အစားအေသာက္ေဘးကင္းလံုၿခံဳေရးအတြက္ မေကြးတိုင္းအတြင္း၌ ေ႐ြ႕လ်ားဓာတ္ခြဲခန္းျဖင့္ စစ္ေဆးေဆာင္႐ြက္ေန

အစားအေသာက္ေဘးကင္းလံုၿခံဳေရးအတြက္ မေကြးတိုင္းအတြင္း၌ ေ႐ြ႕လ်ားဓာတ္ခြဲခန္းျဖင့္ စစ္ေဆးေဆာင္႐ြက္ေန
စက်တင်ဘာ 21, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီးအတြင္း ၿမိဳ႕နယ္ (၅)ခုတြင္ အစားအေသာက္ ေဘးကင္းလံုၿခံဳေရး ပထမဆံုးအႀကိမ္ ေရွ႕ေျပး စီမံခ်က္အျဖစ္ ေ႐ြ႔လ်ားဓာတ္ခြဲခန္းယာဥ္ျဖင့္ လက္ေတြ႔စမ္းသပ္အေျဖ႐ွာျခင္းအား အစားအေသာက္ႏွင္႔ ေဆး၀ါးကြပ္ကဲမႈဦးစီးဌာန (FDA )က စတင္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဆိုပါ ေရွ႕ေျပးစီမံခ်က္အား စက္တင္ဘာလ (၁၆) ရက္ေန႔ကစတင္ေနၿပီး မေကြးၿမိဳ႕နယ္၊ ပြင္႔ျဖဴၿမိဳ႕နယ္၊ ေအာင္လံ ၿမိဳ႕နယ္၊ ေရနံေခ်ာင္းၿမိဳ႕နယ္ႏွင့္ ပခုကၠဴ ၿမိဳ႕နယ္မ်ားအတြင္း စက္႐ံုမ်ား၊ ေစ်းမ်ားမွ ကုန္ပစၥည္းမ်ား ၀ယ္ယူၿပီး ေရြ႕လ်ားဓာတ္ခြဲခန္းယာဥ္တြင္ လက္ေတြ႔စမ္းသပ္အေျဖရွာ၊ ထုတ္ျပန္ျခင္းကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ အခုေ႐ွ႕ေျပး ပေရာဂ်က္ စစ္ေဆးခ်က္ေတြကေန အေျဖေတြ ထုတ္ျပန္သြားပါမယ္။ ေနာက္ထပ္ ပေရာဂ်က္ ေတြ အမ်ားႀကီးလုပ္ဖို႔႐ွိပါတယ္။ စိုက္ပ်ိဳးေရးဦးစီးဌာနနဲ႔ခ်ိတ္ဆက္ၿပီး လယ္ကြင္းထဲထိ ဆင္းသင္႔ရင္ဆင္းမယ္။ စိုက္ပ်ိဳးသီးႏွံေတြမွာ အႏၱရာယ္ကင္းဖို႔ ပညာေပးအစီအစဥ္ေတြ ၊ အေရးယူမႈေတြ ဘာလုပ္မလဲဆိုတာေတြအတြက္ ေနာက္ထပ္ ပေရာဂ်က္ ေတြအမ်ားႀကီးလုပ္ႏိုင္ဖို႔ ဒါက ေ႐ွ႕ေျပး ပေရာဂ်က္ပါ ”ဟု FDA မေကြးတိုင္းတာ၀န္ခံ ေဒါက္တာျပည့္ထူး က တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ေျပာသည္။

အဆုိပါေရွ႕ေျပးစီမံခ်က္အတြက္ ေနျပည္ေတာ္မွ မိုဘိုင္းလ္အေနျဖင္႔လာေရာက္စစ္ေဆးျခင္းျဖစ္ၿပီး ေနျပည္ေတာ္မွ ညႊန္ၾကားေရးမွဴး (အစားအေသာက္)ဦးစီးသည့္ပညာ႐ွင္၀န္ထမ္း(၁၀)ဦး ၊ FDA ၊ စားသံုးသူေရးရာဦးစီးဌာန ၊ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႔ ၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ၊ စိုက္ပ်ိဳးေရးဦးစီးဌာန ၊ စက္မႈႀကီးၾကပ္ေရးႏွင့္ စိစစ္ေရးဦးစီးဌာနတာ၀န္႐ွိသူမ်ား ပူးေပါင္းပါ၀င္ေၾကာင္း သိရသည္။

