တာခ်ီလိတ္တြင္ က်င္းပမည့္ ေရႊႀတိဂံတုိင္း ဖိတ္ေခၚ စက္ဘီးစီးၿပိဳင္ပြဲသို႔ ထုိင္းႏွင့္ လာအိုမွ ၿပိဳင္ပြဲဝင္မ်ားလည္း ပါဝင္မည္

တာခ်ီလိတ္တြင္ က်င္းပမည့္ ေရႊႀတိဂံတုိင္း ဖိတ္ေခၚ စက္ဘီးစီးၿပိဳင္ပြဲသို႔ ထုိင္းႏွင့္ လာအိုမွ ၿပိဳင္ပြဲဝင္မ်ားလည္း ပါဝင္မည္
စက်တင်ဘာ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ပထမဆံုး က်င္းပမည့္ ေရႊႀတိဂံတုိင္း ဖိတ္ေခၚ စက္ဘီးစီး ၿပိဳင္ပြဲအား ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ (၁၇)ရက္တြင္ က်င္းပသြားမည္ျဖစ္ရာ ျမန္မာတစ္ႏိုင္ငံလံုးမွ စိတ္ဝင္စားသူမ်ား ဆက္သြယ္ႏုိင္ၿပီး ထုိင္းႏွင့္ လာအိုႏိုင္ငံမ်ားမွလည္း ၿပိဳင္ပြဲဝင္မ်ား ဖိတ္ေခၚထားေၾကာင္း သိရသည္။

“တာခ်ီလိတ္မွာ ပထမဆံုး က်င္းပမယ့္ပြဲျဖစ္လို႔ ေသေသခ်ာခ်ာ စီစဥ္ေနပါတယ္။ ၿပိဳင္ပြဲက်င္းပဖို႔အတြက္ ရွမ္းျပည္နယ္ အစိုးရဆီမွာလည္း ခြင့္ျပဳခ်က္တင္ထားၿပီး ျပည္နယ္အစိုးရက ျပည္နယ္အား/ကာကေန က်ပ္ (၁၅)သိန္း ပံ့ပိုးေပးပါတယ္။ ျမန္မာႏုိင္ငံစက္ဘီးစီးအဖြဲ႕ခ်ဳပ္က ဆုေၾကးေငြေတြ ခ်ီးျမႇင့္ေပးမွာျဖစ္ၿပီး စက္ဘီးႏွစ္စီးလည္း ပံ့ပိုးေပးထားပါတယ္။ အခမ္းအနား အျပင္အဆင္နဲ႔ ဒိုင္ကိုေတာ့ ထုိင္းႏိုင္ငံ Singha ဘီယာၿခံက စပြန္ဆာေပးမွာပါ။ အခမ္းအနားျပင္ဆင္တာကို သူတို႔ လာလုပ္ေပးမယ္ေျပာပါတယ္။ တာခ်ီလိတ္ၿမိဳ႕မွာ အခမ္းအနား အတြက္ ကုန္က်စရိတ္ကိုေတာ့ စီးပြားေရးလုပ္ငန္းရွင္ေတြက စပြန္ဆာယူရမွာပါ”ဟု Tachileik Mountain Bike Group ၏ ဦးေဆာင္အဖြဲ႔ဝင္ တစ္ဦးျဖစ္သည့္ ဦးက်င္ေလးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စက္ဘီးစီးၿပိဳင္ပြဲအား အားကစားႏွင့္ က်န္းမာေရးဝန္ႀကီးဌာနက ႀကီးမွဴး၍ အားကစားႏွင့္ ကာယပညာဦးစီးဌာန၊ ျမန္မာႏုိင္ငံစက္ဘီးစီးအဖြဲ႕ခ်ဳပ္ႏွင့္ Tachileik Mountain Bike Group တို႔မွ ပူးေပါင္း က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

စက္ဘီးစီးၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲဝင္မ်ားအျပင္ အေပ်ာ္စီးအဖြဲ႕မ်ားကိုလည္း လက္ခံသြားမည္ျဖစ္ၿပီး တာခ်ီလိတ္ - မုိင္းဖုန္းခရီးစဥ္အား ၿပိဳင္ပြဲဝင္လမ္းေၾကာင္းႏွင့္ အေပ်ာ္စီးအဖြဲ႕လမ္းေၾကာင္း ႏွစ္ခုခြဲထားေၾကာင္း သိရသည္။

“ၿပိဳင္ပြဲေန႔မွာ ရွမ္းရိုးမကြင္းကေန ရွမ္းယဥ္ေက်းမႈရိုးရာအက အိုးစည္ဗံုေမာင္းနဲ႔ အခမ္းအနားကို စလႊတ္မွာ။ အားလံုး အလွစီးထြက္သြားၿပီးရင္ ေဟာင္လိတ္မီးပိြဳင့္ေရာက္တာနဲ႔ အေပ်ာ္စီးအဖြဲ႕က ေလယာဥ္ကြင္းကေန စက္မႈဇုန္ပတ္မယ္ ။ ၿပီးေတာ့ ဇြဲသာယာမွာဆံုးမယ္။ ႏွစ္လမ္းကြဲသြားမယ္။ ၿပိဳင္တဲ့အဖြဲ႕က မယ္ယန္းကေန ျပန္လွည့္ဝင္ၿပီး မုိင္းဖုန္း ဇြဲသာယာမွာ ခရီးစဥ္ဆံုးမယ္”ဟု Tachileik Mountain Bike Group ၏ ဦးေဆာင္ အဖြဲ႔ဝင္တစ္ဦးျဖစ္သည့္ ဦးက်င္ေလးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မွ ၿပိဳင္ပြဲဝင္လိုသူမ်ားအေနျဖင့္ မကာဟိုခမ္းရပ္ကြက္ စာသင္ေက်ာင္းအနီးရိွ ေရႊဓနဆိုင္ကယ္ျပဳျပင္ေရးဆုိင္တြင္ ၿပိဳင္ပြဲဝင္စာရင္းမ်ားကို လက္ခံေနၿပီး ဆက္သြယ္ရန္ ဖုန္း ၀၉၅၁၁၄၈၉၅ သို႔လည္း ဆက္သြယ္ေမးျမန္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
Tachileik Mountain Bike Group သည္ အဖြဲ႔ဝင္ေပါင္း (၇၀) နီးပါးရိွသည့္ တာခ်ီလိတ္ၿမိဳ႕ အေျခစိုက္ စက္ဘီးစီးအဖြဲ႕ျဖစ္ၿပီး ယခုၿပိဳင္ပြဲသည္ ၎တို႔အဖြဲ႔၏ ပထမဆံုး က်င္းပသည့္ပြဲျဖစ္ေၾကာင္း သိရသည္။

