လိြဳင္ေကာ္ၿမိဳ႕နယ္တြင္ တည္ေဆာက္မည့္ ဘိလပ္ေျမစက္ရုံ စီမံကိန္းဖ်က္သိမ္းေပးေရး လူထုဆႏၵ လက္မွတ္ေရးထိုး

လိြဳင္ေကာ္ၿမိဳ႕နယ္တြင္ တည္ေဆာက္မည့္ ဘိလပ္ေျမစက္ရုံ စီမံကိန္းဖ်က္သိမ္းေပးေရး လူထုဆႏၵ လက္မွတ္ေရးထိုး
စက်တင်ဘာ 26, 2017
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕နယ္ ပႀကဲေတာင္သုံးလုံးေဒသတြင္ အေကာင္အထည္ေဖၚမည့္ တစ္ေန႔ တန္(၄၀၀၀)က် ဘိလပ္ေျမစက္ရံုစီမံကိန္း အၿပီးဖ်က္သိမ္းေပးရန္ လူထုဆႏၵလက္မွတ္ေရးထုိး ေတာင္းဆိုေနရာ စက္တင္ဘာလ (၂၅)ရက္ေန႔တြင္ ေဒသခံ(၁၀၀၀)ေက်ာ္ လက္မွတ္ေရးထုိးၿပီးျဖစ္ေၾကာင္း သိရသည္။
" ကြ်န္ေတာ္တို႔ အခုဒီစီမံကိန္းနဲ႔ တိုက္ရုိက္သက္ဆိုင္ေနတဲ့ရြာေတြက လူေတြ အမာခံေပါ့။ လက္မွတ္ေတြ ရထားၿပီ။ ေနာက္မိုးၿဗဲ၊ ဖယ္ခုံ၊ ဒီးေမာ့ဆိုဖက္က လူေတြကပါ လက္မွတ္ထိုးၾကတယ္။ ဘာလို႔လဲဆို စီမံကိန္းသာ ျဖစ္သြားရင္ ေက်ာက္မီးေသြးက အဲဒီဖက္ကေန ယူရမွာေလ"ဟု အဆိိုပါစီမံကိန္းဖ်က္သိမ္းေပးရန္ အဓိကဦးေဆာင္ လႈပ္ရွားေနသည့္ ကယားေျမသက္ေသအဖြဲ႕မွ ဦးဆန္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါစီမံကိန္းအား Square Power Group Company Limited မွ အေကာင္အထည္ေဖၚရန္ ၂၀၁၁ ခုႏွစ္ကတည္းက ေဒသတြင္း စတင္လုပ္ေဆာင္လာခဲ့ခ်ိန္မွစ၍ လူထုကန္႔ကြက္မႈမ်ားျဖင့္ ႀကံဳေနရျခင္းျဖစ္သည္။

 ဘိလပ္ေျမစက္ရုံစီမံကိန္း အၿပီးတိုင္ဖ်က္သိမ္းေပးေရး လူထုဆႏၵခံယူပြဲကို လိြဳင္ေကာ္ၿမိဳ႕ ေဒါမူကလားေက်းရြာတြင္ စက္တင္ဘာလ (၂၃)ရက္ေန႔ကျပဳလုပ္ခဲ့ကာ လူထုဆႏၵလက္မွတ္ေကာက္ယူရာ ေဒသခံလူထုက ပါဝင္လက္မွတ္ေရးထုိးျခင္းမ်ား ျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

" မလုပ္ပါနဲ႔လုိ႔ အၿမဲေျပာခဲ႔တယ္ေလ။ ကြ်န္ေတာ္တို႔က ဆိုးက်ိဳးကို သိတယ္။ ဒါေၾကာင့္ ကန္႔ကြက္တာ”ဟု ပႀကဲေက်းရြာမွ ဦးဆူရယ္က ေျပာသည္။

လက္ရိွကယားျပည္နယ္အစိုးရအေနျဖင့္ အဆိုပါစီမံကိန္းႏွင့္ပတ္သက္၍ လူထုကန္႔ကြက္ပါက ခြင့္ျပဳမည္မဟုတ္ေၾကာင္း ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိက ကတိေပးေျပာၾကားထားသည္။

