ကယားလူမ်ိဳးမ်ား၏ အဲဒိုေပၚမီပြဲအား ဒီးကူပြဲဟု မသုံးႏႈန္းရန္ တိုက္တြန္း

ကယားလူမ်ိဳးမ်ား၏ အဲဒိုေပၚမီပြဲအား ဒီးကူပြဲဟု မသုံးႏႈန္းရန္ တိုက္တြန္း
စက်တင်ဘာ 27, 2017
By Tachileik News Agency

ကယားလူမ်ိဳးမ်ား၏ ႏွစ္စဥ္က်င္းပေနက် ရုိးရာပြဲတစ္ခုျဖစ္သည့္ အဲဒိုေပၚမီ ပြဲေတာ္အား ဒီးကူပြဲဟု သံုးႏႈန္းေနျခင္းမွာ ပြဲေတာ္တစ္ခုလံုးအား ကိုယ္စားမျပဳသျဖင့္ အဲဒိုေပၚမီပြဲဟုသာ အျပည့္အစုံေခၚေဝၚ သုံးစြဲသြားၾကရန္ ကယားအမ်ိဳးသားအဖြဲ႕အစည္းမ်ားမွ စက္တင္ဘာလ (၂၇) ရက္ေန႔တြင္ ျပဳလုပ္သည့္ ကယားအမ်ိဳးသားစုေပါင္းရုိးရာ အဲဒိုေပၚမီပြဲ အခမ္းအနားတြင္ တိုက္တြန္းလိုက္သည္။

ကယားျပည္နယ္ရွိ ကယားလူမ်ိဳးမ်ား၏ ထင္ရွားေသာ ပြဲေတာ္တစ္ခုျဖစ္သည့္ အဲဒိုေပၚမီပြဲေတာ္မွ ရိုးရာ စားစရာ ဒီးကူထုပ္၏ အမည္ကို ပြဲေတာ္အမည္အျဖစ္ ေခၚေဝၚသံုးစြဲေနသျဖင့္ ယင္းကဲ့သုိ႔ ဆံုးျဖတ္လုိက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

❛ အမ်ားသိေနၾကတာက ဒီးကူပြဲေပါ့။ ဒီးကူဆိုတာ အဲဒိုေပၚမီရဲ႕ အမွတ္လကၡဏာ အစိတ္အပိုင္းတစ္ခုသာ ျဖစ္ပါတယ္။ အဲဒိုေပၚမီလို႔ေျပာရင္ ဒီးကူဟာလည္း မပါမျဖစ္ပါ။ အမ်ားအမွတ္မွားေနၾကတာက ဒီးကူပြဲေပါ့။ ဒါကလည္း ကြ်န္ေတာ္တို႔ အမ်ိဳးသားေတြရဲ႕ အားနည္းခ်က္လည္း ျဖစ္ႏိုင္ပါတယ္။ ေရွးယခင္က မိမိတို႔ရဲ႕ အစဥ္အလာကို ထုတ္ေဖာ္ေျပာဖို႕ အခက္အခဲျဖစ္ေနတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီးကူပြဲလို႕ အလြယ္တကူေခၚရာကေန တျခားတိုင္းရင္းသား ညီအစ္ကိုေတြကလည္း ဒီးကူပြဲဆိုၿပီး အစဥ္တစိုက္ ေျပာဆိုလာၾကတာေပါ့။ ဒါေၾကာင့္ ဒီးကူပြဲ မဟုတ္ပါဘူး။ အဲဒိုေပၚမီ ျဖစ္ပါတယ္ဟု ကယားစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီဥကၠဌ ခူးပလူးရယ္က ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕နယ္ ေထးငွားလ်ားေက်းရြာတြင္ က်င္းပေနသည့္ အဲဒိုေပၚမီပြဲေတာ္ကာလအတြင္း စက္တင္ဘာလ (၂၅) ရက္ႏွင့္ (၂၆) ရက္ေန႔မ်ားတြင္ နယ္ပယ္အသီးသီးမွ ကယားလူမ်ိဳးမ်ားစုေပါင္း စည္းေဝးၿပီး ပြဲေတာ္အမည္အသံုးအႏႈန္းအမွန္ျဖစ္ေစေရး တိုက္တြန္းသြားရန္ ဆံုးျဖတ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

❛ ကြ်န္ေတာ္ သိထားတာ ဒီးကူပြဲပဲ။ ဒီလိုပဲ ေခၚၾကတာေပါ့။ ဒီပြဲကလည္း အရမ္း ထင္ရွားပါတယ္။ ဒီးကူဆိုတာ ဒီပြဲရဲ႕စားစရာ ပစၥည္း တစ္ခုရဲ႕နာမည္ပဲေပါ ့။ အဲဒိုေပၚမီ ဆိုတာကမွ ဒီပြဲတစ္ခုလုံးကို လႊမ္းျခံဳၿပီးေခၚရာ ေရာက္တယ္ေပါ့။ အခုမွသိလိုက္ရတာေပါ့ေလ။ ကြ်န္ေတာ္တို႕ေလးစားရမယ္ ။ တိုင္းရင္းသားတိုင္းကို ဒါေၾကာင့္ ေနာက္ဆို ကြ်န္ေတာ္ ဒီးကူပြဲ လို႕မေခၚေတာ့ဘူး အဲဒိုေပၚမီပြဲ လို႕ပဲ ေခၚေတာ့မွာေပါ့ဟု ပြဲတက္ေရာက္လာသူတစ္ဦးက ေျပာသည္။

