ရြံ႕ႏြံမ်ားထူထပ္ေနသည့္ တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီးနားေဂါက္ကြင္းအေနာက္ရွိ ၿမိဳ႕ပတ္လမ္းကို စတင္ျပဳျပင္ေန

ရြံ႕ႏြံမ်ားထူထပ္ေနသည့္ တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီးနားေဂါက္ကြင္းအေနာက္ရွိ ၿမိဳ႕ပတ္လမ္းကို စတင္ျပဳျပင္ေန
စက်တင်ဘာ 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီးနားေဂါက္ကြင္းအနီး ၿမိဳ႕ပတ္လမ္းတြင္ မိုးရာသီအတြင္း ကားဆိုင္ကယ္မ်ား သြားလာရ ခက္ခဲမႈမ်ား ျဖစ္ေနသည့္ လမ္းပိုင္းအား အဆိုပါ လမ္းပိုင္းအနီးရိွ လုပ္ငန္းရွင္မ်ားက စက္တင္ဘာလ (၂၀)ရက္ေန႔တြင္ စတင္ျပဳျပင္ေပး ေနေၾကာင္း သိရသည္။

“ေတာင္က်ေရေၾကာင့္ ေရာၿပီး ေရာက္လာတဲ့ ႏႈံးေတြေရာ၊ ေျမေပ်ာ့ေတြကိုေရာ အခု ဖယ္ထုတ္ေနၿပီ၊ ဒါေတြဖယ္ၿပီးရင္ ေက်ာက္ေရာေျမထည့္သြားမယ္။ ဒီ(၃)(၄)ရက္အတြင္း မိုးမရြာရင္ေတာ့ လမ္းေကာင္းႏိုင္ပါၿပီ”ဟု လမ္းျပဳျပင္ေပးေနသည့္ လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

အဆိုပါ လမ္းပိုင္း အနီးရိွ လုပ္ငန္းရွင္အခ်ဳိ႕က အိမ္ရာေဖာ္ေဆာင္မႈအတြက္ ေတာင္မ်ားၿဖိဳ၍ ေျမညိႇစဥ္ ရီဂ်ီးနားႏွင့္ ၿမိဳ႕ပတ္လမ္းၾကားတြင္ လမ္းေကာင္းမြန္ရန္ ေျမသားမ်ားဖို႔ထားခဲ့ရာမွ မိုးရာသီအတြင္း ရႊံ႕ႏြံမ်ား ျဖစ္သြား၍ ကုန္တင္ကားမ်ား ရပ္နားခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ ရီဂ်ီးနားနဲ႔ ၿမိဳ႕ပတ္လမ္းၾကားကို အဲဒီနားမွာရိွတဲ့ ကုမၸဏီက ေတာင္ကိုၿဖိဳခ်လုိက္တဲ့ ေျမႀကီးေတြ ဖို႔ပစ္လုိက္တယ္။ ရီဂ်ီနားရဲ႕ ေျမာက္ဘက္ ဆိုေတာ့ ၿမိဳ႕ပတ္လမ္းဘက္ေရာက္လာတာေပါ့။ မိုးရြာတဲ့ အခါက်ေတာ့ ထြက္လို႔ကိုမရေတာ့ဘူး ျဖစ္သြားတယ္”ဟု ၁၂ ဘီးကားေမာင္းႏွင္သူတစ္ဦးျဖစ္သည့္ ဦးကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿမိဳ႕တြင္းလမ္းမ်ား အသံုးျပဳခြင့္ မရိွသည့္ ကုန္တင္ကားႀကီးမ်ားမွာ အဆိုပါ ၿမိဳ႕ပတ္လမ္းမွ တာခ်ီလိတ္- မုိင္းတြင္း - ပူနားဟို- မုိင္းဆတ္ - မုိင္းယြန္း - မုိင္းတံု - နားေကာင္းမူ - ပံုပါက်င္ - တာဆန္း - မုိင္းပန္ ၿမိဳ႕မ်ားသို႔ ေျပးဆြဲေနရျခင္းျဖစ္ၿပီး မိုးရာသီအတြင္း ရႊံ႕ထူထပ္စြာနစ္ျမဳပ္သြားသျဖင့္ ကုန္ကား ေျပးဆြဲျခင္းအား အမ်ားစု ရပ္နားထားရၿပီး မျဖစ္မေနသြားရသည့္ ကားမ်ားအေနျဖင့္ လမ္းၾကားမ်ားမွ ျဖတ္သန္းေမာင္းႏွင္ရသည့္အတြက္ ယာဥ္အႏၱရာယ္အထူးသတိထားေနရေၾကာင္း ေဒသခံ ကုန္ကား ေမာင္းသူမ်ားထံမွ သိရသည္။