“အၿမဲတမ္းစစ္ေပးႏိုင္ရင္ေတာ႔ ျပည္သူေတြက လံုၿခံဳတာေပါ႔။ အပတ္စဥ္ကြင္းဆင္းစစ္ေဆးၿပီး သံသယျဖစ္စရာေတြ ေတြ႔ေပမဲ့ ဓာတ္ခြဲခန္းမ႐ွိတဲ႔အတြက္ စီမံခန္႔ခြဲမႈနည္းနဲ႔ အႏၱရာယ္႐ွိ ကုန္ပစၥည္းေရာင္းခ်ေနတာကို တားျမစ္တာေတြ မလုပ္ႏိုင္ေသးဘူး။ ပညာေပးတာ ၊ သတိေပးမွတ္တမ္းတင္လက္မွတ္ထိုးတာမ်ိဳးပဲ လုပ္ႏိုင္ေသးတယ္။ မေကြးတိုင္းေဒသႀကီးမွာ ေရြ႕လ်ားဓာတ္ခြဲခန္း႐ွိလာရင္ အမ်ားႀကီးအက်ိဳး႐ွိလာမယ္ ” ဟု စားသံုးသူေရးရာဦးစီးဌာန ၊ ဒုတိယတိုင္းဦးစီးမွဴး ေဒၚေအးေအးမိုးက ေျပာသည္။

မေကြးတုိင္းေဒသႀကီးအတြက္ ေရြ႕လ်ားဓာတ္ခြဲခန္းရရိွေရးကို တုိင္းေဒသႀကီးအစိုးရထံ တင္ျပထားေၾကာင္း သိရသည္။

“ အေရးယူမႈအပိုင္းကေတာ႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႔နဲ႔ အျခား Policy Makers ေတြရဲ႕ ဆံုးျဖတ္ခ်က္ အတိုင္း ဆက္လုပ္သြားမွာပါ။ အႏၱရာယ္႐ွိတဲ႔အစားအေသာက္ေတြကို ဘယ္သူကမွ စားသံုးသူလက္ထဲ မေရာက္ေစခ်င္ဘူးဆိုေတာ႔ အေရးယူမႈအပိုင္းေတြက ပါလာမွာပါ။ မေကြးတိုင္းအတြက္လည္း Mobile Lab ယာဥ္တစ္စီး ရ႐ွိဖို႔တင္ျပထားပါတယ္ ” ဟု ေဒါက္တာျပည့္ထူးက ေျပာသည္။

ျပည္သူမ်ားအား စားသံုးသူအသိပညာေပးလုပ္ငန္းမ်ား၊ စစ္ေဆးမႈ၊ အေရးယူမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း စစ္ေဆးေရးအဖြဲ႔ထံမွ သိရသည္။

