
စကျတငျဘာ 26, 2017
By 🌸




~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်းလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားအချို့ ဖမ်းဆီးရမိ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်းလမ်းတွင် စက်တင်ဘာလ (၂၅)ရက်နေ့ ည (၁၁)နာရီခွဲခန့်တွင် လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၅)ပြားအား ဖမ်းဆီးရမိကြောင်း သိရသည်။

မြို့မရဲစခန်းမှ နယ်ထိန်းဦးစီးသည့်တပ်ဖွဲ့ဝင်များသည် လှည့်ကင်းလုပ်ငန်းဆောင်ရွက်နေစဉ် ရီဂျီးနားဂေါက်ကွင်းလမ်း၌ တွေ့ရသည့် အမျိုးသားတစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်း စီးကရက်ဗူးခွံဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အောင်သိန်း(ခ) အိုက်ပီးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ (ပ) ၅၃ /၂၀၁၇ ၊ မူး /စိတ်/ တား ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ #ဆန်ဆိုင်း (ခ) ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~