“လမ္းက ရႊံ႕ေတြနဲ႔ကားျမဳပ္ေနေတာ့ ကားပိုင္ရွင္က မထြက္ေတာ့ဘူး။ မျဖစ္မေန သြားရမယ္ဆိုရင္ေတာ့ ဘယ္လိုထြက္ရလဲဆိုေတာ့ ဗယ္လင္တုိင္းဟိုတယ္ဘက္လမ္းၾကားကေန သြားရတယ္။ တာခ်ီလိတ္ၿမိဳ႕ထဲ ဝင္လာၿပီဆိုရင္ ေဟြရဲစုေပါင္းဂိတ္ကို ျဖတ္ရတယ္။ စုေပါငး္ဂိတ္ကိုု ျဖတ္ၿပီးတာနဲ႔ မိုးကုတ္ ဝိပႆနာဘက္က ဝင္ၿပီးေတာ့မွ ရီဂ်ီးနားေဂါက္ကြင္းလမ္းဆံုကို ဝင္ရတယ္။ ဝင္ၿပီးေတာ့မွ အဲဒီရီဂ်ီးနားကို ျပန္တက္ရတယ္။ ရီဂ်ီးၾကားထဲကေန ဗယ္လင္တိုင္းဟိုတယ္ဘက္ကို သြားၿပီးေတာ့မွ ေတာ္ေကာ့ဘက္ကို ျဖတ္ရတယ္။ ေတာ္ေတာ္ခက္ခက္ခဲခဲကို ျဖတ္ရတယ္။ တစ္ခါဆို ဒီလိိုျဖတ္လို႔ ဓာတ္တုိင္ကို ဝင္တုိက္မိ တာေတာင္ ႀကံဳဖူးတယ္။ ၿမိဳ႕တြင္းလမ္းကို ကၽြန္ေတာ္တုိ႔က တရားဝင္ျဖတ္သန္းခြင့္လည္း မရိွေတာ့ ယာဥ္တုိက္မႈအျပင္ စည္းကမ္းခ်ိဳးေဖာက္မႈပါ ထပ္တိုးတယ္။ ဒါေပမဲ့ ခြင့္ျပဳေပးထားတဲ့ လမ္းကက်ေတာ့ သြားလို႔မရဘူး။ ဒီလိုခက္ခက္ခဲခဲသြားေနရေတာ့ တစ္ခုခုျဖစ္ၿပီဆုိရင္ ကားသမား၊ ကားအံုနာအမွားပဲ ျဖစ္ၾကမွာပါ”ဟု တာေလာ့ရပ္ကြက္တြင္ေနထုိင္သည့္ ကုန္တင္ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

ကုန္ကားမ်ားေျပးဆြဲမႈရပ္နားခဲ့ရသျဖင့္ ကုန္ကားေမာင္းႏွင္သူမ်ားမွာ စားဝတ္ေနေရးအခက္အခဲျဖင့္ ႀကံဳေတြ႔ရမႈမ်ားလည္းရိွေနေၾကာင္း သိရၿပီး အဆိုပါလမ္းပိုင္းအား အိမ္ရာေဖာ္ေဆာင္ေရးကုမၸဏီႏွင့္ အနီးဝန္းက်င္တြင္ ေနထုိင္သူအခ်ိဳ႕က အျမန္ဆံုးေကာင္းမြန္သြားေစရန္ ျပဳျပင္မႈလုပ္ေဆာင္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်းအနီး မြို့ပတ်လမ်းတွင် မိုးရာသီအတွင်း ကားဆိုင်ကယ်များ သွားလာရ ခက်ခဲမှုများ ဖြစ်နေသည့် လမ်းပိုင်းအား အဆိုပါ လမ်းပိုင်းအနီးရှိ လုပ်ငန်းရှင်များက စက်တင်ဘာလ(၂၀)ရက်နေ့တွင် စတင်ပြုပြင်ပေး နေကြောင်း သိရသည်။

