ပညာေရးေကာလိပ္ဝင္ခြင့္ လာေလွ်ာက္သည့္ ေက်ာင္းသူႏွစ္ဦး သီေပါၿမိဳ႕အထြက္တြင္ ကားေအာက္သို႔ ဆုိင္ကယ္ဝင္သြားရာမွာ တစ္ဦးေသဆံုး

ပညာေရးေကာလိပ္ဝင္ခြင့္ လာေလွ်ာက္သည့္ ေက်ာင္းသူႏွစ္ဦး သီေပါၿမိဳ႕အထြက္တြင္ ကားေအာက္သို႔ ဆုိင္ကယ္ဝင္သြားရာမွာ တစ္ဦးေသဆံုး
စက်တင်ဘာ 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ဆန္ၿမိဳ႕မွ လားရိႈးၿမိဳ႕သို႔ ပညာေရးေကာလိပ္ဝင္ခြင့္ သြားေရာက္ ေလွ်ာက္ထားသည့္ ေက်ာင္းသူႏွစ္ဦး စက္တင္ဘာလ (၂၀)ရက္ေန႔ ညေနပိုင္းက သီေပါၿမိဳ႕အထြက္ ၿမိဳ႕ေဟာင္းရြာ နတ္စင္အနီးတြင္ ဆိုင္ကယ္ေက်ာ္တက္ရာမွ ကားေအာက္ဝင္သြားခဲ့ရာ တစ္ဦးေသဆံုးၿပီး တစ္ဦးဒဏ္ရာ ရသြားေၾကာင္း သိရသည္။

“အခ်ိန္ကေတာ့ (၃)နာရီဝန္းက်င္ေလာက္မွာျဖစ္တာ။ သီေပါကေန လားရိႈးဘက္ကိုအထြက္ ၿမိဳ႕ေဟာင္းရြာေပါ့။ အဲဒီရြာနားက နတ္စင္ေရွ႕မွာျဖစ္တာပါ။ ဆိုင္ကယ္ခ်င္း ေက်ာ္တက္ရာကေန သူတို႔ႏွစ္ေယာက္စီးလာတဲ့ ဆိုင္ကယ္က ကားေအာက္ ဝင္သြားၿပီး တစ္ေယာက္က ေသသြားတယ္။ ဒဏ္ရာရတဲ့ တစ္ေယာက္ကေတာ့ မစိုးရိမ္ရဘူး။ ပြန္းပဲ့တာေလာက္ပဲျဖစ္တယ္” ဟု သီေပါၿမိဳ႕ရွိ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ တာဝန္မွဴး ဒုရဲအုပ္ ေအာင္မ်ိဳးတင့္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အမ်ဳိးသား(၃)ဦး စီးနင္းလာသည့္ ဆိုင္ကယ္အား ေက်ာ္တက္ရာမွ မ်က္ႏွာခ်င္းဆိုင္မွလာသည့္ (၂၂)ဘီး တြဲကား ေအာက္သို႔ ဝင္သြားျခင္းျဖစ္သည္ဟု ကနဦး စံုစမ္းသိရိွရသည္။

“ေသသြားတဲ့ တစ္ေယာက္ကိုေတာ့ အသင္းကေန သြားသယ္ေပးၿပီး သီေပါေဆးရံုကို ပို႔ေဆာင္ေပးထားပါတယ္။ ေသဆံုးသူ အမ်ိဳးသမီးငယ္က နမ့္ဆန္ၿမိဳ႕ကေန လားရိႈးၿမိဳ႕မွာရွိတဲ့ ပညာေရးေကာလိပ္ကို ဝင္ခြင့္ သြားေလွ်ာက္ဖို႔ လာတာလို႔သိရတယ္” ဟု သီေပါၿမိဳ႕ရွိ နယ္စည္းမျခားပရဟိတအသင္းမွ ကိုမ်ိဳးက  ေျပာသည္။

အဆိုပါ ယာဥ္မေတာ္တဆမႈႏွင့္ပတ္သက္၍ သက္ဆိုင္ရာက စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #နယ္စည္းမျခားပရဟိတအသင္း- သီေပါ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့မှ လားရှိုးမြို့သို့ ပညာရေးကောလိပ်ဝင်ခွင့် သွားရောက် လျှောက်ထားသည့် ကျောင်းသူနှစ်ဦး စက်တင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းက သီပေါမြို့အထွက် မြို့ဟောင်းရွာ နတ်စင်အနီးတွင် ဆိုင်ကယ်ကျော်တက်ရာမှ ကားအောက်ဝင်သွားခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရသွားကြောင်း သိရသည်။

“အချိန်ကတော့ (၃)နာရီဝန်းကျင်လောက်မှာဖြစ်တာ။ သီပေါကနေ လားရှိုးဘက်ကိုအထွက် မြို့ဟောင်းရွာပေါ့။ အဲဒီရွာနားက နတ်စင်ရှေ့မှာဖြစ်တာပါ။ ဆိုင်ကယ်ချင်း ကျော်တက်ရာကနေ သူတို့နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်က ကားအောက် ဝင်သွားပြီး တစ်ယောက်က သေသွားတယ်။ ဒဏ်ရာရတဲ့ တစ်ယောက်ကတော့ မစိုးရိမ်ရဘူး။ ပွန်းပဲ့တာလောက်ပဲဖြစ်တယ်” ဟု သီပေါမြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်မှူး ဒုရဲအုပ် အောင်မျိုးတင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမျိုးသား(၃)ဦး စီးနင်းလာသည့် ဆိုင်ကယ်အား ကျော်တက်ရာမှ မျက်နှာချင်းဆိုင်မှလာသည့် (၂၂)ဘီး တွဲကား အောက်သို့ ဝင်သွားခြင်းဖြစ်သည်ဟု ကနဦး စုံစမ်းသိရှိရသည်။

“သေသွားတဲ့ တစ်ယောက်ကိုတော့ အသင်းကနေ သွားသယ်ပေးပြီး သီပေါဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။ သေဆုံးသူ အမျိုးသမီးငယ်က နမ့်ဆန်မြို့ကနေ လားရှိုးမြို့မှာရှိတဲ့ ပညာရေးကောလိပ်ကို ဝင်ခွင့် သွားလျှောက်ဖို့ လာတာလို့သိရတယ်” ဟု သီပေါမြို့ရှိ နယ်စည်းမခြားပရဟိတအသင်းမှ ကိုမျိုးက ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #နယ်စည်းမခြားပရဟိတအသင်း- သီပေါ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~