မူဆယ္ၿမိဳ႕ႏွင့္နယ္စပ္ တရုတ္ႏုိင္ငံဘက္တြင္ ေမာ္ေတာ္ယာဥ္စစ္ေဆးေနမႈမ်ားေၾကာင့္ မူဆယ္တြင္ အခ်ိန္ၾကာျမင့္စြာ ယာဥ္ေၾကာပိတ္ဆို႔မႈ ျဖစ္ပြားေန

မူဆယ္ၿမိဳ႕ႏွင့္နယ္စပ္ တရုတ္ႏုိင္ငံဘက္တြင္ ေမာ္ေတာ္ယာဥ္စစ္ေဆးေနမႈမ်ားေၾကာင့္ မူဆယ္တြင္ အခ်ိန္ၾကာျမင့္စြာ ယာဥ္ေၾကာပိတ္ဆို႔မႈ ျဖစ္ပြားေန
စက်တင်ဘာ 29, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္  ၁၀၅ မိုင္မွ တရုတ္ႏိုင္ငံသို႔ဝင္ေရာက္မည့္ယာဥ္မ်ားအား လံုၿခံဳေရးႏွင့္ ဘက္စံု စစ္ေဆးေရးကို စက္တင္ဘာလ(၂၃)ရက္ေန႔မွစတင္ေဆာင္ရြက္ေနသည့္အတြက္ ႏွစ္ႏိုင္ငံနယ္စပ္အတြင္း ယာဥ္ေၾကာပိတ္ဆို႔မႈ ၾကာျမင့္စြာျဖစ္ေနသျဖင့္ မူဆယ္ၿမိဳ႕ရွိသက္ဆိုင္ရာဌာနမ်ား စုေပါင္း၍ ယာဥ္ေၾကာ ရွင္းလင္းေရးႏွင့္ လံုၿခံဳေရးေဆာင္ရြက္ေပးေနရေၾကာင္း သိရသည္။

“သူတို႔(တရုတ္)ဘက္မွာလည္း ပိတ္တယ္။ က်ယ္ေဂါင္မွာဆိုရင္ ရင္ျပင္ေတြထိ ပိတ္ေနတယ္။ ျမန္မာဘက္မွာလည္း မူဆယ္ ၁၀၅ မိုင္ထိ ပိတ္ေနတယ္။ အရင္က ယာဥ္ကင္းလြတ္ခြင့္ေပးထားတဲ့ ဘထၳရီဆိုင္ကယ္ေတြပါမက်န္ တရုတ္ဘက္က ယာဥ္လိုင္စင္၊ ယာဥ္ေမာင္းလိုင္စင္ေတြ စစ္ေဆးၿပီး တင္းက်ပ္လိုက္တာျဖစ္တဲ့အတြက္ အခုလို ႏွစ္ဖက္စလံုးမွာ ယာဥ္ေၾကာေတြပိတ္သြားတာျဖစ္ပါတယ္။ ေနာက္ထပ္လည္း (၅) ရက္ေလာက္ ထပ္ျဖစ္ေနအံုးမယ္လို႔ တရုတ္ဘက္က ခန္႔မွန္းထားတယ္” ဟု မူဆယ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဌာန ဒုတိယ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူဆယ္ခရိုင္အတြင္းရွိ နယ္ေျမခံတပ္၊ ခရိုင္ရဲတပ္ဖြဲ႔၊ ယာဥ္ထိန္းတပ္ဖြဲ႔၊ ေမာ္ေတာ္ယာဥ္ႀကီးၾကပ္ေရး၊ မီးသတ္တပ္ဖြဲ႔၊ ခရိုင္/ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ျပည္သူ႔စစ္အဖြဲ႔မ်ား အပါအဝင္ ဝန္ထမ္းမ်ားအင္အားတိုးထည့္ကာ ယာဥ္ေၾကာ ပိတ္ဆို႔ရာေနရာမ်ားတြင္ လံုၿခံဳေရးေပးျခင္းႏွင့္ ထပ္မံမပိတ္ဆို႔ေရးမ်ား လုပ္ေဆာင္ေပးေနရေၾကာင္း သိရသည္။

“ယာဥ္ေၾကာပိတ္ဆို႔လို႔ ထိခိုက္မႈကေတာ့ ခရီးသြားျပည္သူေတြ အခ်ိန္ၾကာသြားတယ္။ ကားဆရာေတြ စရိတ္ေထာင္း တာေတြေတာ့ ျဖစ္လာတာေပါ့။ စက္တင္ဘာ(၂၈)ေလာက္မွာ အဲဒီေလာက္ႀကီးမပိတ္ေတာ့ပါဘူး။ လက္ရွိလည္း အရမ္းႀကီး ကားမပိတ္ေတာ့ပါဘူး” ဟု (၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္ ပို႔ကုန္သြင္းကုန္ စီမံမန္ေနဂ်ာတစ္ဦးက ေျပာသည္။