(၆) ႀကိမ္ေျမာက္ ကယားအမ်ိဳးသားစုေပါင္း အဲဒိုေပၚမီ ပြဲေတာ္အား စက္တင္ဘာလ (၂၅) ရက္ေန႕မွ (၂၇) ရက္ေန႔အထိ လိြဳင္ေကာ္ၿမိဳ႕နယ္ ေထးငွားလ်ားေက်းရြာတြင္ က်င္းပေနျခင္းျဖစ္ၿပီး ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ဝင္မ်ား၊ ဘာသာေရးေခါင္းေဆာင္မ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ ၿငိမ္းခ်မ္းေရးအဖြဲ႕အစည္းမ်ား၊ ေဒသခံမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားလူမျိုးများ၏ နှစ်စဉ်ကျင်းပနေကျ ရိုးရာပွဲတစ်ခုဖြစ်သည့် အဲဒိုပေါ်မီ ပွဲတော်အား ဒီးကူပွဲဟု သုံးနှုန်းနခြေင်းမှာ ပွဲတော်တစ်ခုလုံးအား ကိုယ်စားမပြုသဖြင့် အဲဒိုပေါ်မီပွဲဟုသာ အပြည့်အစုံခေါ်ဝေါ် သုံးစွဲသွားကြရန် ကယားအမျိုးသားအဖွဲ့အစည်းများမှ စက်တင်ဘာလ (၂၇) ရက်နေ့တွင် ပြုလုပ်သည့် ကယားအမျိုးသားစုပေါင်းရိုးရာ အဲဒိုပေါ်မီပွဲ အခမ်းအနားတွင် တိုက်တွန်းလိုက်သည်။

ကယားပြည်နယ်ရှိ ကယားလူမျိုးများ၏ ထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည့် အဲဒိုပေါ်မီပွဲတော်မှ ရိုးရာ စားစရာ ဒီးကူထုပ်၏ အမည်ကို ပွဲတော်အမည်အဖြစ် ခေါ်ဝေါ်သုံးစွဲနေသဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

❛ အများသိနကြေတာက ဒီးကူပွဲပေါ့။ ဒီးကူဆိုတာ အဲဒိုပေါ်မီရဲ့ အမှတ်လက္ခဏာ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ အဲဒိုပေါ်မီလို့ပြောရင် ဒီးကူဟာလည်း မပါမဖြစ်ပါ။ အများအမှတ်မှားနကြေတာက ဒီးကူပွဲပေါ့။ ဒါကလည်း ကျွန်တော်တို့ အမျိုးသားတွေရဲ့ အားနည်းချက်လည်း ဖြစ်နိုင်ပါတယ်။ ရှေးယခင်က မိမိတို့ရဲ့ အစဉ်အလာကို ထုတ်ဖော်ပြောဖို့ အခက်အခဲဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီးကူပွဲလို့ အလွယ်တကူခေါ်ရာကနေ တခြားတိုင်းရင်းသား ညီအစ်ကိုတွေကလည်း ဒီးကူပွဲဆိုပြီး အစဉ်တစိုက် ပြောဆိုလာကြတာပေါ့။ ဒါကြောင့် ဒီးကူပွဲ မဟုတ်ပါဘူး။ အဲဒိုပေါ်မီ ဖြစ်ပါတယ်❜ဟု ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ခူးပလူးရယ်က ပြောသည်။

လွိုင်ကော်မြို့နယ် ထေးငှါးလျားကျေးရွာတွင် ကျင်းပနေသည့် အဲဒိုပေါ်မီပွဲတော်ကာလအတွင်း စက်တင်ဘာလ (၂၅) ရက်နှင့် (၂၆) ရက်နေ့များတွင် နယ်ပယ်အသီးသီးမှ ကယားလူမျိုးများစုပေါင်း စည်းဝေးပြီး ပွဲတော်အမည်အသုံးအနှုန်းအမှန်ဖြစ်စေရေး တိုက်တွန်းသွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

❛ ကျွန်တော် သိထားတာ ဒီးကူပွဲပဲ။ ဒီလိုပဲ ခေါ်ကြတာပေါ့။ ဒီပွဲကလည်း အရမ်း ထင်ရှားပါတယ်။ ဒီးကူဆိုတာ ဒီပွဲရဲ့စားစရာ ပစ္စည်း တစ်ခုရဲ့နာမည်ပဲပေါ့။ အဲဒိုပေါ်မီ ဆိုတာကမှ ဒီပွဲတစ်ခုလုံးကို လွှမ်းခြုံပြီးခေါ်ရာ ရောက်တယ်ပေါ့။ အခုမှသိလိုက်ရတာပေါ့လေ။ ကျွန်တော်တို့လေးစားရမယ်။ တိုင်းရင်းသားတိုင်းကို ဒါကြောင့် နောက်ဆို ကျွန်တော် ဒီးကူပွဲ လို့မခေါ်တော့ဘူး အဲဒိုပေါ်မီပွဲ လို့ပဲ ခေါ်တော့မှာပေါ့❜ဟု ပွဲတက်ရောက်လာသူတစ်ဦးက ပြောသည်။

(၆) ကြိမ်မြောက် ကယားအမျိုးသားစုပေါင်း အဲဒိုပေါ်မီ ပွဲတော်အား စက်တင်ဘာလ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ လွိုင်ကော်မြို့နယ် ထေးငှါးလျားကျေးရွာတွင် ကျင်းပနခြေင်းဖြစ်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ဒေသခံများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~