ထိုင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား(၅)ဦးကို တာခ်ီလိတ္တြင္ လႊဲေျပာင္းေပး

ထိုင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား(၅)ဦးကို တာခ်ီလိတ္တြင္ လႊဲေျပာင္းေပး
စက်တင်ဘာ 25, 2017
By 🌸
ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္မႈျဖင့္ ထိန္းသိမ္းခံထားရသည့္ ျမန္မာႏိုင္ငံသား(၅)ဦးအား ထိုင္းႏိုင္ငံမွ တာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ တာဝန္ရိွသူမ်ားထံ စက္တင္ဘာလ (၂၅)ရက္ေန႔က လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသား အမ်ိဳးသား(၅)ဦးအား ထိုင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက စက္တင္ဘာလ (၂၅)ရက္ေန႔ နံနက္ (၁၀)နာရီခန္႔တြင္ တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတားအမွတ္ (၂)၌ ျမန္မာႏုိင္ငံမွ တာဝန္ရိွသူမ်ားထံ လႊဲေျပာင္းေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံအတြင္း နယ္စပ္ျဖတ္ေက်ာ္လက္မွတ္ သက္တမ္းေက်ာ္ လြန္ေနထုိင္ျခင္း၊အေထာက္အထားမရွိဘဲ ေနထုိင္ျခင္းတို႔ေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားကို ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားက ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕တြင္ လာေရာက္လႊဲေျပာင္းေပးေလ့ရိွၿပီး ယခင္က ယင္းကဲ့သို႔လႊဲေျပာင္းခံရသူမ်ားအား ထုိင္းႏုိင္ငံက အမည္ပ်က္စာရင္း(Black List)သြင္းၿပီး နယ္စပ္ျဖတ္ေက်ာ္ခြင့္ပိတ္ပင္ေလ့ရိွေသာ္လည္း ၂၀၁၇ ႏွစ္ဆန္းပိုင္းမွစ၍ ျမန္မာတာဝန္ရိွသူမ်ား၏ ညိႇႏိႈင္းမႈေၾကာင့္ ယင္းကဲ့သို႔လုပ္ေဆာင္ျခင္းမရိွေတာ့ေၾကာင္း သိရသည္။

ထိုင္းဘက္မွ လႊဲေျပာင္းလာသည့္ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာႏုိင္ငံဖက္မွ တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညွိႏွိဳင္းေရးေကာ္မတီ (CNCMC)တို႔က လက္ခံႀကိဳဆိုၾကၿပီး ၄င္းတုိ႕၏ မူလေနရပ္ေဒသမ်ားသုိ႔ ျပန္ႏုိင္ေရးအတြက္ ကူညီေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

ထိုင္းႏုိင္ငံအတြင္း တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ႏွင့္နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္သို႔ ၂၀၁၇ ခုႏွစ္အတြင္း လႊဲေျပာင္းေပးခဲ့သည့္ အေရအတြက္မွာ ဇန္န၀ါရီလ(၁)ရက္ေန႕မွ စက္တင္ဘာလ(၂၀)ရက္ေန႔အထိ အမ်ိဳးသား (၆၆၁)ဦး၊ အမ်ိဳးသမီး(၃၁၀)ဦး၊ ကေလး(၅၅)ဦး စုစုေပါင္း (၁၀၂၆)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #ZHH
ဓါတ္ပံု #ၿမိဳ႕နယ္ေထြ/အုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား(၅)ဦးကို  တာချီလိတ်တွင် လွှဲပြောင်းပေး
********
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား(၅)ဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ တာဝန်ရှိသူများထံ စက်တင်ဘာလ (၂၅)ရက်နေ့က လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

မြန်မာနိုင်ငံသား အမျိုးသား(၅)ဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက စက်တင်ဘာလ (၂၅)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ် (၂)၌ မြန်မာနိုင်ငံမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော်လက်မှတ် သက်တမ်းကျော် လွန်နေထိုင်ခြင်း၊အထောက်အထားမရှိဘဲ နေထိုင်ခြင်းတို့ကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံ တာချီလိတ်မြို့တွင် လာရောက်လွှဲပြောင်းပေးလေ့ရှိပြီး ယခင်က ယင်းကဲ့သို့လွှဲပြောင်းခံရသူများအား ထိုင်းနိုင်ငံက အမည်ပျက်စာရင်း(Black List)သွင်းပြီး နယ်စပ်ဖြတ်ကျော်ခွင့်ပိတ်ပင်လေ့ရှိသော်လည်း ၂၀၁၇ နှစ်ဆန်းပိုင်းမှစ၍ မြန်မာတာဝန်ရှိသူများ၏ ညှိနှိုင်းမှုကြောင့် ယင်းကဲ့သို့လုပ်ဆောင်ခြင်းမရှိတော့ကြောင်း သိရသည်။

ထိုင်းဘက်မှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံဖက်မှ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)တို့က လက်ခံကြိုဆိုကြပြီး ၄င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်သို့ ၂၀၁၇ ခုနှစ်အတွင်း လွှဲပြောင်းပေးခဲ့သည့် အရေအတွက်မှာ ဇန်နဝါရီလ(၁)ရက်နေ့မှ စက်တင်ဘာလ(၂၀)ရက်နေ့အထိ အမျိုးသား (၆၆၁)ဦး၊ အမျိုးသမီး(၃၁၀)ဦး၊ ကလေး(၅၅)ဦး စုစုပေါင်း (၁၀၂၆)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း #ZHH
ဓါတ်ပုံ #မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~