောက်ရေးဆောင်ရွက်နေသည့် တာချီလိတ်မြို့နယ် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ဦးခင်မောင်မြင့်(ရွှေမဟာ)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းရိုးမကွင်းတွင် အောက်တိုဘာလ (၃)ရက်နေ့မှစ၍ အောက်တိုဘာလ (၁၀)ရက်နေ့အထိ ရှစ်ရက်ကြာကျင်းပမည့် သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ကုမ္ပဏီ၊ လုပ်ငန်းများ၏ ကြော်ငြာမီးပုံးများ ချိတ်ဆွဲလိုပါက တာချီလိတ်မြို့နယ် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ဦးခင်မောင်မြင့်(ရွှေမဟာ)၏ ဖုန်းနံပါတ် ၀၉၂၆၂၆၇၇၂၅၄ နှင့် ၀၉၇၆၄၆၇၇၂၅၄ များသို့ ဆက်သွယ် စာရင်းပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါမီးထွန်းပွဲတော်အား မီးပဒေသာလှည့်ပွဲ၊ ဇာတ်သဘင်၊ ပျော်ရွှင်စရာ ဝင်္ကပါ ပွဲတော်နှင့် ကွင်းလုံးပြည့် မီးထွန်းပွဲတော်တို့ဖြင့် စည်ကားစွာကျင်းပနိုင်ရန် ပြင်ဆင်ထားကြောင်း တာချီလိတ်မြို့နယ် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးက ဒေသတွင်း လူမှုရေးအဖွဲ့များဖြင့် ပူးပေါင်းစီစဉ်ထားကြောင်း သိရသည်။

“သီတင်းကျွတ်လပြည့်နေ့မှာ ရခိုင်တိုင်းရင်းသားတွေက ရွှေတိဂုံဘုရားမှာ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ရေချမ်းတစ်ထောင် လှူဒါန်းကြမယ်လေ။ အဲဒီမှာ ကျွန်တော်တို့နဲ့လူမှုရေးအဖွဲ့တွေကစုပေါင်းပြီး ညနေ (၆)နာရီမှာ မီးပဒေသာလှည့်မယ်။ အမှတ်(၁)တံတားဘက်ကနေ ရှမ်းရိုးမကွင်းကိုပတ်ပြီး ရွှေတိဂုံဘုရားကို တက်ပြီး ရခိုင်တိုင်းရင်းသားတွေအဖွဲ့နဲ့ပေါင်းပြီး လှူဒါန်းမှာပါ”ဟု တာချီလိတ်မြို့နယ် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ဦးခင်မောင်မြင့်(ရွှေမဟာ)က ပြောသည်။
အဆိုပါ သီတင်းကျွတ်ပွဲတော်တွင် မင်းသား ချစ်စွမ်းသာကပြမည့် ရွှေလာဘ် ငွေလာဘ်သဘင်လည်း (၈)ရက်တာ ပါဝင်မည်ဖြစ်ပြီး ရုံဝင်ခနှုန်းထားများအဖြစ် ဘတ်(၃၀၀)၊ ဘတ် (၂၀၀) နှင့် ဘတ် (၁၀၀) အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

 ၂၀၁၆ ခုနှစ်က နိုဝင်ဘာလကစတင်ဖွဲ့စည်းခဲ့သည့် တာချီလိတ်မြို့ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး အနေဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယခုနှစ်တွင် စတင်စီစဉ်နေခြင်းဖြစ်ပြီး နှစ်စဉ်ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~