ေက်ာက္မဲၿမိဳ႕ မဂၤလာေစ်းမွ သားငါးဆိုင္တန္းမ်ား ေအာက္တိုဘာ ၁၀ ရက္ေန႔တြင္ ေနရာျပန္လည္ခ်ထားမည္

ေက်ာက္မဲၿမိဳ႕ မဂၤလာေစ်းမွ သားငါးဆိုင္တန္းမ်ား ေအာက္တိုဘာ ၁၀ ရက္ေန႔တြင္ ေနရာျပန္လည္ခ်ထားမည္
စက်တင်ဘာ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ရွိ မဂၤလာေစ်း(မနက္ခင္းေစ်း)အား ခရိုင္အဆင့္ ေစ်းအဂၤါရပ္ႏွင့္ အညီ ပိုမိုသပ္ရပ္သန္႔ရွင္းလာေစရန္ ေစ်းျပင္ပႏွင့္ေစ်းအတြင္းရွိ အသား/ငါး ေရာင္းခ်သည့္ ဆိုင္တန္းမ်ားအား ေအာက္တိုဘာလ(၁၀)ရက္ေန႔မွစ၍ ေစ်းအတြင္းေနရာခ်ထားေပးမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။

“ေစ်းျပင္ပလမ္းနံေဘးမွာ ၾကက္/ငါးေရာင္းခ်တာေတြေၾကာင့္ ေစ်းအနီးေနထိုင္သူေတြအတြက္ အေႏွာင့္အယွက္ ျဖစ္ရတာေတြရယ္၊ ယာဥ္အသြားအလာမ်ားတာေၾကာင့္ အသား/ငါးေတြ မလတ္ဆတ္တာေတြ ျဖစ္လာမွာရယ္၊ ေစ်းအတြင္းမွာက်ေတာ့ စားေသာက္ဖြယ္ရာ ေရာင္းတဲ့ ဆိုင္တန္းေတြနဲ႔ အသား/ငါး ဆိုင္တန္းေတြ ေရာေထြး ေနတဲ့အတြက္ရယ္ မသင့္ေတာ္တဲ့ အခ်က္ေတြ ရွိလာလို႔ ၾကက္/ငါး ေရာင္းခ်မယ့္ဆိုင္ေတြကို ေစ်းအတြင္း တစ္ေနရာမွာ တစ္စုတစ္စည္းတည္း ေရာင္းခ်ေစမွာျဖစ္ပါတယ္။ အဲဒီအတြက္ ၾကက္/ငါး ေရာင္းခ်သူေတြနဲ႔ ေဆြးေႏြးညွိႏႈိင္းမႈ ျပဳလုပ္တာ ျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မနက္ခင္းေစ်းေနရာျပန္လည္ခ်ထားေရးအတြက္ စက္တင္ဘာလ(၂၁)ရက္ေန႔ ေန႔လယ္(၁၁)နာရီတြင္ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္စည္ပင္သာယာေရးအစည္းအေဝးခန္းမတြင္ ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီ၊ ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနႏွင့္ မဂၤလာေစ်းနယ္နိမိတ္အတြင္း ၾကက္/ငါး ေရာင္းခ်သူ (၂၄)ဦးတို႔ ေတ႔ြဆံုေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ၾကက္/ငါး ေရာင္းခ်သူမ်ားက ႀကံဳေတြ႔ရသည့္ အခက္အခဲမ်ားအား ရွင္းလင္းတင္ျပခဲ့ေၾကာင္း သိရသည္။

ျပန္လည္ေနရာခ်ထားေပးမည့္ေနရာအတြက္ ေအာက္တိုဘာလ(၇)ရက္ေန႔တြင္ မဲႏႈိက္၍ ေနရာေရြးခ်ယ္ေပးသြားမည္ ျဖစ္ၿပီး ေအာက္တိုဘာလ(၁၀) ရက္ေန႔တြင္ ေျပာင္းေရႊ႕မႈျပဳလုပ္ရန္ ကနဦးအစီအစဥ္ရွိထားေၾကာင္း သိရသည္။