ယခင္က ကင္းလြတ္ခြင့္ေပးထားသည့္ ကားငယ္၊ ဆိုင္ကယ္မ်ားကိုပါ ယာဥ္လိုင္စင္၊ ယာဥ္ေမာင္းလိုင္စင္ ႏွင့္ အလံုးစံုစစ္ေဆးမႈမ်ားကို တရုတ္ရဲတပ္ဖြဲ႔မွ လုပ္ေဆာင္ေနသည့္အတြက္ တရုတ္-ျမန္မာ နယ္စပ္ ႏွစ္ဖက္စလံုး တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ပြားေနရျခင္းျဖစ္ေၾကာင္း မူဆယ္ၿမိဳ႕ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဌာနမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်မြို့နှင့်နယ်စပ် တရုတ်နိုင်ငံဘက်တွင် မော်တော်ယာဉ်စစ်ဆေးနေမှုများကြောင့် မူဆယ်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေ
*********
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်  ၁၀၅ မိုင်မှ တရုတ်နိုင်ငံသို့ဝင်ရောက်မည့်ယာဉ်များအား လုံခြုံရေးနှင့် ဘက်စုံ စစ်ဆေးရေးကို စက်တင်ဘာလ(၂၃)ရက်နေ့မှစတင်ဆောင်ရွက်နေသည့်အတွက် နှစ်နိုင်ငံနယ်စပ်အတွင်း ယာဉ်ကြောပိတ်ဆို့မှု ကြာမြင့်စွာဖြစ်နေသဖြင့် မူဆယ်မြို့ရှိသက်ဆိုင်ရာဌာနများ စုပေါင်း၍ ယာဉ်ကြော ရှင်းလင်းရေးနှင့် လုံခြံုရေးဆောင်ရွက်ပေးနေရကြောင်း သိရသည်။

“သူတို့(တရုတ်)ဘက်မှာလည်း ပိတ်တယ်။ ကျယ်ဂေါင်မှာဆိုရင် ရင်ပြင်တွေထိ ပိတ်နေတယ်။ မြန်မာဘက်မှာလည်း မူဆယ် ၁၀၅ မိုင်ထိ ပိတ်နေတယ်။ အရင်က ယာဉ်ကင်းလွတ်ခွင့်ပေးထားတဲ့ ဘထ္ထရီဆိုင်ကယ်တွေပါမကျန် တရုတ်ဘက်က ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေ စစ်ဆေးပြီး တင်းကျပ်လိုက်တာဖြစ်တဲ့အတွက် အခုလို နှစ်ဖက်စလုံးမှာ ယာဉ်ကြောတွေပိတ်သွားတာဖြစ်ပါတယ်။ နောက်ထပ်လည်း (၅) ရက်လောက် ထပ်ဖြစ်နေအုံးမယ်လို့ တရုတ်ဘက်က ခန့်မှန်းထားတယ်” ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာန ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်ခရိုင်အတွင်းရှိ နယ်မြေခံတပ်၊ ခရိုင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မော်တော်ယာဉ်ကြီးကြပ်ရေး၊ မီးသတ်တပ်ဖွဲ့၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်အဖွဲ့များ အပါအဝင် ဝန်ထမ်းများအင်အားတိုးထည့်ကာ ယာဉ်ကြော ပိတ်ဆို့ရာနေရာများတွင် လုံခြံုရေးပေးခြင်းနှင့် ထပ်မံမပိတ်ဆို့ရေးများ လုပ်ဆောင်ပေးနေရကြောင်း သိရသည်။

“ယာဉ်ကြောပိတ်ဆို့လို့ ထိခိုက်မှုကတော့ ခရီးသွားပြည်သူတွေ အချိန်ကြာသွားတယ်။ ကားဆရာတွေ စရိတ်ထောင်း တာတွေတော့ ဖြစ်လာတာပေါ့။ စက်တင်ဘာ(၂၈)လောက်မှာ အဲဒီလောက်ကြီးမပိတ်တော့ပါဘူး။ လက်ရှိလည်း အရမ်းကြီး ကားမပိတ်တော့ပါဘူး” ဟု (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ပို့ကုန်သွင်းကုန် စီမံမန်နေဂျာတစ်ဦးက ပြောသည်။

ယခင်က ကင်းလွတ်ခွင့်ပေးထားသည့် ကားငယ်၊ ဆိုင်ကယ်များကိုပါ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် နှင့် အလုံးစုံစစ်ဆေးမှုများကို တရုတ်ရဲတပ်ဖွဲ့မှ လုပ်ဆောင်နေသည့်အတွက် တရုတ်-မြန်မာ နယ်စပ် နှစ်ဖက်စလုံး တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားနေရခြင်းဖြစ်ကြောင်း မူဆယ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနမှ သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~