ေက်ာက္မဲၿမိဳ႕အဝင္ တိုးဂိတ္တြင္ တရားမဝင္ သစ္သယ္ေဆာင္လာသည့္ ခရီးသည္တင္ကား ဖမ္းဆီးရမိ

ေက်ာက္မဲၿမိဳ႕အဝင္ တိုးဂိတ္တြင္ တရားမဝင္ သစ္သယ္ေဆာင္လာသည့္ ခရီးသည္တင္ကား ဖမ္းဆီးရမိ
စက်တင်ဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕အဝင္ Oriental Highway တိုးဂိတ္တြင္ စက္တင္ဘာလ (၂၄)ရက္ နံနက္(၁)နာရီခန္႔က ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔ႏွင့္ပူးေပါင္းအဖြဲ႔က ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ တရားမဝင္ သစ္မ်ားသယ္ေဆာင္လာသည့္ မႏၱေလး-လားရိႈး-မူဆယ္ ခရီးသည္တင္ယာဥ္တစ္စီး ဖမ္းဆီးရမိေၾကာင္း သိရသည္။

“ၿမိဳ႕အဝင္/အထြက္မွာရွိတဲ့ အိုရီယမ္တယ္တိုးဂိတ္မွာ ပိတ္ဆို႔စစ္ေဆးရွာေဖြမႈေတြ ျပဳလုပ္ေနတဲ့အခ်ိန္မွာ မသကၤာဖြယ္ရာ ခရီးသည္တင္မွန္လံုယာဥ္ကို တားဆီးၿပီး ရွာေဖြစစ္ေဆးတဲ့အခါ ခရီးသည္ထိုင္ခံုေတြ ေအာက္က ၾကမ္းခင္းထဲမွာ သိုဝွက္သယ္ေဆာင္လာတဲ့ တမလန္းသစ္ခြဲသားေတြနဲ႔ သစ္တံုးေတြကို ရွာေဖြ ေတြ႔ရွိ သိမ္းဆည္း ရမိခဲ့တာျဖစ္ပါတယ္။ ယာဥ္ေမာင္းနဲ႔ယာဥ္အကူကိုေတာ့ ဥပေဒအရ ဆက္လက္ အေရးယူဖို႔ လုပ္ေဆာင္ေနပါတယ္” ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ နယ္ထိန္းတပ္ဖြဲ႔ေခါင္းေဆာင္ ဒုရဲအုပ္ ေကာင္းျမတ္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔၊ နယ္ေျမခံတပ္ဖြဲ႕ႏွင့္ သက္ဆိုင္ရာတပ္ဖြဲ႔တို႔ ပါဝင္သည့္ပူးေပါင္းအဖြဲ႔ျဖင့္ ၿမိဳ႕အဝင္/အထြက္ ရွိ အိုရီယမ္တယ္ဟိုင္းေဝး တိုးဂိတ္အနီး ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ဖမ္းစီး ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခရီးသည္တင္ကား၏ ၾကမ္းခင္းေအာက္တြင္ဝွက္၍ သယ္ေဆာင္လာသည့္ တမလန္းသစ္ဓားေရြတံုးမ်ားႏွင့္ ပိေတာက္/တမလန္းသစ္ခြဲသား(အေခ်ာထည္)ဆိုဒ္စံု စုစုေပါင္းအေလးခ်ိန္ (၀.၆၈၈၄)တန္အား ရွာေဖြ ေတြ႔ရိွရသျဖင့္ အဆိုပါကားႏွင့္ ယာဥ္ေမာင္း၊ယာဥ္ေနာက္လုိက္တို႔အား ဖမ္းဆီးထားၿပီး ခရီးသည္မ်ားအား ခရီးဆက္လက္ထြက္ခြာႏိုင္ရန္ စီစဥ္ေပးခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့အဝင် Oriental Highway တိုးဂိတ်တွင် စက်တင်ဘာလ (၂၄)ရက် နံနက်(၁)နာရီခန့်က ကျောက်မဲမြို့မရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့က ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေစဉ် တရားမဝင် သစ်များသယ်ဆောင်လာသည့် မန္တလေး-လားရှိုး-မူဆယ် ခရီးသည်တင်ယာဉ်တစ်စီး ဖမ်းဆီးရမိကြောင်း သိရသည်။

“မြို့အဝင်/အထွက်မှာရှိတဲ့ အိုရီယမ်တယ်တိုးဂိတ်မှာ ပိတ်ဆို့စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်နေတဲ့အချိန်မှာ မသင်္ကာဖွယ်ရာ ခရီးသည်တင်မှန်လုံယာဉ်ကို တားဆီးပြီး ရှာဖွေစစ်ဆေးတဲ့အခါ ခရီးသည်ထိုင်ခုံတွေ အောက်က ကြမ်းခင်းထဲမှာ သိုဝှက်သယ်ဆောင်လာတဲ့ တမလန်းသစ်ခွဲသားတွေနဲ့ သစ်တုံးတွေကို ရှာဖွေ တွေ့ရှိ သိမ်းဆည်း ရမိခဲ့တာဖြစ်ပါတယ်။ ယာဉ်မောင်းနဲ့ယာဉ်အကူကိုတော့ ဥပဒေအရ ဆက်လက် အရေးယူဖို့ လုပ်ဆောင်နေပါတယ်” ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းတပ်ဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ကောင်းမြတ်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့မရဲတပ်ဖွဲ့၊ နယ်မြေခံတပ်ဖွဲ့နှင့် သက်ဆိုင်ရာတပ်ဖွဲ့တို့ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် မြို့အဝင်/အထွက် ရှိ အိုရီယမ်တယ်ဟိုင်းဝေး တိုးဂိတ်အနီး ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဖမ်းစီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသည်တင်ကား၏ ကြမ်းခင်းအောက်တွင်ဝှက်၍ သယ်ဆောင်လာသည့် တမလန်းသစ်ဓားရွေတုံးများနှင့် ပိတောက်/တမလန်းသစ်ခွဲသား(အချောထည်)ဆိုဒ်စုံ စုစုပေါင်းအလေးချိန် (ဝ.၆၈၈၄)တန်အား ရှာဖွေ တွေ့ရှိရသဖြင့် အဆိုပါကားနှင့် ယာဉ်မောင်း၊ယာဉ်နောက်လိုက်တို့အား ဖမ်းဆီးထားပြီး ခရီးသည်များအား ခရီးဆက်လက်ထွက်ခွာနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~