မႏၱေလး - လားရိႈးလမ္း ပင္တိန္ရြာအနီးတြင္ ၁၂ ဘီးယာဥ္အား ေသနတ္ျဖင့္ လုိက္လံပစ္ခတ္ခံရ

မႏၱေလး - လားရိႈးလမ္း ပင္တိန္ရြာအနီးတြင္ ၁၂ ဘီးယာဥ္အား ေသနတ္ျဖင့္ လုိက္လံပစ္ခတ္ခံရ
စက်တင်ဘာ 26, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ပင္တိန္ေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္ အမွတ္ (၉၆/၄ ႏွင့္ ၅ ) အၾကားတြင္ စက္တင္ဘာလ (၂၅)ရက္ေန႔ ည (၁၀)နာရီခန္႔က မႏၱေလးမွ လားရိႈးသို႔ ေမာင္းႏွင္လာသည့္ (၁၂)ဘီးယာဥ္အား အမ်ိဳးသား(၄)ဦးက ေသနတ္ျဖင့္လိုက္လံပစ္ခတ္မႈ ျဖစ္ပြားသျဖင့္ စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“အရပ္ဝတ္နဲ႔ အမ်ိဳးသား(၄)ဦးကေန ေမာ္ေတာ္ဆိုင္ကယ္(၂)စီးနဲ႔ လိုက္ၿပီး အဲဒီကားကို ပစ္ခတ္ခဲ့တယ္လို႔ သိရတယ္။ အနည္းဆံုး(၄)ခ်က္ ပစ္ခံရတယ္။ (၁၂)ဘီးကားကေတာ့ ေသနတ္မွန္ခံရတာေၾကာင့္ အေနာက္ ယာဘက္ဘီး ေပါက္သြားေပမဲ့ မရပ္ဘဲ ေမာင္းေျပးလာတယ္။ လိုက္ပစ္တဲ့ဆိုင္ကယ္ ႏွစ္စီး နဲ႔ လူ(၄)ေယာက္ကေတာ့ ေနာက္လွည့္ျပန္သြားတယ္လို႔ သိရတယ္”ဟု ျဖစ္စဥ္အား စစ္ေဆးေနသည့္ ရဲအရာရိွက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕မွ (၈)မုိင္ေက်ာ္ခန္႔ေဝးသည့္ ပင္တိန္ေက်းရြာအနီးတြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရသျဖင့္ ကားအား ဆက္လက္ေမာင္းႏွင္လာၿပီး ေက်ာက္မဲၿမိဳ႕အဝင္ အိုရီယမ္တယ္တိုးဂိတ္၌ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕အား ယာဥ္ေမာင္းသူႏွင့္ ယာဥ္ေနာက္လုိက္တုိ႔က သတင္းပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ (၁၂)ဘီးယာဥ္အား လိုက္လံပစ္ခတ္သည့္ အမ်ိဳးသားမ်ားသည္ လက္နက္ငယ္(အရွည္)ကိုင္ေဆာင္ထားသည္ဟု ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တိုု႔ထံမွသိရွိရၿပီး အဆိုပါအမႈႏွင့္ပတ္သက္၍ သက္ဆုိင္ရာနယ္ေျမျဖစ္သည့္ ေနာင္ပိန္ရဲစခန္းက စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေး - လားရှိုးလမ်း ပင်တိန်ရွာအနီးတွင် ၁၂ ဘီးယာဉ်အား သေနတ်ဖြင့် လိုက်လံပစ်ခတ်ခံရ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ် (၉၆/၄ နှင့် ၅ ) အကြားတွင် စက်တင်ဘာလ (၂၅)ရက်နေ့ ည (၁၀)နာရီခန့်က မန္တလေးမှ လားရှိုးသို့ မောင်းနှင်လာသည့် (၁၂)ဘီးယာဉ်အား အမျိုးသား(၄)ဦးက သေနတ်ဖြင့်လိုက်လံပစ်ခတ်မှု ဖြစ်ပွားသဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“အရပ်ဝတ်နဲ့ အမျိုးသား(၄)ဦးကနေ မော်တော်ဆိုင်ကယ်(၂)စီးနဲ့ လိုက်ပြီး အဲဒီကားကို ပစ်ခတ်ခဲ့တယ်လို့ သိရတယ်။ အနည်းဆုံး(၄)ချက် ပစ်ခံရတယ်။ (၁၂)ဘီးကားကတော့ သေနတ်မှန်ခံရတာကြောင့် အနောက် ယာဘက်ဘီး ပေါက်သွားပေမဲ့ မရပ်ဘဲ မောင်းပြေးလာတယ်။ လိုက်ပစ်တဲ့ဆိုင်ကယ် နှစ်စီး နဲ့ လူ(၄)ယောက်ကတော့ နောက်လှည့်ပြန်သွားတယ်လို့ သိရတယ်”ဟု ဖြစ်စဉ်အား စစ်ဆေးနေသည့် ရဲအရာရှိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့မှ (၈)မိုင်ကျော်ခန့်ဝေးသည့် ပင်တိန်ကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ကားအား ဆက်လက်မောင်းနှင်လာပြီး ကျောက်မဲမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့အား ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်တို့က သတင်းပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၁၂)ဘီးယာဉ်အား လိုက်လံပစ်ခတ်သည့် အမျိုးသားများသည် လက်နက်ငယ်(အရှည်)ကိုင်ဆောင်ထားသည်ဟု ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တိုု့ထံမှသိရှိရပြီး အဆိုပါအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေဖြစ်သည့် နောင်ပိန်ရဲစခန်းက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~