တာခ်ီလိတ္တြင္ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔အထိမ္းအမွတ္အခမ္းအနား EU၏ ၿငိမ္းခ်မ္းေရးစီမံခ်က္က ဦးစီးက်င္းပ

တာခ်ီလိတ္တြင္ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔အထိမ္းအမွတ္အခမ္းအနား EU၏ ၿငိမ္းခ်မ္းေရးစီမံခ်က္က ဦးစီးက်င္းပ
စက်တင်ဘာ 22, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ EU၏ ၿငိမ္းခ်မ္းေရးစီမံခ်က္က စီစဥ္က်င္းပသည့္ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္အခမ္းအနားတြင္ ေက်ာင္းသားလူငယ္မ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေတြ႔ဆံုေမးျမန္းျခင္းအစီအစဥ္ ထည့္သြင္းခဲ့ၿပီး ေဒသတြင္းဌာနဆိုင္ရာမ်ားလည္း ပထမဆံုးအႀကိမ္ ပါဝင္တက္ေရာက္ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားမွာ ႏုိင္ငံတကာၿငိမ္းခ်မ္းေရးေန႔အထိမ္းအမွတ္ စာစီစာကံုးႏွင့္ ကဗ်ာရြတ္ၿပဳိင္ပဲြမ်ားမွ ဆုရေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဆုခ်ီးျမွင့္ပဲြအျဖစ္ စက္တင္ဘာလ (၂၁) ရက္ေန႔က ေရႊမဟာကုိယ္ပုိင္ အထက္တန္းေက်ာင္း၌ ၿငိမ္းခ်မ္းေရး၊ ျပန္လည္သင့္ျမတ္ေရးႏွင့္ ဖံြ႕ၿဖဳိးေရးစီမံခ်က္က စီစဥ္က်င္းပျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဒီေက်ာင္းမွာပဲလုပ္ျဖစ္တာ တတိယအႀကိမ္ရိွပါၿပီ။ ကၽြန္ေတာ္တို႔ အရင္တုန္းကဆို ေက်ာင္းေတြမွာ ေဟာေျပာခြင့္လည္း မရခဲ့ေတာ့့ ဒီကိုယ္ပိုင္အထက္တန္းေက်ာင္းမွာပဲ လုပ္ခြင့္ရခဲ့တာပါ။ ဒီေက်ာင္းမွာပဲ တျခားေက်ာင္းက ေက်ာင္းသားေတြကို ဖိတ္ေခၚရပါတယ္။ ဌာနဆုိင္ရာေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ပါလာတာ ဒီႏွစ္က ပထမဆံုးအႀကိမ္ပါ။ ကၽြန္ေတာ္တုိ႔ ရည္ရြယ္တာက လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ကိုယ့္ေဒသကလူေတြနဲ႔ ထိေတြ႕မႈမ်ားမ်ား ရိွေအာင္လုပ္ဖို႔လည္း အစီအစဥ္ရိွပါတယ္။ ေနာက္ လူငယ္ေလးေတြကိုလည္း ႏုိင္ငံေရးကို စိတ္ဝင္စားေစခ်င္တာလည္း ပါပါတယ္။ ဒီႏွစ္လုပ္ခဲ့တဲ့ပြဲက ဒီအတြက္လည္း လုပ္ႏုိင္ခဲ့တယ္လို႔ ေျပာရမွာပါ” ဟု ၿငိမ္းခ်မ္းေရး၊ ျပန္လည္သင့္ျမတ္ေရးႏွင့္ ဖံြ႕ၿဖဳိးေရးစီမံခ်က္ေဆာင္ရြက္ေနသည့္ ASG အဖြဲ႕တည္ေထာင္သူႏွင့္ ဒါရိုက္တာျဖစ္သူ ေဒါက္တာျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာင္းသား၊ ေက်ာင္းသူမ်ားက လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား ေမးခြန္းေမးျမန္းျခင္း အစီအစဥ္တြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္း၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္ႏွင့္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္တို႔က ျပန္လည္ေျဖၾကားေပးေၾကာင္း သိရသည္။

“ေက်ာင္းသားေတြ အမ်ားဆံုးသိခ်င္တာေတြက ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး ဘယ္လိုေဆာင္ရြက္မလဲ ဆိုတာရယ္၊ ၿငိမ္းခ်မ္းေရးဘယ္ေတာ့ရမွာလဲဆိုတာရယ္၊ အခြန္အခနဲ႔ပတ္သက္တာရယ္၊ ပညာေရးနဲ႔ က်န္းမာေရးက႑ေတြကို ေမးၾကပါတယ္။ အမ်ားဆံုးကေတာ့ ၿငိမ္းခ်မ္းေရးကို စိတ္ဝင္စားၾကတာ ေတြ႔ရပါတယ္”ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

အခမ္းအနားသို႔ တာခ်ီလိတ္ခရိုင္ ဒုတိယခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္ဝင္းေဌး၊ ခ႐ိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕မ်ား၊ ဆရာ၊ ဆရာမမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ေက်ာင္းသား ေက်ာင္းသူ( ၂၆၀)အပါအဝင္ စုစုေပါင္း လူဦးေရ (၃၁၀)ခန္႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