အဆိုပါဘိလပ္ေျမစက္ရုံစီမံကိန္းအား ၂၀၁၁ ခုႏွစ္ ႏိုဝင္ဘာလ(၈)ရက္ေန႔တြင္ ခြင့္ျပဳခဲ့ၿပီး ၂၀၁၁ ခုႏွစ္   ႏိုဝင္ဘာလ (၁၁)ရက္ေန႔တြင္ ကယားျပည္နယ္အစိုးရက ခြင့္ျပဳခဲ့ျခင္းျဖစ္ေသာ္လည္း လူထုကန္႔ကြက္မႈမ်ားႏွင့္ ရင္ဆုိင္ေနရျခင္းျဖစ္ၿပီး လက္ရိွကယားျပည္နယ္အစိုးရက ခြင့္ျပဳထားျခင္းမရိွေသးေၾကာင္း သိရသည္။

သတင္း၊ ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်မြို့နယ်တွင် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံ စီမံကိန်းဖျက်သိမ်းပေးရေး လူထုဆန္ဒ လက်မှတ်ရေးထိုး
**************
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပကြဲတောင်သုံးလုံးဒေသတွင် အကောင်အထည်ဖေါ်မည့် တစ်နေ့တန်(၄၀၀၀)ကျ ဘိလပ်မြေစက်ရုံစီမံကိန်း အပြီးဖျက်သိမ်းပေးရန် လူထုဆန္ဒလက်မှတ်ရေးထိုး တောင်းဆိုနေရာ စက်တင်ဘာလ (၂၅)ရက်နေ့တွင် ဒေသခံ(၁၀၀၀)ကျော် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။ 
" ကျွန်တော်တို့ အခုဒီစီမံကိန်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ရွာတွေက လူတွေ အမာခံပေါ့။ လက်မှတ်တွေ ရထားပြီ။ နောက်မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆိုဖက်က လူတွေကပါ လက်မှတ်ထိုးကြတယ်။ ဘာလို့လဲဆို စီမံကိန်းသာ ဖြစ်သွားရင် ကျောက်မီးသွေးက အဲဒီဖက်ကနေ ယူရမှာလေ"ဟု အဆိိုပါစီမံကိန်းဖျက်သိမ်းပေးရန် အဓိကဦးဆောင် လှုပ်ရှားနေသည့် ကယားမြေသက်သေအဖွဲ့မှ ဦးဆန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါစီမံကိန်းအား Square Power Group Company Limited မှ အကောင်အထည်ဖေါ်ရန် ၂၀၁၁ ခုနှစ်ကတည်းက ဒေသတွင်း စတင်လုပ်ဆောင်လာခဲ့ချိန်မှစ၍ လူထုကန့်ကွက်မှုများဖြင့် ကြုံနေရခြင်းဖြစ်သည်။
 ဘိလပ်မြေစက်ရုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးရေး လူထုဆန္ဒခံယူပွဲကို လွိုင်ကော်မြို့ ဒေါမူကလားကျေးရွာတါင် စက်တင်ဘာလ (၂၃)ရက်နေ့ကပြုလုပ်ခဲ့ကာ လူထုဆန္ဒလက်မှတ်ကောက်ယူရာ ဒေသခံလူထုက ပါဝင်လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
" မလုပ်ပါနဲ့လို့ အမြဲပြောခဲ့တယ်လေ။ ကျွန်တော်တို့က ဆိုးကျိုးကို သိတယ်။ ဒါကြောင့် ကန့်ကွက်တာ”ဟု ပကြဲကျေးရွာမှ ဦးဆူရယ်က ပြောသည်။
လက်ရှိကယားပြည်နယ်အစိုးရအနေဖြင့် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ လူထုကန့်ကွက်ပါက ခွင့်ပြုမည်မဟုတ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကတိပေးပြောကြားထားသည်။
အဆိုပါဘိလပ်မြေစက်ရုံစီမံကိန်းအား ၂၀၁၁ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ခွင့်ပြုခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ကယားပြည်နယ်အစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း လူထုကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး လက်ရှိကယားပြည်နယ်အစိုးရက ခွင့်ပြုထားခြင်းမရှိသေးကြောင်း သိရသည်။
သတင်း၊ ဓါတ်ပုံ #ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~