သတင္း/ဓာတ္ပံု -  #ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၅)ခုတွင် အစားအသောက် ဘေးကင်းလုံခြုံရေး ပထမဆုံးအကြိမ် ရှေ့ပြေး စီမံချက်အဖြစ် ရွေ့လျားဓာတ်ခွဲခန်းယာဉ်ဖြင့် လက်တွေ့စမ်းသပ်အဖြေရှာခြင်းအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA )က စတင်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ရှေ့ပြေးစီမံချက်အား စက်တင်ဘာလ (၁၆) ရက်နေ့ကစတင်နပြေီး မကွေးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ အောင်လံ မြို့နယ်၊ ရေနံချောင်းမြို့နယ်နှင့် ပခုက္ကူ မြို့နယ်များအတွင်း စက်ရုံများ၊ ဈေးများမှ ကုန်ပစ္စည်းများ ဝယ်ယူပြီး ရွေ့လျားဓာတ်ခွဲခန်းယာဉ်တွင် လက်တွေ့စမ်းသပ်အဖြေရှာ၊ ထုတ်ပြန်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ အခုရှေ့ပြေး ပရောဂျက် စစ်ဆေးချက်တွေကနေ အဖြေတွေ ထုတ်ပြန်သွားပါမယ်။ နောက်ထပ် ပရောဂျက် တွေ အများကြီးလုပ်ဖို့ရှိပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနနဲ့ချိတ်ဆက်ပြီး လယ်ကွင်းထဲထိ ဆင်းသင့်ရင်ဆင်းမယ်။ စိုက်ပျိုးသီးနှံတွေမှာ အန္တရာယ်ကင်းဖို့ ပညာပေးအစီအစဉ်တွေ၊ အရေးယူမှုတွေ ဘာလုပ်မလဲဆိုတာတွေအတွက် နောက်ထပ် ပရောဂျက် တွေအများကြီးလုပ်နိုင်ဖို့ ဒါက ရှေ့ပြေး ပရောဂျက်ပါ ”ဟု FDA မကွေးတိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူး က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါရှေ့ပြေးစီမံချက်အတွက် နပြေည်တော်မှ မိုဘိုင်းလ်အနဖြေင့်လာရောက်စစ်ဆေးခြင်းဖြစ်ပြီး နပြေည်တော်မှ ညွှန်ကြားရေးမှူး (အစားအသောက်)ဦးစီးသည့်ပညာရှင်ဝန်ထမ်း(၁၀)ဦး၊ FDA၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စိစစ်ရေးဦးစီးဌာနတာဝန်ရှိသူများ ပူးပေါင်းပါဝင်ကြောင်း သိရသည်။

“အမြဲတမ်းစစ်ပေးနိုင်ရင်တော့ ပြည်သူတွေက လုံခြုံတာပေါ့။ အပတ်စဉ်ကွင်းဆင်းစစ်ဆေးပြီး သံသယဖြစ်စရာတွေ တွေ့ပေမဲ့ ဓာတ်ခွဲခန်းမရှိတဲ့အတွက် စီမံခန့်ခွဲမှုနည်းနဲ့ အန္တရာယ်ရှိ ကုန်ပစ္စည်းရောင်းချနေတာကို တားမြစ်တာတွေ မလုပ်နိုင်သေးဘူး။ ပညာပေးတာ၊ သတိပေးမှတ်တမ်းတင်လက်မှတ်ထိုးတာမျိုးပဲ လုပ်နိုင်သေးတယ်။ မကွေးတိုင်းဒေသကြီးမှာ ရွေ့လျားဓာတ်ခွဲခန်းရှိလာရင် အများကြီးအကျိုးရှိလာမယ် ” ဟု စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ်အေးအေးမိုးက ပြောသည်။

မကွေးတိုင်းဒေသကြီးအတွက် ရွေ့လျားဓာတ်ခွဲခန်းရရှိရေးကို တိုင်းဒေသကြီးအစိုးရထံ တင်ပြထားကြောင်း သိရသည်။

“ အရေးယူမှုအပိုင်းကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အခြား Policy Makers တွေရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လုပ်သွားမှာပါ။ အန္တရာယ်ရှိတဲ့အစားအသောက်တွေကို ဘယ်သူကမှ စားသုံးသူလက်ထဲ မရောက်စေချင်ဘူးဆိုတော့ အရေးယူမှုအပိုင်းတွေက ပါလာမှာပါ။ မကွေးတိုင်းအတွက်လည်း Mobile Lab ယာဉ်တစ်စီး ရရှိဖို့တင်ပြထားပါတယ် ” ဟု ဒေါက်တာပြည့်ထူးက ပြောသည်။

ပြည်သူများအား စားသုံးသူအသိပညာပေးလုပ်ငန်းများ၊ စစ်ဆေးမှု၊ အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - #ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~