တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္၊ ကခ်င္ရြာသြားလမ္း၌ စည္ပင္သာယာေရးဌာန၏ ဘတ္ဂ်တ္တြင္ မပါ၀င္သည့္ ေျမသားဖို႔ျခင္း လုပ္ငန္းအတြက္ လုိအပ္ေနမႈအား အလွဴရွင္တစ္ဦးမွ လွဴဒါန္း

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္၊ ကခ်င္ရြာသြားလမ္း၌ စည္ပင္သာယာေရးဌာန၏ ဘတ္ဂ်တ္တြင္ မပါ၀င္သည့္ ေျမသားဖို႔ျခင္း လုပ္ငန္းအတြက္ လုိအပ္ေနမႈအား အလွဴရွင္တစ္ဦးမွ လွဴဒါန္း
စက်တင်ဘာ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္ အတြင္း မဂၤလာလမ္းထိပ္ရိွ နမ့္ယြန္း ေခ်ာင္းမွာ ေရတိုက္စားမႈေၾကာင့္ လမ္းသားမ်ားပဲ့က်သြားသျဖင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၏ ဘတ္ဂ်က္ျဖင့္ ေျမထိန္းနံရံ ေက်ာက္ႀကီးစီျခင္းအား ျပဳျပင္ေနလ်က္ရွိရာမွာ ဘတ္ဂ်တ္ထဲတြင္ မပါ၀င္သည့္ လမ္းသားပဲ့ က်ေနမႈအား ျပဳျပင္ရန္ အလွဴရွင္မ်ား လိုအပ္ေနလ်က္ရွိရာမွ ေစတနာရွင္ တစ္ဦးက လိုအပ္သည့္ ေက်ာက္မ်ားအား တစ္ဦးတည္း လွဴဒါန္းေပးလိုက္ေၾကာင္း သိရသည္။

"ဟိုတယ္တာခ်ီလိတ္ ပိုင္ရွင္ ဦးထြန္းေနဦးက သူ႕မွာရွိတဲ့ ေက်ာက္ေျမေတြကို လိုသေလာက္ လာလွဴေပးသြားတယ္။ သူ႔ဆီမွာရွိတဲ့ ေျမထိုးစက္နဲ႔လည္း ေက်ာက္ေျမျဖည့္တာေတြ၊ ညႇိတာေတြ လာလုပ္ေပးသြားပါတယ္။ ကူညီလွဴဒါန္းေပးတာဟာဆိုရင္ ေက်ာက္ေျမ (၇)စီး(၈)စီးေလာက္ရွိပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ဘုရင့္ေနာင္ပုဂၢလိကေစ်း ႏွင့္ ဟိုတယ္တာခ်ီလိတ္ ပိုင္ရွင္ ဦးထြန္းေနဦး ႏွင့္ ဇနီး ေဒၚခင္ခင္ခ်ဳိ မိသားစုမွ အဆိုပါ ေနရာတြင္ လိုအပ္သည့္ ေက်ာက္ေျမမ်ားအား လွဴဒါန္းေပးသည့္အျပင္ ေျမထိုးစက္ျဖင့္ ေျမညႇိေပးျခင္း၊ လမ္းသားခ်ဲ႕ေပးျခင္းမ်ားျဖင့္ ကူညီေပးသည့္အတြက္ ယခုအခါမွာ အဆိုပါ လမ္းအတြက္ အလွဴရွင္မ်ား၏ ထည့္၀င္မႈ လိုအပ္ေတာ့မည္ မဟုတ္ေၾကာင္း ၎ထံက သိရသည္။

အဆိုပါ ေခ်ာင္းအား ေက်ာက္ႀကီးစီရန္ ေပ(၂၄၀)ရွိရာ စည္ပင္သာယာေရးဌာန၏ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ ေပေပါင္း(၂၁၀)အတြက္ ေက်ာက္ႀကီးစီရန္ ဘတ္ဂ်တ္ရရွိထားေသာ္လည္း လတ္တေလာတြင္ ဘတ္ဂ်တ္မက်လာေသး၍ အဆိုပါေနရာတြင္ စည္ပင္သာယာေရးဌာနမွ စိုက္ထုတ္ကာ ျပဳလုပ္ေပးထားျခင္းျဖစ္ေၾကာင္းႏွင့္ စည္ပင္သာယာေရးဌာန၏ ဘတ္ဂ်တ္တြင္ ေက်ာက္ႀကီးစီရန္သာ ပါရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ လက္ေထာက္အင္ဂ်င္နီယာ ဦးေဇာ္မ်ဳိး၀င္း၏ ေျပာျပခ်က္အရ သိရသည္။