ေနရာေရႊ႕ေျပာင္းေရာင္းခ်ရန္အတြက္ မိမိတို႔လက္ရွိပိုင္ဆိုင္ထားသည့္ အမည္ေပါက္ဆိုင္ခန္းမ်ားအား ပိတ္သိမ္း ရမည္မဟုတ္ဘဲ အသား/ငါး မဟုတ္သည့္ အျခားေရာင္းကုန္ပစၥည္းမ်ားအား ဆက္လက္ ေရာင္းခ်ခြင့္ျပဳထားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနထံမွ သိရသည္။

သတင္း၊ဓာတ္ပံု #ေနၿဖိဳးျမင့္

 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ မင်္ဂလာဈေး(မနက်ခင်းဈေး)အား ခရိုင်အဆင့် ဈေးအင်္ဂါရပ်နှင့် အညီ ပိုမိုသပ်ရပ်သန့်ရှင်းလာစေရန် ဈေးပြင်ပနှင့်ဈေးအတွင်းရှိ အသား/ငါး ရောင်းချသည့် ဆိုင်တန်းများအား အောက်တိုဘာလ(၁၀)ရက်နေ့မှစ၍ ဈေးအတွင်းနေရာချထားပေးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

“ဈေးပြင်ပလမ်းနံဘေးမှာ ကြက်/ငါးရောင်းချတာတွေကြောင့် ဈေးအနီးနေထိုင်သူတွေအတွက် အနှောင့်အယှက် ဖြစ်ရတာတွေရယ်၊ ယာဉ်အသွားအလာများတာကြောင့် အသား/ငါးတွေ မလတ်ဆတ်တာတွေ ဖြစ်လာမှာရယ်၊ ဈေးအတွင်းမှာကျတော့ စားသောက်ဖွယ်ရာ ရောင်းတဲ့ ဆိုင်တန်းတွေနဲ့ အသား/ငါး ဆိုင်တန်းတွေ ရောထွေး နေတဲ့အတွက်ရယ် မသင့်တော်တဲ့ အချက်တွေ ရှိလာလို့ ကြက်/ငါး ရောင်းချမယ့်ဆိုင်တွေကို ဈေးအတွင်း တစ်နေရာမှာ တစ်စုတစ်စည်းတည်း ရောင်းချစေမှာဖြစ်ပါတယ်။ အဲဒီအတွက် ကြက်/ငါး ရောင်းချသူတွေနဲ့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်တာ ဖြစ်ပါတယ်”ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မနက်ခင်းဈေးနေရာပြန်လည်ချထားရေးအတွက် စက်တင်ဘာလ(၂၁)ရက်နေ့ နေ့လယ်(၁၁)နာရီတွင် ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးအစည်းအဝေးခန်းမတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေးဌာနနှင့် မင်္ဂလာဈေးနယ်နိမိတ်အတွင်း ကြက်/ငါး ရောင်းချသူ (၂၄)ဦးတို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကြက်/ငါး ရောင်းချသူများက ကြုံတွေ့ရသည့် အခက်အခဲများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ပြန်လည်နေရာချထားပေးမည့်နေရာအတွက် အောက်တိုဘာလ(၇)ရက်နေ့တွင် မဲနှိုက်၍ နေရာရွေးချယ်ပေးသွားမည် ဖြစ်ပြီး အောက်တိုဘာလ(၁၀) ရက်နေ့တွင် ပြောင်းရွှေ့မှုပြုလုပ်ရန် ကနဦးအစီအစဉ်ရှိထားကြောင်း သိရသည်။

နေရာရွှေ့ပြောင်းရောင်းချရန်အတွက် မိမိတို့လက်ရှိပိုင်ဆိုင်ထားသည့် အမည်ပေါက်ဆိုင်ခန်းများအား ပိတ်သိမ်း ရမည်မဟုတ်ဘဲ အသား/ငါး မဟုတ်သည့် အခြားရောင်းကုန်ပစ္စည်းများအား ဆက်လက် ရောင်းချခွင့်ပြုထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနထံမှ သိရသည်။

သတင်း၊ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~