မူဆယ္ၿမိဳ႕ ပန္လံုေဟာင္းရပ္ကြက္ရိွ ေနအိမ္တစ္လံုးမွ စိတ္ၾကြရူးသြပ္ေဆးျပား တစ္သိန္းေက်ာ္ဖမ္းဆီးရမိ

မူဆယ္ၿမိဳ႕ ပန္လံုေဟာင္းရပ္ကြက္ရိွ ေနအိမ္တစ္လံုးမွ စိတ္ၾကြရူးသြပ္ေဆးျပား တစ္သိန္းေက်ာ္ဖမ္းဆီးရမိ
စက်တင်ဘာ 28, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ ေကာင္းမႈတံုရပ္ကြက္ ပန္လံုေဟာင္းရပ္ကြက္မွ ေနအိမ္တစ္လံုးအား စက္တင္ဘာလ (၂၇)ရက္ေန႔တြင္ မူးယစ္တပ္ဖြဲ႕စုပါဝင္သည့္ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပား တစ္သိန္းေက်ာ္အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၂)မူဆယ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ မူဆယ္ၿမိဳ႕နယ္၊ ေကာင္းမႈတုံ ရပ္ကြက္၊ ပန္လုံေဟာင္းရပ္မွ ခ်ိဳရင္႐ုန္း၏ေနအိမ္အား စက္တင္ဘာလ (၂၇)ရက္ေန႔ ညေန (၆)နာရီခန္႔က ဝင္ေရာက္ရွာေဖြရာ ေနအိမ္ခန္းအတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား (၁၁၀၄၈၄)ျပားအား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ခ်ိဳရင္ရုန္းအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်မြို့ ပန်လုံဟောင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော်ဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ပန်လုံဟောင်းရပ်ကွက်မှ နေအိမ်တစ်လုံးအား စက်တင်ဘာလ (၂၇)ရက်နေ့တွင် မူးယစ်တပ်ဖွဲ့စုပါဝင်သည့်ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော်အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ ကောင်းမှုတုံ ရပ်ကွက်၊ ပန်လုံဟောင်းရပ်မှ ချိုရင်ရုန်း၏နေအိမ်အား စက်တင်ဘာလ (၂၇)ရက်နေ့ ညနေ (၆)နာရီခန့်က ဝင်ရောက်ရှာဖွေရာ နေအိမ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၀၄၈၄)ပြားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ချိုရင်ရုန်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~