တာချီလိတ်မြို့ ဆန်ဆိုင်း(၅)လမ်းမှ ရေနှုတ်မြောင်းအား လမ်းဘေးအိမ်များ ကျူးကျော်မှု ရှိ/မရှိ တိုင်းတာမည်
တာချီလိတ်မြို့ ဆန်ဆိုင်း(၅)လမ်းမှ ရေနှုတ်မြောင်းအား လမ်းဘေးအိမ်များ ကျူးကျော်မှု ရှိ/မရှိ တိုင်းတာမည်
စကျတငျဘာ 24, 2017
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(၅)လမ်းတွင် စည်ပင်ယာယာနယ်နိမိတ် ရေနှုတ်မြောင်းအား လမ်းဘေး အိမ်အချို့မှ ကျူးကျော်ထားမှု ရှိ/မရှိ တိုင်းတာခြင်းနှင့် ရေနှုတ်မြောင်းအား အင်္ဂတေဖြင့် ပိတ်ထားခြင်းများကို ပြန်လည်ပြုပြင်ခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ဆန်ဆိုင်း(၅)လမ်းမှ ရေနှုတ်မြောင်းအရှည် ပေ (၃၀၀)ကျော်အား လမ်းဘေးအိမ်များက အင်္ဂတေဖြင့်ပိတ်၍ ကျူးကျော်ထားသဖြင့် ရပ်ကွက်နေလူထုအတွက် မိုးရာသီကာလများတွင် စိုးရိမ်မှုများဖြစ်ရကြောင်း တင်ပြထားသဖြင့် သက်ဆိုင်ရာဌာနများက ဖြေရှင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(၅)လမ်းတွင် စည်ပင်ယာယာနယ်နိမိတ် ရေနှုတ်မြောင်းအား လမ်းဘေး အိမ်အချို့မှ ကျူးကျော်ထားမှု ရှိ/မရှိ တိုင်းတာခြင်းနှင့် ရေနှုတ်မြောင်းအား အင်္ဂေတဖြင့် ပိတ်ထားခြင်းများကို ပြန်လည်ပြုပြင်ခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
“ရေနှုတ်မြောင်းကို အင်္ဂေတတွေနဲ့ အသေပိတ်ထားတော့ မတော်လို့ မိုးရာသီ ရကြေီးချိန်မှာ ကလေးတစ် ယောက်ယောက် ပြုတ်ကျသွားရင်တောင် ပြန်ဆယ်ဖို့ မလွယ်အောင် ဖြစ်နေတော့ ဒါတွေကို အသေ ပိတ်ထားတာတွေ ဖယ်ပြီး မြောင်းဖုံးတွေ ပြန်လုပ်ဖို့ စည်ပင်ကပြောပါတယ်။ နောက် တချို့နေရာတွေမှာ မြောင်းက အိမ်ဝန်းထဲ ရောက်နေတော့ ဒါကို မြေစာရင်းက ပြန်ပြီးတိုင်းတာဖို့တွေ လုပ်သွားမယ်လို့ သိရပါတယ်”ဟု ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝမ်မိုင်ရွာမှ ဒေသခံလူထုတို့ စက်တင်ဘာလ (၂၁)ရက်နေ့က တွေ့ဆုံရာတွင် အဆိုပါ ရေနှုတ်မြောင်းကိစ္စအား ဖြေရှင်းပေးရန် ဒေသခံများက တင်ပြခဲ့ကြသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ (၂၂)ရက်နေ့က ကွင်းဆင်းစစ်ဆေးကာ သက်ဆိုင်ရာဌာနများက ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“ဆန်ဆိုင်း(၅)လမ်းမှာ ရေနှုတ်မြောင်းတွေက အိမ်ခြံမြေထဲရောက်နေတယ်။ မြေစာရင်းက စနစ်တကျ မလုပ်တာလား ဘာလားမသိဘူး။ တချို့ကျတော့လည်း ရေမြောင်းကို အင်္ဂေတတွေဖုံးပြီး အိမ်တွေ ဆိုင်ခန်းတွေ ကျူးထားတာပေါ့။ မြေစာရင်းနဲ့ သေချာပြန်တိုင်းပြီး စည်ပင်နဲ့ ဘယ်လိုပြန်လုပ်ကြမလဲဆိုတာ ဆွေးနွေးနကြေတာပါ”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
ဆန်ဆိုင်း(၅)လမ်းမှ ရေနှုတ်မြောင်းအရှည် ပေ (၃၀၀)ကျော်အား လမ်းဘေးအိမ်များက အင်္ဂေတဖြင့်ပိတ်၍ ကျူးကျော်ထားသဖြင့် ရပ်ကွက်နေလူထုအတွက် မိုးရာသီကာလများတွင် စိုးရိမ်မှုများဖြစ်ရကြောင်း တင်ပြထားသဖြင့် သက်ဆိုင်ရာဌာနများက ဖြေရှင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~