အသက္(၈၅)ႏွစ္အထက္ ဘိုးဘြားမ်ား လူမႈေရးပင္စင္ခံစားခြင့္ ရရွိႏိုင္ရန္ လာမည့္ ဘ႑ာႏွစ္အတြက္ ျပင္ဆင္ေန

အသက္(၈၅)ႏွစ္အထက္ ဘိုးဘြားမ်ား လူမႈေရးပင္စင္ခံစားခြင့္ ရရွိႏိုင္ရန္ လာမည့္ ဘ႑ာႏွစ္အတြက္ ျပင္ဆင္ေန
စက်တင်ဘာ 24, 2017
By Tachileik News Agency

ႏိုင္ငံေတာ္အစိုးရက အသက္(၉၀)ႏွစ္ႏွင့္အထက္ ဘိုးဘြားမ်ားအား ၂၀၁၇ ခုနွစ္မွစ၍ လူမႈေရးပင္စင္အျဖစ္ တစ္လလွ်င္ က်ပ္တစ္ေသာင္းႏႈန္းေပးအပ္ေနျခင္းကို၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္တြင္ အသက္(၈၅)ႏွစ္ အရြယ္မွ စ၍ ပင္စင္ေပးႏုိင္ရန္ ျပင္ဆင္ေနေၾကာင္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနမွ သိရသည္။

“လာမယ့္ဘ႑ာႏွစ္မွာေတာ့ ဘိုးဘြားေတြကို အသက္ (၈၅)ႏွစ္အရြယ္ကစၿပီး လူမႈေရးပင္စင္ ေပးအပ္ႏုိင္ဖို႔ လ်ာထားပါတယ္။ ကၽြန္ေတာ္တို႔ ဝန္ႀကီးဌာနအေနနဲ႔ေတာ့ ျပင္လည္း ျပင္ဆင္ေနပါၿပီ”ဟု ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏိုင္ငံေတာ္အစိုးရက အသက္(၉၀)ႏွစ္ႏွင့္အထက္ ဘိုးဘြားမ်ားအား လူမႈေရးပင္စင္အျဖစ္ တစ္လလွ်င္ က်ပ္ တစ္ေသာင္းႏႈန္းျဖင့္ သံုးလတစ္ႀကိမ္ လူမႈဝန္ထမ္းဦးစီးဌာနမ်ားမွ ေပးအပ္ျခင္းကို ၂၀၁၇ ခုႏွစ္အတြင္း တစ္ႏုိင္ငံလံုး အတုိင္းအတာျဖင့္ စတင္ေဆာင္ရြက္လာျခင္းျဖစ္သည္။

၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ ျမန္မာႏုိင္ငံတြင္ အသက္ (၉၀)ႏွစ္ ႏွင့္အထက္ဦးေရမွာ စုစုေပါင္း (၇၂၉၅၇) ဦးရိွသည္ဟု သိရေသာ္လည္း လူမႈေရးပင္စင္ေထာက္ပံ့ရန္ လူမႈဝန္ထမ္းဦးစီးဌာနက ၂၀၁၇ ခုနွစ္ ဧၿပီလက ႏုိင္ငံတစ္ဝန္းလံုးစာရင္း စတင္ေကာက္ယူခဲ့ရာ အဆုိပါတစ္လအတြင္း လာေရာက္ ေလွ်ာက္ထားသည့္ ဘိုးဘြားဦးေရမွာ (၃၂၀၀၀)ေက်ာ္သာရိွေၾကာင္း သိရသည္။

ဘိုးဘြားမ်ား လူမႈေရးပင္စင္အတြက္ စာရင္းေပးသြင္းရန္ သန္းေခါင္စာရင္းမိတၱဴ ၊ မွတ္ပံုတင္မိတၱဴတို႔ လိုအပ္ၿပီး အဆိုပါ အေထာက္အထားမ်ား မရိွပါက သက္ဆုိင္ရာရပ္/ေက်းအဖြဲ႕မွ ေထာက္ခံခ်က္ျဖင့္ တင္ျပႏုိင္သည္ဟု ဆိုေသာ္လည္း အသက္ျပည့္ေၾကာင္း အေထာက္အထားျပရန္ အခက္အခဲျဖစ္ေနသည့္ ဘုိးဘြားမ်ား ရိွေနဆဲျဖစ္ေၾကာင္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း)လူမႈဝန္ထမ္းဦးစီးဌာနမွ သိရသည္။

