မိုင်းယောင်းတွင် အမျိုးသားနှစ်ဦးထံက လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုင်းယောင်းတွင် အမျိုးသားနှစ်ဦးထံက လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
စက်တင်ဘာ 24, 2017
By Tachileik News Agency


ရှေ့တန်းအမှတ်(၃၃၅)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးဇော်ဇော်အောင် ဦးစီးသည့် လှုပ်ရှားတပ်ခွဲအဖွဲ့သည် ဟောင်ကြန့်အုပ်စု ဝိန်းမိုင်ကျေးရွာအနီးတွင် စက်တင်ဘာ ၂၄ ရက်နေ့က လက်နက်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ အမှတ်(၃၃၅)ခြေမြန်တပ်ရင်း၏ လှုပ်ရှားတပ်ခွဲ အဖွဲ့သည် ဝိန်းမိုင်ကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေစဉ် ဝိန်းမိုင်ကျေးရွာဘက်မှ တာလုတ်ကျေးရွာဘက်သို့ အိုက်ကဲန်မောင်းနှင်ပြီး အိုက်ကောင် လိုက်ပါ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်အတွင်း ထည့်သွင်း သယ်ဆောင်လာသည့် ပစ္စတိုသေနတ်တစ်လက်၊ ဘိန်းဖြူ(၁.၅)ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား(၁၈၆၄)ပြား၊  ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားအမှုန့်(၁၀)ဂရမ်နှင့် လက်ကိုင်ဖုန်း သုံးလုံးတို့ကို သိမ်းဆည်းရမိသဖြင့် ဝိန်းမိုင်ကျေးရွာနေသူ ၎င်းတို့နှစ်ဦးအား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝိန်းမိုင်ကျေးရွာအနီးတွင် အမျိုးသား နှစ်ဦးထံက လက်နက်နှင့် မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိကြောင်း သိရသည်။

ရှေ့တန်းအမှတ်(၃၃၅)ခြမြေန်တပ်ရင်းမှ ဗိုလ်ကြီးဇော်ဇော်အောင် ဦးစီးသည့် လှုပ်ရှားတပ်ခွဲအဖွဲ့သည် ဟောင်ကြန့်အုပ်စု ဝိန်းမိုင်ကျေးရွာအနီးတွင် စက်တင်ဘာ ၂၄ ရက်နေ့က လက်နက်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ အမှတ်(၃၃၅)ခြမြေန်တပ်ရင်း၏ လှုပ်ရှားတပ်ခွဲ အဖွဲ့သည် ဝိန်းမိုင်ကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေစဉ် ဝိန်းမိုင်ကျေးရွာဘက်မှ တာလုတ်ကျေးရွာဘက်သို့ အိုက်ကဲန်မောင်းနှင်ပြီး အိုက်ကောင် လိုက်ပါ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်အတွင်း ထည့်သွင်း သယ်ဆောင်လာသည့် ပစ္စတိုသေနတ်တစ်လက်၊ ဘိန်းဖြူ(၁.၅)ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား(၁၈၆၄)ပြား၊ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားအမှုန့်(၁၀)ဂရမ်နှင့် လက်ကိုင်ဖုန်း သုံးလုံးတို့ကို သိမ်းဆည်းရမိသဖြင့် ဝိန်းမိုင်ကျေးရွာနေသူ၎င်းတို့နှစ်ဦးအား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - စိုင်းယောင်းခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~