ေက်ာက္မဲၿမိဳ႕နယ္အတြင္း တကၠသိုလ္ဝင္တန္းေအာင္ ရွမ္းေက်ာင္းသား/ေက်ာင္းသူမ်ားအား ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ ဂုဏ္ျပဳခ်ီးျမႇင့္

ေက်ာက္မဲၿမိဳ႕နယ္အတြင္း တကၠသိုလ္ဝင္တန္းေအာင္ ရွမ္းေက်ာင္းသား/ေက်ာင္းသူမ်ားအား ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ ဂုဏ္ျပဳခ်ီးျမႇင့္
စက်တင်ဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲေအာင္ျမင္ခဲ့သည့္ ရွမ္းလူမ်ိဳး ေက်ာင္းသူ/သား မ်ားအား ေက်ာက္မဲၿမိဳ႕ရွိ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီက စက္တင္ဘာလ (၂၄)ရက္ေန႔တြင္ ဂုဏ္ျပဳခ်ီးျမႇင့္ေၾကာင္း သိရသည္။

“တစ္ၿမိဳ႕နယ္လံုးမွာ လူ(၅၀၀)ေက်ာ္ေအာင္ျမင္တဲ့အထဲက ကၽြန္မတို႔ ရွမ္းကေလးေလးေတြက လူဦးေရ(၂၅၀)ေက်ာ္ ပါဝင္တဲ့အတြက္ သူတို႔ကို အသိအမွတ္ျပဳတဲ့အေနနဲ႔ အခုလို ဂုဏ္ျပဳဆုခ်ီးျမွင့္ပြဲေလး ျပဳလုပ္ေပးတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့စာသင္ႏွစ္မွာလည္း ျပဳလုပ္ေပးခဲ့တာျဖစ္တဲ့အတြက္ အခုအႀကိမ္ဟာ ဒုတိယ အႀကိမ္ျဖစ္ပါတယ္။ သူတို႔ေတြ ေနာင္တစ္ခ်ိန္မွာ အခ်င္းခ်င္းျပန္ေတြ႔တဲ့အခါ သိႏိုင္ေအာင္လို႔ အမွတ္တရအေနနဲ႔ တီရွပ္အကၤီ်ေလးေတြကိုလည္ း လက္ေဆာင္ေပးတာျဖစ္ပါတယ္။ ေနာင္ႏွစ္ ေတြမွာလည္း တကၠသိုလ္ဝင္တန္းေအာင္ျမင္တဲ့ ရွမ္းလူမ်ိဳးကေလးငယ္ေတြကို ဒီထက္ပိုၿပီး ခ်ီးျမႇင့္ေပးႏိုင္ေအာင္ လုပ္ေဆာင္ေပးသြားမွာျဖစ္ပါတယ္ “ ဟု ရွမ္းစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီမွ အတြင္းေရးမွဴး ေဒၚနန္းခင္မာေအး က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

တကၠသိုလ္ဝင္တန္း စာေမးပြဲေအာင္ (၁)ဘာသာ ဂုဏ္ထူးရွင္ (၃၇) ဦး၊ ၂ ဘာသာဂုဏ္ထူးရွင္ (၈) ဦး၊ သံုး ဘာသာဂုဏ္ထူးရွင္ (၆) ဦး၊ ေလးဘာသာဂုဏ္ထူးရွင္ (၄) ဦးႏွင့္ ေျခာက္ဘာသာ ဂုဏ္ထူးရွင္ (၁ )ဦးအပါအဝင္ ရိုးရိုးေအာင္ျမင္သူ (၁၉၉) ဦးတို႔အား ဆုေငြက်ပ္(၅၀၀၀)ႏွင့္ တီရွပ္အကၤီ်တစ္ထည္စီ၊ ဂုဏ္ထူးတစ္ဘာသာလွ်င္ က်ပ္(၅၀၀၀)ႏႈန္းစီျဖင့္ ဂုဏ္ျပဳခ်ီးျမွင့္ခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ ေက်ာက္မဲၿမိဳ႔ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ဒုၿမိဳ႕နယ္ပညာေရးဌာန၊ နမ့္ခုမ္းရွမ္းမ်ားပရဟိတအသင္းႏွင့္ ေအာင္ျမင္သူေက်ာင္းသား /ေက်ာင္းသူမ်ား၏ မိဘမ်ားအပါအဝင္ စုစုေပါင္း လူဦးေရ(၄၀၀)ခန္႔ တက္ေရာက္ခဲ့ေၾကာင္း သိရွိရသည္။

သတင္း၊ဓာတ္ပံု #ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် ရှမ်းလူမျိုး ကျောင်းသူ/သား များအား ကျောက်မဲမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီက စက်တင်ဘာလ (၂၄)ရက်နေ့တွင် ဂုဏ်ပြုချီးမြှင့်ကြောင်း သိရသည်။

“တစ်မြို့နယ်လုံးမှာ လူ(၅၀၀)ကျော်အောင်မြင်တဲ့အထဲက ကျွန်မတို့ ရှမ်းကလေးလေးတွေက လူဦးရေ(၂၅၀)ကျော် ပါဝင်တဲ့အတွက် သူတို့ကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ဂုဏ်ပြုဆုချီးမြှင့်ပွဲလေး ပြုလုပ်ပေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စာသင်နှစ်မှာလည်း ပြုလုပ်ပေးခဲ့တာဖြစ်တဲ့အတွက် အခုအကြိမ်ဟာ ဒုတိယ အကြိမ်ဖြစ်ပါတယ်။ သူတို့တွေ နောင်တစ်ချိန်မှာ အချင်းချင်းပြန်တွေ့တဲ့အခါ သိနိုင်အောင်လို့ အမှတ်တရအနေနဲ့ တီရှပ်အင်္ကျီလေးတွေကိုလည်း လက်ဆောင်ပေးတာဖြစ်ပါတယ်။ နောင်နှစ် တွေမှာလည်း တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ရှမ်းလူမျိုးကလေးငယ်တွေကို ဒီထက်ပိုပြီး ချီးမြှင့်ပေးနိုင်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ် “ ဟု ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ အတွင်းရေးမှူး ဒေါ်နန်းခင်မာအေး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် (၁)ဘာသာ ဂုဏ်ထူးရှင် (၃၇) ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၈) ဦး၊ သုံး ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၄) ဦးနှင့် ခြောက်ဘာသာ ဂုဏ်ထူးရှင် (၁ )ဦးအပါအဝင် ရိုးရိုးအောင်မြင်သူ (၁၉၉) ဦးတို့အား ဆုငွေကျပ်(၅၀၀၀)နှင့် တီရှပ်အင်္ကျီတစ်ထည်စီ၊ ဂုဏ်ထူးတစ်ဘာသာလျှင် ကျပ်(၅၀၀၀)နှုန်းစီဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကျောက်မဲမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်ပညာရေးဌာန၊ နမ့်ခုမ်းရှမ်းများပရဟိတအသင်းနှင့် အောင်မြင်သူကျောင်းသား /ကျောင်းသူများ၏ မိဘများအပါအဝင် စုစုပေါင်း လူဦးရေ(၄၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်း၊ဓာတ်ပုံ ဋနဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~