“တခ်ိဳ႕ေနရာေတြမွာ ဘိုးဘြားအေရအတြက္ နည္းေနရတာက တခ်ိဳ႕ဆို ကိုယ့္အသက္ကိုယ္ ဘယ္ေလာက္မွန္း မသိၾကဘူး။ တခ်ိဳ႕လည္း အတည္ျပဳဖို႔ရာကို ကိုယ့္မိဘက ဘယ္သူမွန္းမသိတာမ်ိဳး ေတြလည္း ေတြ႔ရတယ္။ အသက္ျပည့္ေၾကာင္း အတည္ျပဳဖို႔အတြက္ အခက္အခဲကေတာ့ အမ်ိဳးမ်ိဳးႀကံဳရပါတယ္”ဟု ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ၿမိဳ႕နယ္(၉)ၿမိဳ႕နယ္တြင္ အသက္(၉၀)ႏွစ္အထက္ ဘိုးဘြားမ်ား လူမႈေရးပင္စင္ ခံစားခြင့္ရရွိသူဦးေရ ၂၀၁၇ ခုႏွစ္ ဧၿပီ၊ ေမႏွင့္ ဇြန္ ပထမသံုးလပတ္တြင္ (၁၉၀)ဦးရိွခဲ့ရာမွ ဇူလိုင္၊ ၾသဂုတ္ႏွင့္ စက္တင္ဘာ ဒုတိယသံုးလပတ္တြင္ (၂၂၇)ဦးအထိ တိုုးလာေၾကာင္း ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနမွ သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ၿမိဳ႕နယ္ေပါင္း (၉)ၿမိဳ႕နယ္မွ အသက္(၉၀)ေက်ာ္ဘိုးဘြားမ်ား လစဥ္ ေထာက္ပံ့ေၾကး ရရွိမည့္ အခြင့္အေရး မဆံုးရံႈးေစရန္ နီးစပ္ရာ ၿမိဳ႕နယ္/ရပ္ကြက္/ေက်းရြာ အေထြေထြအုပ္ခ်ဳပ္ေရးရံုးမ်ားအျပင္ က်ိဳင္းတံုၿမိဳ႕ရိွ လူမႈဝန္ထမ္းဦးစီးဌာနရံုး ဖုန္း ၀၈၄ - ၂၂၅၂၉ သို႔ လည္း ဆက္သြယ္စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော်အစိုးရက အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၁၇ ခုနှစ်မှစ၍ လူမှုရေးပင်စင်အဖြစ် တစ်လလျှင် ကျပ်တစ်သောင်းနှုန်းပေးအပ်နခြေင်းကို၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် အသက်(၈၅)နှစ် အရွယ်မှ စ၍ ပင်စင်ပေးနိုင်ရန် ပြင်ဆင်နေကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

“လာမယ့်ဘဏ္ဍာနှစ်မှာတော့ ဘိုးဘွားတွေကို အသက် (၈၅)နှစ်အရွယ်ကစပြီး လူမှုရေးပင်စင် ပေးအပ်နိုင်ဖို့ လျာထားပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့တော့ ပြင်လည်း ပြင်ဆင်နေပါပြီ”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်အစိုးရက အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် တစ်လလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် လူမှုဝန်ထမ်းဦးစီးဌာနများမှ ပေးအပ်ခြင်းကို ၂၀၁၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ဆောင်ရွက်လာခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် (၉၀)နှစ် နှင့်အထက်ဦးရေမှာ စုစုပေါင်း (၇၂၉၅၇) ဦးရှိသည်ဟု သိရသော်လည်း လူမှုရေးပင်စင်ထောက်ပံ့ရန် လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၁၇ ခုနှစ် ဧပြီလက နိုင်ငံတစ်ဝန်းလုံးစာရင်း စတင်ကောက်ယူခဲ့ရာ အဆိုပါတစ်လအတွင်း လာရောက် လျှောက်ထားသည့် ဘိုးဘွားဦးရေမှာ (၃၂၀၀၀)ကျော်သာရှိကြောင်း သိရသည်။

ဘိုးဘွားများ လူမှုရေးပင်စင်အတွက် စာရင်းပေးသွင်းရန် သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ လိုအပ်ပြီး အဆိုပါ အထောက်အထားများ မရှိပါက သက်ဆိုင်ရာရပ်/ကျေးအဖွဲ့မှ ထောက်ခံချက်ဖြင့် တင်ပြနိုင်သည်ဟု ဆိုသော်လည်း အသက်ပြည့်ကြောင်း အထောက်အထားပြရန် အခက်အခဲဖြစ်နေသည့် ဘိုးဘွားများ ရှိနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

“တချို့နေရာတွေမှာ ဘိုးဘွားအရေအတွက် နည်းနေရတာက တချို့ဆို ကိုယ့်အသက်ကိုယ် ဘယ်လောက်မှန်း မသိကြဘူး။ တချို့လည်း အတည်ပြုဖို့ရာကို ကိုယ့်မိဘက ဘယ်သူမှန်းမသိတာမျိုး တွေလည်း တွေ့ရတယ်။ အသက်ပြည့်ကြောင်း အတည်ပြုဖို့အတွက် အခက်အခဲကတော့ အမျိုးမျိုးကြုံရပါတယ်”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်(၉)မြို့နယ်တွင် အသက်(၉၀)နှစ်အထက် ဘိုးဘွားများ လူမှုရေးပင်စင် ခံစားခွင့်ရရှိသူဦးရေ ၂၀၁၇ ခုနှစ် ဧပြီ၊ မေနှင့် ဇွန် ပထမသုံးလပတ်တွင် (၁၉၀)ဦးရှိခဲ့ရာမှ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာ ဒုတိယသုံးလပတ်တွင် (၂၂၇)ဦးအထိ တိုးလာကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်ပေါင်း (၉)မြို့နယ်မှ အသက်(၉၀)ကျော်ဘိုးဘွားများ လစဉ် ထောက်ပံ့ကြေး ရရှိမည့် အခွင့်အရေး မဆုံးရှုံးစေရန် နီးစပ်ရာ မြို့နယ်/ရပ်ကွက်/ကျေးရွာ အထွေထွေအုပ်ချုပ်ရေးရုံးများအပြင် ကျိုင်းတုံမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနရုံး ဖုန်း ဝ၈၄ - ၂၂၅၂၉ သို့ လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~