“ဒီႏွစ္ထူးျခားတာက လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ကေလးေတြ အျပန္အလွန္ ေမးျမန္းေဆြးေႏြးၾကတာေတြ လုပ္ေပးႏုိင္တာပါ။ ကေလးေတြ စိတ္ဝင္စားၾကတာက ဖက္ဒရယ္အေၾကာင္းလည္း စိတ္ဝင္စားၾကတာ ေတြ႔ရတယ္။ သူတို႔ေတြက ၿငိမ္းခ်မ္းေရးအေၾကာင္း ပညာေရးစနစ္ ခဏခဏေျပာင္းေနတာေတြအေၾကာင္း ဒါေတြစိတ္ဝင္တစားေမးၾကတာ ေတြ႔ရပါတယ္”ဟု ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္း ေက်ာင္းအုပ္ ဦးခင္ေမာင္ျမင့္က ေျပာသည္။

အဆိုပါ အခမ္းအနားအား ဥေရာပသမဂၢ (EU)၏အေထာက္အပံ့ျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္း “ဝ” ေဒသမွလြဲ၍ က်န္ၿမိဳ႕နယ္မ်ားတြင္ ေလးႏွစ္တာစီမံကိန္းအျဖစ္ေဆာင္ရြက္ေနသည့္ ၿငိမ္းခ်မ္းေရး၊ ျပန္လည္သင့္ျမတ္ေရးႏွင့္ဖံြ႕ၿဖိဳးေရးစီမံခ်က္က စီစဥ္က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု #Joseph Myint Aung

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် နိုင်ငံတကာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား EU၏ ငြိမ်းချမ်းရေးစီမံချက်က ဦးစီးကျင်းပ
******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် EU၏ ငြိမ်းချမ်းရေးစီမံချက်က စီစဉ်ကျင်းပသည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကျောင်းသားလူငယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ် ထည့်သွင်းခဲ့ပြီး ဒေသတွင်းဌာနဆိုင်ရာများလည်း ပထမဆုံးအကြိမ် ပါဝင်တက်ရောက်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားမှာ နိုင်ငံတကာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲများမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအဖြစ် စက်တင်ဘာလ (၂၁) ရက်နေ့က ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၌ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးစီမံချက်က စီစဉ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီကျောင်းမှာပဲလုပ်ဖြစ်တာ တတိယအကြိမ်ရှိပါပြီ။ ကျွန်တော်တို့ အရင်တုန်းကဆို ကျောင်းတွေမှာ ဟောပြောခွင့်လည်း မရခဲ့တော့့ ဒီကိုယ်ပိုင်အထက်တန်းကျောင်းမှာပဲ လုပ်ခွင့်ရခဲ့တာပါ။ ဒီကျောင်းမှာပဲ တခြားကျောင်းက ကျောင်းသားတွေကို ဖိတ်ခေါ်ရပါတယ်။ ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာတာ ဒီနှစ်က ပထမဆုံးအကြိမ်ပါ။ ကျွန်တော်တို့ ရည်ရွယ်တာက လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ့်ဒေသကလူတွေနဲ့ ထိတွေ့မှုများများ ရှိအောင်လုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။ နောက် လူငယ်လေးတွေကိုလည်း နိုင်ငံရေးကို စိတ်ဝင်စားစေချင်တာလည်း ပါပါတယ်။ ဒီနှစ်လုပ်ခဲ့တဲ့ပွဲက ဒီအတွက်လည်း လုပ်နိုင်ခဲ့တယ်လို့ ပြောရမှာပါ” ဟု ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးစီမံချက်ဆောင်ရွက်နေသည့် ASG အဖွဲ့တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သူ ဒေါက်တာမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောင်းသား၊ ကျောင်းသူများက လွှတ်တော်ကိုယ်စားလှယ်များအား မေးခွန်းမေးမြန်းခြင်း အစီအစဉ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်တို့က ပြန်လည်ဖြေကြားပေးကြောင်း သိရသည်။

“ကျောင်းသားတွေ အများဆုံးသိချင်တာတွေက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မလဲ ဆိုတာရယ်၊ ငြိမ်းချမ်းရေးဘယ်တော့ရမှာလဲဆိုတာရယ်၊ အခွန်အခနဲ့ပတ်သက်တာရယ်၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို မေးကြပါတယ်။ အများဆုံးကတော့ ငြိမ်းချမ်းရေးကို စိတ်ဝင်စားကြတာ တွေ့ရပါတယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

အခမ်းအနားသို့ တာချီလိတ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူ( ၂၆၀)အပါအဝင် စုစုပေါင်း လူဦးရေ (၃၁၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

“ဒီနှစ်ထူးခြားတာက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကလေးတွေ အပြန်အလှန် မေးမြန်းဆွေးနွေးကြတာတွေ လုပ်ပေးနိုင်တာပါ။ ကလေးတွေ စိတ်ဝင်စားကြတာက ဖက်ဒရယ်အကြောင်းလည်း စိတ်ဝင်စားကြတာ တွေ့ရတယ်။ သူတို့တွေက ငြိမ်းချမ်းရေးအကြောင်း ပညာရေးစနစ် ခဏခဏပြောင်းနေတာတွေအကြောင်း ဒါတွေစိတ်ဝင်တစားမေးကြတာ တွေ့ရပါတယ်”ဟု ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ် ဦးခင်မောင်မြင့်က ပြောသည်။

အဆိုပါ အခမ်းအနားအား ဥရောပသမဂ္ဂ (EU)၏အထောက်အပံ့ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း “ဝ” ဒေသမှလွဲ၍ ကျန်မြို့နယ်များတွင် လေးနှစ်တာစီမံကိန်းအဖြစ်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့်ဖွံ့ဖြိုးရေးစီမံချက်က စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ #Joseph Myint Aung

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~