၎ေနရာအား ေက်ာက္ႀကီးစီေနမႈႏွင့္ ေျမသားဖို႔ေနမႈကို အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ လက္ေထာက္အင္ဂ်င္နီယာ ဦးေဇာ္မ်ဳိး၀င္း၊ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္း ႏွင့္ မကာဟိုခမ္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းခမ္းဟိန္းတို႔မွ ၾကည့္ရႈစစ္ေဆးမႈမ်ား ျပဳလုပ္ေၾကာင္း သိရသည္။

 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် အတွင်း မင်္ဂလာလမ်းထိပ်ရှိ နမ့်ယွန်းချောင်းမှာ ရေတိုက်စားမှုကြောင့် လမ်းသားများပဲ့ကျသွားသဖြင့် မြို့နယ်စည်ပင်သာယာရေးဌာန၏ ဘတ်ဂျက်ဖြင့် မြေထိန်းနံရံ ကျောက်ကြီးစီခြင်းအား ပြုပြင်နေလျက်ရှိရာမှာ ဘတ်ဂျတ်ထဲတွင် မပါဝင်သည့် လမ်းသားပဲ့ ကျနေမှုအား ပြုပြင်ရန် အလှူရှင်များ လိုအပ်နေလျက်ရှိရာမှ စေတနာရှင် တစ်ဦးက လိုအပ်သည့် ကျောက်များအား တစ်ဦးတည်း လှူဒါန်းပေးလိုက်ကြောင်း သိရသည်။

"ဟိုတယ်တာချီလိတ် ပိုင်ရှင် ဦးထွန်းနေဦးက သူ့မှာရှိတဲ့ ကျောက်မြေတွေကို လိုသလောက် လာလှူပေးသွားတယ်။ သူ့ဆီမှာရှိတဲ့ မြေထိုးစက်နဲ့လည်း ကျောက်မြဖြေည့်တာတွေ၊ ညှိတာတွေ လာလုပ်ပေးသွားပါတယ်။ ကူညီလှူဒါန်းပေးတာဟာဆိုရင် ကျောက်မြေ (၇)စီး(၈)စီးလောက်ရှိပါတယ်"ဟု တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

တာချီလိတ်မြို့ ဘုရင့်နောင်ပုဂ္ဂလိကဈေး နှင့် ဟိုတယ်တာချီလိတ် ပိုင်ရှင် ဦးထွန်းနေဦး နှင့် ဇနီး ဒေါ်ခင်ခင်ချို မိသားစုမှ အဆိုပါ နေရာတွင် လိုအပ်သည့် ကျောက်မြေများအား လှူဒါန်းပေးသည့်အပြင် မြေထိုးစက်ဖြင့် မြေညှိပေးခြင်း၊ လမ်းသားချဲ့ပေးခြင်းများဖြင့် ကူညီပေးသည့်အတွက် ယခုအခါမှာ အဆိုပါ လမ်းအတွက် အလှူရှင်များ၏ ထည့်ဝင်မှု လိုအပ်တော့မည် မဟုတ်ကြောင်း၎င်းထံက သိရသည်။

အဆိုပါ ချောင်းအား ကျောက်ကြီးစီရန် ပေ(၂၄၀)ရှိရာ စည်ပင်သာယာရေးဌာန၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပေပေါင်း(၂၁၀)အတွက် ကျောက်ကြီးစီရန် ဘတ်ဂျတ်ရရှိထားသော်လည်း လတ်တလောတွင် ဘတ်ဂျတ်မကျလာသေး၍ အဆိုပါနေရာတွင် စည်ပင်သာယာရေးဌာနမှ စိုက်ထုတ်ကာ ပြုလုပ်ပေးထားခြင်းဖြစ်ကြောင်းနှင့် စည်ပင်သာယာရေးဌာန၏ ဘတ်ဂျတ်တွင် ကျောက်ကြီးစီရန်သာ ပါရှိကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်မျိုးဝင်း၏ ပြောပြချက်အရ သိရသည်။

၎င်းနေရာအား ကျောက်ကြီးစီနေမှုနှင့် မြေသားဖို့နေမှုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်မျိုးဝင်း၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းဟိန်းတို့မှ ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~