“တောင်ကျရေကြောင့် ရောပြီး ရောက်လာတဲ့ နှုံးတွေရော၊ မြေပျော့တွေကိုရော အခု ဖယ်ထုတ်နပြေီ၊ ဒါတွေဖယ်ပြီးရင် ကျောက်ရောမြေထည့်သွားမယ်။ ဒီ(၃)(၄)ရက်အတွင်း မိုးမရွာရင်တော့ လမ်းကောင်းနိုင်ပါပြီ”ဟု လမ်းပြုပြင်ပေးနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိုင်း အနီးရှိ လုပ်ငန်းရှင်အချို့က အိမ်ရာဖော်ဆောင်မှုအတွက် တောင်များဖြို၍ မြေညှိစဉ် ရီဂျီးနားနှင့် မြို့ပတ်လမ်းကြားတွင် လမ်းကောင်းမွန်ရန် မြေသားများဖို့ထားခဲ့ရာမှ မိုးရာသီအတွင်း ရွှံ့နွံများ ဖြစ်သွား၍ ကုန်တင်ကားများ ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ ရီဂျီးနားနဲ့ မြို့ပတ်လမ်းကြားကို အဲဒီနားမှာရှိတဲ့ ကုမ္ပဏီက တောင်ကိုဖြိုချလိုက်တဲ့ မြကြေီးတွေ ဖို့ပစ်လိုက်တယ်။ ရီဂျီနားရဲ့ မြောက်ဘက် ဆိုတော့ မြို့ပတ်လမ်းဘက်ရောက်လာတာပေါ့။ မိုးရွာတဲ့ အခါကျတော့ ထွက်လို့ကိုမရတော့ဘူး ဖြစ်သွားတယ်”ဟု ၁၂ ဘီးကားမောင်းနှင်သူတစ်ဦးဖြစ်သည့် ဦးကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့တွင်းလမ်းများ အသုံးပြုခွင့် မရှိသည့် ကုန်တင်ကားကြီးများမှာ အဆိုပါ မြို့ပတ်လမ်းမှ တာချီလိတ်- မိုင်းတွင်း - ပူနားဟို- မိုင်းဆတ် - မိုင်းယွန်း - မိုင်းတုံ - နားကောင်းမူ - ပုံပါကျင် - တာဆန်း - မိုင်းပန် မြို့များသို့ ပြေးဆွဲနေရခြင်းဖြစ်ပြီး မိုးရာသီအတွင်း ရွှံ့ထူထပ်စွာနစ်မြုပ်သွားသဖြင့် ကုန်ကား ပြေးဆွဲခြင်းအား အများစု ရပ်နားထားရပြီး မဖြစ်မနေသွားရသည့် ကားများအနဖြေင့် လမ်းကြားများမှ ဖြတ်သန်းမောင်းနှင်ရသည့်အတွက် ယာဉ်အန္တရာယ်အထူးသတိထားနေရကြောင်း ဒေသခံ ကုန်ကား မောင်းသူများထံမှ သိရသည်။

“လမ်းက ရွှံ့တွေနဲ့ကားမြုပ်နေတော့ ကားပိုင်ရှင်က မထွက်တော့ဘူး။ မဖြစ်မနေ သွားရမယ်ဆိုရင်တော့ ဘယ်လိုထွက်ရလဲဆိုတော့ ဗယ်လင်တိုင်းဟိုတယ်ဘက်လမ်းကြားကနေ သွားရတယ်။ တာချီလိတ်မြို့ထဲ ဝင်လာပြီဆိုရင် ဟွေရဲစုပေါင်းဂိတ်ကို ဖြတ်ရတယ်။ စုပေါငး်ဂိတ်ကို ဖြတ်ပြီးတာနဲ့ မိုးကုတ် ဝိပဿနာဘက်က ဝင်ပြီးတော့မှ ရီဂျီးနားဂေါက်ကွင်းလမ်းဆုံကို ဝင်ရတယ်။ ဝင်ပြီးတော့မှ အဲဒီရီဂျီးနားကို ပြန်တက်ရတယ်။ ရီဂျီးကြားထဲကနေ ဗယ်လင်တိုင်းဟိုတယ်ဘက်ကို သွားပြီးတော့မှ တော်ကော့ဘက်ကို ဖြတ်ရတယ်။ တော်တော်ခက်ခက်ခဲခဲကို ဖြတ်ရတယ်။ တစ်ခါဆို ဒီလိုဖြတ်လို့ ဓာတ်တိုင်ကို ဝင်တိုက်မိ တာတောင် ကြုံဖူးတယ်။ မြို့တွင်းလမ်းကို ကျွန်တော်တို့က တရားဝင်ဖြတ်သန်းခွင့်လည်း မရှိတော့ ယာဉ်တိုက်မှုအပြင် စည်းကမ်းချိုးဖောက်မှုပါ ထပ်တိုးတယ်။ ဒါပေမဲ့ ခွင့်ပြုပေးထားတဲ့ လမ်းကကျတော့ သွားလို့မရဘူး။ ဒီလိုခက်ခက်ခဲခဲသွားနေရတော့ တစ်ခုခုဖြစ်ပြီဆိုရင် ကားသမား၊ ကားအုံနာအမှားပဲ ဖြစ်ကြမှာပါ”ဟု တာလော့ရပ်ကွက်တွင်နေထိုင်သည့် ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

ကုန်ကားများပြေးဆွဲမှုရပ်နားခဲ့ရသဖြင့် ကုန်ကားမောင်းနှင်သူများမှာ စားဝတ်နေရေးအခက်အခဲဖြင့် ကြုံတွေ့ရမှုများလည်းရှိနေကြောင်း သိရပြီး အဆိုပါလမ်းပိုင်းအား အိမ်ရာဖော်ဆောင်ရေးကုမ္ပဏီနှင့် အနီးဝန်းကျင်တွင် နေထိုင်သူအချို့က အမြန်ဆုံးကောင်းမွန်သွားစေရန် ပြုပြင်မှုလုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~