သတင္း - #ခ်ယ္ရီထိုက္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပထမဆုံး ကျင်းပမည့် ရွှတြေိဂံတိုင်း ဖိတ်ခေါ် စက်ဘီးစီး ပြိုင်ပွဲအား ၂၀၁၇ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးမှ စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပြီး ထိုင်းနှင့် လာအိုနိုင်ငံများမှလည်း ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ထားကြောင်း သိရသည်။

“တာချီလိတ်မှာ ပထမဆုံး ကျင်းပမယ့်ပွဲဖြစ်လို့ သေသေချာချာ စီစဉ်နေပါတယ်။ ပြိုင်ပွဲကျင်းပဖို့အတွက် ရှမ်းပြည်နယ် အစိုးရဆီမှာလည်း ခွင့်ပြုချက်တင်ထားပြီး ပြည်နယ်အစိုးရက ပြည်နယ်အား/ကာကနေ ကျပ် (၁၅)သိန်း ပံ့ပိုးပေးပါတယ်။ မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်က ဆုကြေးငွေတွေ ချီးမြှင့်ပေးမှာဖြစ်ပြီး စက်ဘီးနှစ်စီးလည်း ပံ့ပိုးပေးထားပါတယ်။ အခမ်းအနား အပြင်အဆင်နဲ့ ဒိုင်ကိုတော့ ထိုင်းနိုင်ငံ Singha ဘီယာခြံက စပွန်ဆာပေးမှာပါ။ အခမ်းအနားပြင်ဆင်တာကို သူတို့ လာလုပ်ပေးမယ်ပြောပါတယ်။ တာချီလိတ်မြို့မှာ အခမ်းအနား အတွက် ကုန်ကျစရိတ်ကိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေက စပွန်ဆာယူရမှာပါ”ဟု Tachileik Mountain Bike Group၏ ဦးဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးကျင်လေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စက်ဘီးစီးပြိုင်ပွဲအား အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူး၍ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်နှင့် Tachileik Mountain Bike Group တို့မှ ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

စက်ဘီးစီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များအပြင် အပျော်စီးအဖွဲ့များကိုလည်း လက်ခံသွားမည်ဖြစ်ပြီး တာချီလိတ် - မိုင်းဖုန်းခရီးစဉ်အား ပြိုင်ပွဲဝင်လမ်းကြောင်းနှင့် အပျော်စီးအဖွဲ့လမ်းကြောင်း နှစ်ခုခွဲထားကြောင်း သိရသည်။

“ပြိုင်ပွဲနေ့မှာ ရှမ်းရိုးမကွင်းကနေ ရှမ်းယဉ်ကျေးမှုရိုးရာအက အိုးစည်ဗုံမောင်းနဲ့ အခမ်းအနားကို စလွှတ်မှာ။ အားလုံး အလှစီးထွက်သွားပြီးရင် ဟောင်လိတ်မီးပွိုင့်ရောက်တာနဲ့ အပျော်စီးအဖွဲ့က လေယာဉ်ကွင်းကနေ စက်မှုဇုန်ပတ်မယ်။ ပြီးတော့ ဇွဲသာယာမှာဆုံးမယ်။ နှစ်လမ်းကွဲသွားမယ်။ ပြိုင်တဲ့အဖွဲ့က မယ်ယန်းကနေ ပြန်လှည့်ဝင်ပြီး မိုင်းဖုန်း ဇွဲသာယာမှာ ခရီးစဉ်ဆုံးမယ်”ဟု Tachileik Mountain Bike Group၏ ဦးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကျင်လေးက ပြောသည်။

တာချီလိတ်မြို့မှ ပြိုင်ပွဲဝင်လိုသူများအနဖြေင့် မကာဟိုခမ်းရပ်ကွက် စာသင်ကျောင်းအနီးရှိ ရွှေဓနဆိုင်ကယ်ပြုပြင်ရေးဆိုင်တွင် ပြိုင်ပွဲဝင်စာရင်းများကို လက်ခံနပြေီး ဆက်သွယ်ရန် ဖုန်း ဝ၉၅၁၁၄၈၉၅ သို့လည်း ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik Mountain Bike Group သည် အဖွဲ့ဝင်ပေါင်း (၇၀) နီးပါးရှိသည့် တာချီလိတ်မြို့ အခြေစိုက် စက်ဘီးစီးအဖွဲ့ဖြစ်ပြီး ယခုပြိုင်ပွဲသည်၎င်းတို့အဖွဲ့၏ ပထမဆုံး ကျင်းပသည့်ပွဲဖြစ်ကြောင်း သိရသည်။

သတင်း - #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~